TIME Magazine ရဲ့ ၂၀၂၁ အတွက် ဩဇာအရှိန်အဝါအကြီးအမားဆုံးက ကုမ္ပဏီစာရင်းမှာ ပါဝင်လာခဲ့တဲ့ HYBE

HYPE Labels ကတော့ TIME Magazine မှ ထုတ်ပြန်ကြေညာလိုက်တဲ့ ၂၀၂၁ အတွက် ဩဇာအရှိန်အဝါအကြီးမားဆုံး ကုမ္ပဏီများစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ TIME ဟာ ဩဇာအရှိန်အဝါအကြီးမားဆုံး ကုမ္ပဏီမ (၁၀၀) စာရင်းကို အမျိုးအစား၅ မျိုးခွဲကာ ထုတ်ပြန်ပေးခဲ့တာပါ။

Pioneers, Leaders, Innovators, Titans, နဲ့ Disruptors စသဖြင့် အမျိုးအစားခွဲခြားခဲ့ပြီး ကမ္ဘာတစ်ဝှမ်း အကျိုးသက်ရောက်မှု အများဆုံး စီးပွါးရေးလုပ်ငန်းတွေကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ TIME ဟာ ကျန်းမာရေးစောင့်ရှောက်မှု၊ ကူးသန်းဆက်သွယ်ရေးနဲ့ အနုပညာဖျော်ဖြေမှု စတဲ့ ကဏ္ဍအသီးသီးက လုပ်ငန်းများထဲမှ လူထုအပေါ် အကျိုးသက်ရောက်မှု၊ ဦးဆောင်မှု၊ ရည်မှန်းချက် နဲ့ အောင်မြင်မှု စတဲ့ အချက်အလက်တွေအပေါ်မူတည်ပြီး ဒီစာရင်းကို ထုတ်ပြန်ပေးခဲ့တာပါ။

ဘယ်အခန်းကဏတွေမှာ ဘယ်ကုမ္ပဏီတွေ ရွေးချယ်ခံခဲ့ရတယ်ဆိုတာလည်း ဥပမာအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

  • Leaders: NBA, Twitter, Sony, Johnson & Johnson
  • Innovators: Nintendo, Netflix, Zoom, Ikea, Adidas
  • Titans: Amazon, Google, Walmart, Tencent, Disney
  • Disruptors: DoorDash, OnlyFans, Robinhood, Tesla, GoFundMe

Pioneers ဆိုတဲ့ Category မှာတော့ Savage X Fenty, Roblox, Headspace, Beyond Meat စတဲ့ ကုမ္ပဏီများအပါအဝင် HYPE ကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ HYPE မှာတော့ အားလုံးသိကြတဲ့အတိုင်း BTS, SEVENTEEN, TXT, ENHYPEN, GFRIEND စတဲ့ အနုပညာရှင်တို့ပါဝင်ပါတယ်။

မကြာသေးမီကပဲ HYPE ဟာ Justin Bieber နဲ့ Ariana Grande တို့ရဲ့ မိခင်ကုမ္ပဏီ Ithaca Holdings နဲ့လည်း ပူးပေါင်းခဲ့ပါတယ်။ HYPE Labels ကတော့ ၎င်းရဲ့ အနုပညာလောကအပေါ်မှာ သက်ရောက်တဲ့ အင်အားကိုပြသလျက်ရှိပြီး အသစ်အစသစ်သော စံချိန်တွေ၊ အသိအမှတ်ပြုခြင်းခံရမှုတွေနဲ့ မှတ်တိုင်တွေကိုလည်း စိုက်ထူလျက်ရှိပါတယ်။

CONGRATULATIONS HYPE!

Source: Koreboo
Photo: Naver
Written: Gyi Gyi

Share