‘2021 Billboard Music Awards’ ရဲ့ ဆန်ကာတင်ဆုစာရင်းရှင်များ ဖြစ်လာတဲ့ BTS, BLACKPINK နှင့် SEVENTEEN

အစဉ်အလာကြီးမားတဲ့ Billboard Music Awards ကရဲ့ 2021 အတွက် ဆုပေးပွဲကို မေလ ၂၃ ရက်နေ့မှာ ကျင်းပသွားမှာပဲ ဖြစ်ပါတယ်။ “2021 Billboard Music Awards” မှာ ချီးမြှင့်သွားမယ့် ဆုများရဲ့ ဆန်ကာတင်စာရင်း ကိုလည်း ကြေညာပေးခဲ့ပါတယ်။ ဒီစာရင်းမှာတော့ Kpop အဖွဲ့များဖြစ်တဲ့ BTS, BLACKPINK နဲ့ SEVENTEEN တို့ပါဝင်လာခဲ့ပါတယ်။

BTS အဖွဲ့ကတော့ ဆုနေရာ ၄ နေရာအတွက်တောင် ဆန်ကာတင်စာရင်း ဝင်ခဲ့တာပဲ ဖြစ်ပါတယ်။ Top Song Sales Artist, Top Selling Song, Top Duo/Group နဲ့ Top Social Artist စတဲ့ ဆုအမျိုးအစားတွေအတွက်ပဲ ဖြစ်ပါတယ်။

BTS အပြင် ရွေးချယ်ခံခဲ့ရတဲ့ အဖွဲ့တွေကတော့ BLACKPINK နဲ့ SEVENTEEN တို့ပဲ ဖြစ်ပါတယ်။ BLACKPINK နဲ့ SEVENTEEN တို့ဟာ Top Social Artist ဆုအမျိုးအစားမှာ ဆန်ကာတင်ရွေးချယ်ခြင်း ခံထားရတာပဲဖြစ်ပါတယ်။

“2021 Billboard Music Awards” ရဲ့ ဆန်ကာတင်စာရင်း ကြေညာချက်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

  • 1. Top Song Sales Artist

  • 2. Top Selling Song

  • 3. Top Duo/Group

  • 4. Top Social Artist

ဒီလို အစဉ်အလာကြီးမားတဲ့ ဆုပေးပွဲရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်လာတာတင် တကယ့်ကို ဂုဏ်ယူစရာတစ်ခုပါ။ အားလုံးအတွက် CONGRATULATIONS ပါ။

Source: Allkpop
Photo: Billboard Music Awards
Written: Gyi Gyi

Share