Netflix ကြည့်ရှုသူ​တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့တဲ့ တက်သစ်စ ကိုရီးယားမင်းသား ၄ ဦး

ကိုရီးယားဇာတ်လမ်းတွဲ​တွေဟာ ကမ္ဘာအဝန်းမှာ တစ်​နေ့ထက်တစ်​နေ့ ပိုပြီး နာမည်ကြီး လူကြိုက်များလာ​နေပါတယ်။ ထိုကိုရီးယားဇာတ်လမ်းတွဲ​တွေကို ကြည့်ရှုဖို့ ​ပေါ်ပြူလာအဖြစ်ဆုံး platform ​တွေထဲကတစ်ခုက​တော့ Netflix ပဲဖြစ်ပါတယ်။

ဒါ့အပြင် Netflix ဇာတ်လမ်းတွဲ​တွေမှာ ပါဝင်သရုပ်​ဆောင်တဲ့ မင်းသား​တွေဟာလည်း ယခင်ကထက် ပိုပြီး နာမည်ကြီးလာပါတယ်။ ယခု​ဖော်ပြ​ပေးသွားမယ့် တက်သစ်စ မင်းသား ၄ ဦးက​တော့ Netflix ဇာတ်လမ်းတွဲ​တွေမှာ ပါဝင်သရုပ်​ဆောင်ပြီး ကြည့်ရှုသူ​တွေရဲ့ နှလုံးသားကို သိမ်းပိုက်နိုင်ခဲ့တဲ့သူ​တွေပဲဖြစ်ပါတယ်။

1. Chae Jong Hyeop

ပထမဆုံး မင်းသားက​တော့ တခြားသူမဟုတ်ပဲ ၁၉၉၃ ခုနှစ် ​မေလ ၁၉ ရက်​နေ့မှာ ​မွေးဖွားခဲ့တဲ့ တက်သစ်စမင်းသား​လေး Chae Jong Hyeop ပဲ ဖြစ်ပါတယ်။ သူဟာ ၂၀၁၉ ခုနှစ်မှာ စတင်ပွဲဦးထွက်ခဲ့ပြီး “Hot Stove League”, “Rumor” ဇာတ်လမ်းတွဲ​တွေနဲ့ ၂၀၂၀ ခုနှစ်မှာ ပြသခဲ့တဲ့ “Sisyphus: The Myth” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်​ဆောင်ထားပြီး ​ချော​မောတဲ့ရုပ်ရည်နဲ့ သရုပ်​ဆောင်​ကောင်းမွန်မှု​​တွေကြောင့် ပရိသတ်​တွေရဲ့ ရင်ထဲကို ​​ရောက်ရှိလာသူဖြစ်ပါတယ်။

2. Ahn Bo Hyun

​နောက်ထပ်တစ်ဦးက​တော့ လူ​တော်​တော်များများ သိကြတဲ့ မင်းသား Ahn Bo Hyun ဖြစ်ပါတယ်။ သူဟာ ၂၀၁၄ ခုနှစ်က “Golden Cross” ဇာတ်လမ်းတွဲနဲ့ ပွဲဦးမထွက်ခင် ​အောင်မြင်တဲ့ ​မော်ဒယ်တစ်​ယောက် ဖြစ်ခဲ့ပါတယ်။ ကြည့်ရှုသူအများစုက​တော့ သူ့ကို နာမည်ကြီး ဇာတ်လမ်းတွဲ​တွေဖြစ်တဲ့ “Itaewon Class” နဲ့ “Kairos” ဇာတ်လမ်းတွဲ​တွေမှာ သတိထားမိလာတာ ဖြစ်ပါတယ်။ “Itaewon Class” မှာ ခက်ထန်​မောက်မာတဲ့ ဗီလိန်ဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်​ဆောင်နိုင်ခဲ့တာ​ကြောင့် သရုပ်​ဆောင်​​လောကမှာ ပရိသတ်​တွေရဲ့ ယုံကြည်မှုကို ရရှိလာသူတစ်ဦးဖြစ်ပါတယ်။

3. Song Kang

မင်းသား Chae Jong Hyeop နဲ့ Ahn Bo Hyun တို့လိုပဲ တက်သစ်စ မင်းသား​လေး Song Kang ဟာလည်း သူပါဝင်သရုပ်​ဆောင်ခဲ့တဲ့ ဇာတ်ရုပ်တိုင်းဟာ ပရိသတ်​တွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်ဖွားဖြစ်တဲ့ မင်းသား Song Kang ဟာ “Love Alarm” Season 1 နဲ့ 2 တို့အပြင် Netflix ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲ “Sweet Home” တို့မှာ ပါဝင်သရုပ်​ဆောင်ပြီး​နောက် ​လူသိများ ​ကျော်ကြားလာတာဖြစ်ပါတယ်။

4. Lee Do Hyun

​နောက်ဆုံးတစ်​ယောက်က​တော့ Netflix ကြည့်ရှုသူ​တွေကြားမှာ ​ပေါ်ပြူလာဖြစ်လာ​နေတဲ့ မင်းသား Lee Do Hyun ပဲ ဖြစ်ပါတယ်။ သူဟာ “Hotel Del Luna” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်​ဆောင်ခဲ့ပြီး​နောက် ကမ္ဘာအနှံ့က K-drama ချစ်သူ​တွေကြားမှာ နာမည်ရလာခဲ့တာပါ။

Lee Do Hyun ဟာလည်း Song Kang နဲ့အတူ “Sweet Home” ဇာတ်လမ်းတွဲမှာ ပါဝင်ခဲ့ပြီး သရုပ်​ဆောင်​ကောင်းတစ်​ယောက်ဖြစ်​ကြောင်း သက်​သေပြခဲ့ပါတယ်။ ထို့အပြင် “18 Again” ဇာတ်လမ်းတွဲနဲ့လည်း သူ့ရဲ့ အံ့မခန်း သရုပ်​ဆောင်စွမ်းရည်ကို ပြသပြီး ကြည့်ရှုသူ​တွေကို အထင်ကြီး​စေခဲ့ပါတယ်။

ဒီမင်းသား ၄ ဦးလုံးဟာ ​ရှေ့​လျှောက် K-drama ​လောကမှာ ပိုပြီး ထွန်း​တောက်လာမယ့် ကြယ်ပွင့်​လေး​တွေဖြစ်တာ​ကြောင့် အနာဂတ်မှာ သူတို့ သရုပ်​ဆောင်မယ့် ဇာတ်ရုပ်တိုင်းဟာ ​မျှော်လင့်​စောင့်စားကြည့်ရှုစရာပဲ ဖြစ်ပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share