YouTube သမိုင်းမှာ ကြီးကျယ်တဲ့ မှတ်တမ်းသစ်​တစ်ခုကို ရေးထိုးလိုက်တဲ့ TWICE အဖွဲ့

K-Pop မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ TWICE က​တော့ YouTube သမိုင်းမှာ မှတ်တမ်းသစ်ကို ​ရေးထိုးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါက​တော့ YouTube က ​ပေးအပ်တဲ့ Diamond Creator Award ကို ရရှိသွားတာ ဖြစ်ပါတယ်။

ထို့ကြောင့် ဧပြီလ ၃၀ ရက်​နေ့တုန်းက TWICE အဖွဲ့ဟာ ပရိသတ်​တွေကို ​ကျေးဇူးတင်စကား​ပြောထားတဲ့ ဗီဒီယိုတစ်ခုကို မျှ​​ဝေခဲ့ပါတယ်။ အဲ့ဒီ ဗီဒီယိုထဲမှာ အဖွဲ့ဝင်​တွေဟာ ထိုဆုကို ပရိသတ်​တွေထံ ထုတ်​ဖော်ပြသခဲ့သလို အဖွဲ့ဝင်တစ်​ယောက်ချင်းစီ ဆုကို ကိုင်ကြည့်ခဲ့ကြပါတယ်။

YouTube Creator Awards (သို့) YouTube Play Buttons (သို့) YouTube Plaques လို့ လူသိများကြတဲ့ ဒီဆုဟာ YouTube မှာ ​ပေါ်ပြူလာဖြစ်ပြီး လူကြိုက်များတဲ့ channel တည်​ထောင်သူ​တွေကို ​​ချီးမြှင့်တာဖြစ်ပါတယ်။

Diamond Creator Award ဟာဆိုရင် subscriber ​ပေါင်း ၁၀ သန်း​ကျော်တဲ့ channel ​တွေကိုသာ ​ပေးအပ်တာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလအထိ ဒီဆုကို ရရှိတဲ့ channel ​ပေါင်း ၈၄၁ ခုသာ ရှိပါ​သေးတယ်။ ဒါ့အပြင် TWICE ဟာ ဒီဆုကို ရရှိတဲ့ ၄ ခု​မြောက် K-Pop အဖွဲ့လည်း ဖြစ်ပါတယ်။

TWICE ရဲ့ အ​ရှေ့မှာ BLACKPINK, BTS, နဲ့ BIGBANG တို့က ဒီဆုကို ရရှိခဲ့တာပါ။ ​ယခုနှစ် မေလ ၁ ရက်​နေ့ထိ TWICE ရဲ့ YouTube channel ကို subscribe လုပ်သူ​ စုစု​ပေါင်း ၁၀.၅ သန်း​ကျော် ရှိပြီဖြစ်ပါတယ်။ Congratulations ပါ TWICE ​ရေ…

Source : Soompi
Photo : Pinterest
Written : ZL

Share