မျက်နှာခွဲစိတ်ပြုပြင်ထားတယ်ဆိုတဲ့ မဟုတ်မမှန်မှတ်ချက်တွေကို BLACKPINK’s Jisoo ရဲ့ တုန့်ပြန်ချက်

အောင်မြင်ကျော်ကြားလာတာနဲ့အမျှအတိုက်အခိုက်တွေရှိလာစမြဲပဲဖြစ်လို့ BLACKPINK ရဲ့ Jisoo နဲ့ ပတ်သက်ပြီးလည်း မဟုတ်မမှန်ကောလဟာလသတင်းတွေ ထွက်လာခဲ့ပြန်ပါတယ်။ ဒါကတော့ Jisoo ဟာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်ထားတယ်ဆိုတဲ့ သတင်းမှားတွေပါပဲ။

ဒီသတင်းမှားတွေကတော့ လွန်လေပြီးသောကာလတွေကတည်းက Jisoo ကိုပြောဆိုခဲ့ကြတာဖြစ်ပြီး လက်ရှိမှာလည်း “Snowdrop” ဇာတ်လမ်းတွဲမှာ မင်းသမီးအဖြစ်ပါဝင်ရိုက်ကူးနေစဥ် တဖန်ပေါ်ထွက်လာခဲ့တာလည်းဖြစ်ပါတော့တယ်။

တကယ်တော့ BLACKPINK အဖွဲ့ဝင်တစ်​ယောက်ဖြစ်သူ Jisoo ဟာ အလှဆုံးသော Kpop အမျိုးသမီးအဆိုရှင်အဖြစ် မကြာခဏနာမည်ရရှိထားသူလေးဖြစ်ပါတယ်။ တချို့သော အလှအပဆိုင်ရာကျွမ်းကျင်သူတွေကဆိုရင် Jisoo ရဲ့ မျက်နှာအချိုးအဆဟာ “perfect harmony” လို့ တင်စားရလောက်တဲ့အထိ အနောက်တိုင်းနဲ့ အရှေ့တိုင်းအလှအပစံနှုန်းတွေ အချိုးကျကျရောစပ်နေတဲ့အလှအပဖြစ်ကြောင်း ကောက်ချက်ချကြပါတယ်။

ပရိသတ်တော်တော်များများကတော့ Jisoo ဟာ လှပသူလေးတစ်ယောက်ဖြစ်ကြောင်း လက်ခံထားကြပေမဲ့ တချို့တလေကတော့ သူမဟာ လှပတဲ့မျက်နှာအချိုးအစားရအောင် ခွဲစိတ်ပြုပြင်ထားတယ်လို့ပြောဆိုခဲ့ကြတာပါ။

အခြားအနုပညာရှင်တွေနည်းတူ မဟုတ်မမှန်ကောလဟာလသတင်းတွေ​ထွက်ပေါ်လာပေမဲ့လည်း Jisoo ကတော့ “ကျွန်မဟာ အခုချိန်မှာတော့ Kpop လောကရဲ့ နာမည်ကြီးအဖွဲ့တစ်ခုရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လာပေမဲ့ ကျွန်မရဲ့မျက်နှာနဲ့ ပင်ကိုစရိုက်ဟာ ပြောင်းလဲခြင်းမရှိဘဲ အရင်ကလို တသတ်မတ်တည်းပါပဲ။ ကျွန်မကိုယ်တိုင်နဲ့ပတ်သက်ပြီး ဘာတစ်ခုကိုမှ ပြောင်းလဲထားခြင်းမရှိပါဘူး” လို့ တုန့်ပြန်ပြောဆိုခဲ့ပါတယ်။

“Snowdrop” ဇာတ်လမ်းတွဲမှာ ပါဝင်ရိုက်ကူးရင်း သရုပ်ဆောင်နယ်ပယ်ဖက်ကို ခြေချခဲ့တဲ့ Jisoo ဟာ သဘာဝအလှပိုင်ရှင်တစ်ယောက်ဖြစ်ကြောင်း အားလုံးကချေပပြောဆိုခဲ့ကြပါတယ်။ BLACKPINK အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်ခါနီး ပေါ်ထွက်လာခဲ့တဲ့ Jisoo ရဲ့ ငယ်ဘဝဓာတ်ပုံလေးဟာဆိုရင် အလယ်တန်းကျောင်းသူဘဝတုန်းက ရိုက်ကူးထားတဲ့ ကျောင်းသားမှတ်တမ်းဓာတ်ပုံလေးပဲဖြစ်ပါတယ်။

ထိုပုံထဲမှာတော့ Jisoo ဟာ ဆံပင်ဂုတ်ဝဲလေးကိုမှ ဆံမြိတ်ထူထူလေးချထားတာကြောင့် ယခုအချိန်မှာ ပြောင်းလဲသွားခဲ့တဲ့ Jisoo ရဲ့ပုံစံနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။ BLINKs တွေကတော့ Jisoo ဟာ ငယ်ငယ်လေးကလည်းက သဘာဝအတိုင် နှာတံမြင့်မြင့်၊ နှာတံပေါ်ပေါ်လေးကို ပိုင်ဆိုင်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

ဒါတင်မက သူမရဲ့ နှုတ်ခမ်းပါးပါးလေးဟာ အရင်ကလိုပဲ လေးကိုင်းသဏ္ဍာန်ကွေးညတ်ရင်း လှပနေဆဲပဲလို့ပါ ဖြည့်စွက်ပြောခဲ့ကြတာပါ။ ငယ်စဥ်ဘဝ ကျောင်းတက်တုန်းကတော့ ပါးဖောင်းဖောင်းလေးနဲ့ ကလေးလေးအသွင်အပြင်ဖြစ်ပေမဲ့ ယခုအချိန်မှာတော့ လူငယ်မိန်းမပျိုလေးဖြစ်လာတဲ့အပြင် များပြားလှစွာသော အလုပ်တွေကြောင့်ပါ ပိန်ပိန်သွယ်သွယ်အလှပဂေးလေးအဖြစ် မြင်တွေ့နေရတာလည်းဖြစ်ပါတော့တယ်။

သေသေချာချာစေ့စေ့စပ်စပ်ကြည့်ကြည့်မယ်ဆိုရင် Jisoo ဟာ ငယ်ရုပ်နဲ့တစ်ပုံစံတည်းဖြစ်နေတာကို မြင်တွေ့ရမှာပါ။ V-shape ပုံစံမေးရိုး၊ လေးကိုင်းသဏ္ဍာန်နှုတ်ခမ်းပါးလေးနဲ့ နှာတံမြင့်မြင့်လေးအပြင် လှပသေသပ်တဲ့မျက်လုံးလေးတစ်စုံကတော့ Jisoo လေးရဲ့ ဘာတစ်ခုမှပြုပြင်ပြောင်းလဲထားခြင်းမရှိတဲ့ သဘာဝအလှတရားကို သက်သေခံနေပါတော့တယ်။ အဆိုတော်အဖြစ်ကော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို အရှိန်အဟုန်နဲ့လုပ်ကိုင်နေတဲ့ Jisoo လေးကိုတော့ အများကြီးပိုချစ်ပြီး အားပေးရပါဦးမယ်။

Source: kpopstarz
Photos: BLACKPINK Update
Written: Nay Chi

Share