BLACKPINK ရဲ့ Lisa နဲ့ တူအောင် ငွေကြေးအများအပြားအကုန်အကျခံပြီး ခွဲစိတ်ပြုပြင်ခဲ့တဲ့ BLINK တစ်ဦး

BLACKPINK ရဲ့ အောင်မြင်ကျော်ကြားလာမှုရဲ့အကျိုးဆက်ကတော့ ပရိသတ်အမြောက်အမြားက သီချင်းကောင်းတွေကိုနားဆင်လာရသလို တစ်ဖက်မှာလည်း BLACKPINK ကို လွန်စွာမှ စွဲလန်းမြတ်နိုးမိသူတွေကလည်း အဖွဲ့ဝင် ၄ ယောက်ရဲ့ ပုံစံအတိုင်းပြင်ဆင်ရင်း မိမိတို့ရဲ့ချစ်ခင်ခြင်းကိုပြသခဲ့ကြတာပါ။

ဧပြီလအတွင်းမှာတော့ BLACKPINK ရဲ့ Lisa ကို အရူးအမူးကိုကြိုက်နှစ်သက်တဲ့ ဗီယက်နမ် BLINK လေးတစ်ယောက်ဟာဆိုရင် Lisa နဲ့တူအောင် ငွေကြေးအမြောက်အမြားအကုန်အကျခံပြီး ခွဲစိတ်ပြုပြင်ခြင်းပြုလုပ်ခဲ့တဲ့အကြောင်းက ဟိုးလေးတကျော်ဖြစ်ခဲ့ပါတယ်။

BLACKPINK ရဲ့ အကြီးစားပရိသတ်တစ်ယောက်ဖြစ်သူ အဆိုပါမိန်းကလေးဟာ $6,200 ကျော် (မြန်မာကျပ်ငွေ သိန်း ၉၀ နီးပါး) အကုန်အကျခံပြီး Cosmetic Surgery ပြုလုပ်ခဲ့ကာ Lisa နဲ့တူအောင် ပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

Vietnam Girl

ယခုအချိန်မှာဆိုရင် Kpop အနုပညာရှင်တွေဟာ တောင်ကိုရီးယားနိုင်ငံမှာတင်မကဘဲ ကမ္ဘာတစ်ဝှမ်းကလူငယ်တော်တော်များများရဲ့ အလှအပဆိုင်ရာပြုပြင်ခြယ်သမှုတွေအတွက် စံနမူနာဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာမှ Kpoper တွေကလည်း သူတို့အားပေးရာ အနုပညာရှင်တွေနဲ့တူအောင် မျက်နှာကိုပြုပြင်တာမျိုးတွေ၊ အလှအပဆိုင်ရာပြင်ဆင်တာမျိုးတွေဖြစ်တဲ့ cosmetic surgery ကို ပြုလုပ်လာကြတာလည်းဖြစ်ပါ​တော့တယ်။ ဗီယက်နမ်သတင်းဋ္ဌာနတစ်ခုဖြစ်တဲ့ YAN မှ BLACKPINK’s Lisa နဲ့တူအောင် ပလတ်စတစ်ဆာဂျရီပြုလုပ်ခဲ့တဲ့ကောင်မလေးရဲ့ပုံလေးနဲ့အတူ သတင်းတစ်ပုဒ်တင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါကောင်မလေးကတော့ BLINK အကြီးစားတစ်ယောက်ဖြစ်ပြီး အထူးသဖြင့် Lisa ကို ချစ်ခင်သူလေးဖြစ်လို့ Lisa လေးရဲ့ရုပ်ရည်သွင်ပြင်နဲ့တူအောင် ငွေကြေးအမြောက်အမြားအကုန်ကျခံပြီး ခွဲစိတ်ခဲ့တယ်လို့ဆိုပါတယ်။

$6,240 ကျော် ကုန်ကျခဲ့တဲ့ ပြုပြင်မှုပြီးတဲ့နောက် သူမရဲ့ selfies ပုံလေးတွေကို social media မှာတင်ခဲ့ပြီး Lisa နဲ့ဆင်တဲ့ သူမရဲ့ပုံစံသစ်ကို ထုတ်ပြခဲ့တာပါ။ သူမဟာ Lisa နဲ့ ချွတ်စွပ်တူညီသွားတာမျိုးမဟုတ်ပေမဲ့ တစ်ချို့ကတော့ Lisa နဲ့ ဆင်သွားတဲ့အရာတွေရှိတယ်လို့မှတ်ချက်ပေးခဲ့ကြပါတယ်။

ဆာဂျရီလုပ်ပြီးတဲ့နောက် ထင်ရှားတဲ့မျက်ရစ်နှစ်ထပ်၊ သေးသွယ်တဲ့နှာတံ၊ မျက်လုံးကြီးကြီးလေးအပြင် ထူထဲတဲ့နှုတ်ခမ်းတစ်စုံကတော့ Lisa နဲ့ ဆင်တယ်လို့ဆိုကြပါတယ်။ အဆိုပါပရိသတ်ကတော့ ငွေကြေးအမြောက်အများပေးပြီးပြုလုပ်ခဲ့တဲ့ ခွဲစိတ်မှုရလဒ်ကို ကျေနပ်နေပုံပါပဲ။

ကိုရီးယားအင်တာနက်အသုံးပြုသူတွေကြားမှာတော့ ဗီယက်နမ်မလေးရဲ့သတင်းဟာ လူပြောများခဲ့ကြပြီး ကောင်းမွန်တဲ့မှတ်ချက်ပေးတာမျိုးရှိခဲ့သလို တချို့ကလည်း Lisa နဲ့ တူတာမရှိဘူးလို့ ပြောဆိုခဲ့ကြပါသေးတယ်။

BLACKPINK ရဲ့ Lisa ကတော့ သူမရဲ့ကိုယ်ပိုင်အလှနဲ့ ကိုယ်ပိုင်အရည်အချင်းကို ကောင်းမွန်စွာအသုံးချနိုင်သူပါရမီရှင်လေးဖြစ်တာကြောင့် သဘောကျအားပေးတဲ့ပရိသတ်တွေအများအပြားရှိပြီး ခွဲစိတ်ပြုပြင်ခဲ့တဲ့ဗီယက်နမ်မလေးကတော့ သူမရဲ့ချစ်ခင်မြတ်နိုးမှုကို ပုံစံတစ်မျိုးနဲ့သက်သေထူပြသလိုက်တာလည်းဖြစ်ပါတော့တယ်။

Source: kstarlive
Photos: BLACKPINK Daily
Written: Nay Chi

Share