၁၀ နှစ်ကြာ လက်တွဲခဲ့တဲ့ ​အေဂျင်စီက နှုတ်ထွက်ပြီး YG နဲ့ စာချုပ်ချုပ်လိုက်တဲ့ Apink အဖွဲ့ဝင် Naeun

Apink အဖွဲ့ရဲ့ ​အေဂျင်စီဖြစ်တဲ့ Play M Entertainment ဟာ ယခင်အပတ်က Apink အဖွဲ့ဝင်တစ်​ယောက်လည်းဖြစ်၊ သရုပ်​ဆောင်မော်ဒယ်တစ်​ယောက်လည်းဖြစ်တဲ့ Son Naeun ဟာ စာချုပ်သက်တမ်းပြည့်သွားတဲ့အတွက် ​အေဂျင်စီက​နေ နှုတ်ထွက်သွားပြီဖြစ်​ကြောင်း ​ကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။

Apink အဖွဲ့ရဲ့ အခြားအဖွဲ့ဝင် ၅ ဦးဖြစ်တဲ့ Chorong, Yoon Bomi, Jung Eun Ji, Namjoo နဲ့ Hayoung တို့က​တော့ Play M Entertainment နဲ့ စာချုပ်အသစ်ထပ်မံချုပ်ဆိုခဲ့ပါတယ်။ ဒါ​ပေမဲ့ ​အေဂျင်စီက Apink ဟာ အဖွဲ့ဝင် ၆ ​ယောက်လုံးနဲ့ အနုပညာလှုပ်ရှားမှု​တွေ ဆက်လုပ်သွားမှာဖြစ်​ကြောင်း ​အခိုင်အမာ​ပြောခဲ့ပြီး ပရိသတ်​တွေရဲ့ စိုးရိမ်ပူပန်မှုကို ​ဖြေ​လျော့​ပေးခဲ့ပါတယ်။

ထိုသို့ Son Naeun တစ်​ယောက် Play M က​နေ နှုတ်ထွက်လိုက်တဲ့​နေ့မှာပဲ YG Entertainment နဲ့ စာချုပ်ချုပ်ဖို့ ​ဆွေး​နွေး​နေတယ်ဆိုပြီး သတင်း​​တွေထွက်​ပေါ်လာခဲ့ပါတယ်။ အခု​တော့ ဒီသတင်းဟာ အတည်ဖြစ်သွားခဲ့ပါပြီ။​မေလ ၃ ရက်​နေ့မှာ YG Entertainment က​နေ “အရည်အချင်းများစွာရှိတဲ့ Son Naeun က ကျွန်​တော်တို့နဲ့ လက်တွဲ​ပေးလို့ ဝမ်းသာပါတယ်။

Son Naeun အ​နေနဲ့ အခုအချိန်မှာ မင်းသမီးတစ်ဦးအ​နေနဲ့ ဘဝသစ်စတင်ဖို့ အ​ရေးကြီးတဲ့အချိန်ဖြစ်​နေတာ​ကြောင့် သူမ အစွမ်းရှိသမျှ လုပ်​ဆောင်နိုင်ဖို့ ကျွန်​တော်တို့ဘက်ကလည်း အပြည့်အဝ ကူညီ​ထောက်ပံ့​ပေးသွားမှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်​ကြေငြာလိုက်ပါတယ်။

Son Naeun ဟာ YG ကို idol တစ်​ယောက်အ​နေနဲ့ မဟုတ်ပဲ မင်းသမီးတစ်ဦးအ​နေနဲ့ စာချုပ်ချုပ်လိုက်တာ ဖြစ်ပါတယ်။ Son Naeun ဟာ ၂၀၁၁ ခုနှစ်မှာ Apink အဖွဲ့ဝင်အ​နေနဲ့ ပွဲဦးထွက်ခဲ့ပြီး ဂီတ၊ variety show၊ ဇာတ်လမ်းတွဲ​နဲ့ ရုပ်ရှင်ကားစတဲ့ နယ်ပယ်အသီးသီးမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။

သူမဟာ “Childless Comfort,” “Second 20s,” “Cinderella and the Four Knights,” နဲ့ “Dinner Mate” စတဲ့ ဇာတ်လမ်းတွဲ​တွေမှာ ပါဝင်သရုပ်​ဆောင်ခဲ့ဖူးပါတယ်။ ယခုနှစ်မှာလည်း Jeon Do Yeon, Ryu Jun Yeol တို့အပြင် အခြားသရုပ်​ဆောင်​တွေနဲ့အတူ “Disqualified as a Human” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်​ဆောင်သွားမှာဖြစ်ပါတယ်။

တစ်ဖက်မှာ YG Entertainment ဟာလည်း Yoo In Na, Kang Dong Won, Lee Sung Kyung, Cha Seung Won, Kim Hee Ae နဲ့ Jang Ki Yong စတဲ့ နာမည်ကြီး မင်းသားမင်းသမီးများစွာနဲ့ လက်တွဲအလုပ်လုပ်​နေတဲ့ ​အေဂျင်စီတစ်ခုဖြစ်ပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share