ARMY တို့ကို ချိုမြိန်မှုတွေပေးသွားမယ့် Butter ရဲ့ အချိန်ဇယား အသေးစိတ်

BTS အဖွဲ့ကတော့ ARMY တို့ဆီ Butter ဆိုတဲ့ သီချင်းသစ်နဲ့အတူ ပြန်လာတော့မှာပဲ ဖြစ်ပါတယ်။ BTS အဖွဲ့ရဲ့ သီချင်းသစ် BUTTER ကိုတော့ မေလ ၂၁ ရက်နေ့ ကိုရီးယား စံတော်ချိန် နေ့လည် ၁ နာရီမှာ ပရိသတ်တွေရှေ့မှောက်ကို ချပြသွားမှာဖြစ်ပါတယ်။

“BUTTER” ကတော့ မြူးမြူးကြွကြွ dance pop သီချင်းအမျိုးအစား ဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့ သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒါ့ကြောင့် ကမ္ဘာတစ်ဝှမ်း အောင်မြင်မှုတွေ သိမ်းပိုက်ခဲ့တဲ့ “Dynamite” ပြီးနောက် ဒုတိယ English language song ဖြစ်လာမှာပါ။

BTS ကတော့ BUTTER ထွက်ရှိမယ့် အချိန်ဇယား အသေးစိတ်ကိုလည်း ကြေညာပေးခဲ့ပါတယ်။ မေလ ၂ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ Concept clip တွေ ချပြပေးသွားမှာပါ။ ထို့နောက် မေလ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ပထမအသုတ် Teaser ပုံတွေ ထုတ်ပေးသွားမှာ ဖြစ်ပြီး မေလ ၁၇ ရက်နေ့မှာတော့ ဒုတိယအသုတ် Teaser ပုံ ထုတ်ပေးသွားမှာပါ။

ဒါ့အပြင် မေလ ၁၉ ရက်နေ့မှာတော့ “BUTTER” ရဲ့ MV Teaser ကို ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ နားထောင်သူတွေကို ချိုမြိန်မှုတွေ ပေးသွားအုံးမယ့် “BUTTER” အတွက်တော့ ရင်ခုန်နေရပါပီ။

Source: Soompi
Photo: Bighit Music
Written: Gyi Gyi

Share