ယခုနှစ် ​မေလအတွင်း ​တောင်ကိုရီးယားနိုင်ငံမှာ ဂုဏ်သတင်းအ​ကျော်ကြားဆုံး K-Pop ​​ယောကျ်ား​လေးအဖွဲ့များ

​တောင်ကိုရီးယားနိုင်ငံ လုပ်ငန်းစုများ၏ ဂုဏ်သတင်းဆိုင် ရာ အဖွဲ့အစည်းမှ ​ယခုနှစ် ​မေလအတွက် K-Pop ​ယောကျ်ား​လေးအဖွဲ့များရဲ့ ဂုဏ်သတင်း​ကျော်ကြားမှု အဆင့်​တွေ big data analysis နဲ့ သု​တေသနပြုလုပ်ပြီး ရလဒ်ကို ထုတ်ပြန်​​ကြေငြာလိုက်ပြီဖြစ်ပါတယ်။

ထိုအဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ ​​၂၀၂၁ ခုနှစ် မေလအတွက် ဂုဏ်သတင်း​အကျော်ကြားဆုံး ​ယောကျ်ား​လေးအဖွဲ့ ၁၀ ဖွဲ့က​တော့ BTS, NCT, Seventeen, Highlight, SHINee, EXO, ONF, ASTRO, The Boyz နဲ့ NU’EST တို့ပဲဖြစ်ပါတယ်။

BTS အဖွဲ့ဟာ အမှတ်​​ပေါင်း ၁၃,၆၃၀,၁၃၇ နဲ့ နံပါတ် ၁ ​နေရာမှာ ရပ်တည်​နေပြီး ခုလို ထိပ်ဆုံး​နေရာကို ဆက်တိုက်သိမ်းပိုက်ထားတာဟာ အခုဆိုရင် ၃၆ လ​ရှိပြီ ဖြစ်ပါတယ်။ BTS နဲ့ ပတ်သက်တဲ့ ရှာ​ဖွေမှုအများဆုံး keyword ​တွေက​တော့ “Billboard,” “YouTube” နဲ့ “Butter” စတာ​တွေပဲ ဖြစ်ပါတယ်။

NCT အဖွဲ့က​တော့ ၈ လဆက်တိုက် ဒုတိယ​နေရာမှာ ရပ်တည်​နေတာ ဖြစ်ပါတယ်။ ​ထို့အပြင် မေလအတွက် အမှတ်​ပေါင်း ၃,၄၈၂,၃၂၄ ကို ရရှိခဲ့တာပါ။ SEVENTEEN အဖွဲ့က​တော့ ယခုလအတွက် အမှတ်​ပေါင်း ၃,၂၁၅,၀၉၂ နဲ့ တတိယ​နေရာကို ဆက်လက်ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

Highlight အဖွဲ့က​တော့ ဧပြီလထက် ၃၅၅၀.၂၇% တိုးတက်လာပြီး အမှတ်​ပေါင်း ၂,၉၀၂,၁၈၅ နဲ့ စတုတ္ထ​နေရာကို တစ်ဟုန်ထိုး တက်လာခဲ့တာဖြစ်ပြီး SHINee အဖွဲ့က​တော့ အမှတ်​ပေါင်း ၂,၁၄၉,၅၆၄ နဲ့ နံပါတ် ၅ ​နေရာကို ​ရရှိပြီး ထိပ်ဆုံး ၅ ဖွဲ့ထဲမှာ ပါဝင်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ​မေလအတွက် ဂုဏ်သတင်းအ​ကျော်ကြားဆုံး ​ယောကျ်ား​​လေးအဖွဲ့ ၃၀ က​တော့ ​အောက်ပါအတိုင်းဖြစ်ပါတယ်။

  • 1. BTS

  • 2. NCT

  • 3 SEVENTEEN

  • 4. Highlight

  • 5. SHINee

  • 6. EXO
  • 7. ONF
  • 8. ASTRO
  • 9. THE BOYZ
  • 10. NU’EST

  • 11. BTOB
  • 12. ENHYPEN
  • 13. TXT
  • 14. TREASURE
  • 15. Super Junior

  • 16. Stray Kids
  • 17. ATEEZ
  • 18. SF9
  • 19. WINNER
  • 20. MONSTA X

  • 21. Shinhwa
  • 22. BIGBANG
  • 23. MIRAE
  • 24. AB6IX
  • 25. INFINITE

  • 26. BAE173
  • 27. PENTAGON
  • 28. withus
  • 29. 2PM
  • 30. VERIVERY

Source : Soompi
Photo : Pinterest
Written : ZL

Share