Joseon Exorcist နဲ့ Snow Drop ကို ကန့်ကွက်ဖို့ အသနားခံစာ​တွေအတွက် အိမ်ပြာ​တော်ရဲ့ တုံ့ပြန်ချက်က..

SBS ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ “Joseon Exorcist” ဇာတ်လမ်းတွဲဟာ ၂၀၂၁ ခုနှစ် မတ်လ ၂၂ ရက်​နေ့မှာ စတင်ထုတ်လွှင့်ခဲ့ပြီး သမိုင်း​ကြောင်းကို မှားယွင်းစွာ ​ဖော်ပြခြင်း၊ တရုတ်ရိုးရာ အစားအစာ​တွေနဲ့ ​လက်မှုပစ္စည်း​တွေကို ထည့်သွင်းအသုံးပြုထားခြင်း​တွေ​ကြောင့် ​ဝေဖန်မှု​တွေ ခံခဲ့ရပြီး အပိုင်း ၂ ပိုင်းသာ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။

အလားတူပဲ JTBC က ထုတ်လွှင့်မယ် “Snow Drop” ဇာတ်လမ်းတွဲရဲ့ ဇာတ်ညွှန်းဟာလည်း ဇာတ်​ကောင်​တွေရဲ့ သမိုင်း​ကြောင်းကို မှားယွင်း​ဖော်ပြ​နေတယ်လို့ ​ဝေဖန်ခံ​နေရပြီး ဇာတ်လမ်းကို မထုတ်လွှင့်ဖို့ အိမ်ပြာ​တော်ကို အသနားခံစာ​တွေတင်ခဲ့ကြပါတယ်။ ယခု​အခါမှာတော့ ထိုဇာတ်လမ်းတွဲ ၂ ခုကို ကန့်ကွက်​ဖို့ နိုင်ငံ့အဝှမ်းက ​ပေးပို့လာတဲ့ အသနားခံစာ​တွေနဲ့ ပတ်သက်ပြီး အိမ်ပြာ​တော်က တုံ့ပြန်လိုက်ပြီ ဖြစ်ပါတယ်။

အိမ်ပြာ​တော် (သို့) Cheongwadae က ထိုကိစ္စနဲ့ ပတ်သက်လို့ စာတစ်​​စောင် ထုတ်ပြန်​ကြေငြာလိုက်ပြီး ထိုစာထဲမှာ ရိုးရာယဉ်က​ေျးမှုကို တတ်ကျွမ်းနားလည်တဲ့ ပညာရှင်​တွေနဲ့​ရော ပြည်သူ​လူထုနဲ့ပါ ​ဆက်သွယ်ပြီး ယဉ်က​ေျးမှုကို ပိုမိုခိုင်မာ​စေမယ့် နည်းလမ်း​ပေါင်းစုံကို ​​ဖော်ထုတ်ဖို့ ​ဆွေး​နွေးတိုင်ပင်သွားမယ်လို့ ​ပြောထားပါတယ်။

တစ်ဖက်မှာလည်း ရုပ်သံထုတ်လွှင့်မှုဆိုင်ရာရဲ့ အပိုဒ်ခွဲ ၄ မှာ ရုပ်သံထုတ်လွှင့်မှုဆိုင်ရာ လွတ်လပ်ခွင့်ကို အာမခံ​ပေးရမယ်လို့ ပါရှိထားတဲ့အတွက် အိမ်ပြာ​တော်အ​နေနဲ့ လွတ်လပ်စွာ​ဖော်ပြခွင့်ကို မတားဆီးမိ​အောင် သတိထားကိုင်တွယ်​ဖြေရှင်းရမှာဖြစ်ပါတယ်။

အစိုးရအ​နေနဲ့ ယဉ်က​ေျးမှုနဲ့ သမိုင်း​ကြောင်းကို ထိန်းသိမ်းရမှာ ဖြစ်သလို ဖန်တီးသူ​တွေ၊ ထုတ်လုပ်သူ​​တွေရဲ့ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုနဲ့ လွတ်လပ်စွာ ​​တွေး​ခေါ်ဖန်တီးနိုင်စွမ်း​တွေကို မပိတ်ပင်မိဖို့လည်း သတိပြုရမှာဖြစ်ပါတယ်။

Source : Kdramastars
Photo : Naver
Written : ZL