မင်းသမီး Lee Da Hee ကို Island ဇာတ်လမ်းတွဲရဲ့ ဇာတ်​​ဆောင်မင်းသမီး​အဖြစ် မြင်​တွေ့နိုင်​တော့မှာလား

​မေလ ၁၇ ရက်​နေ့မှာ Sports Donga သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ မင်းသမီး Lee Da Hee ဟာ “Island” ဇာတ်လမ်းတွဲရဲ့ ဇာတ်​ဆောင်မင်းသမီး​နေရာအတွက် ကမ်းလှမ်းခံထားရတယ်လို့ သိရှိရပါတယ်။ ဒါဟာ ယခင်က မင်းသမီး Seo Ye Ji ကို ကမ်းလှမ်းခဲ့တဲ့ ဇာတ်ရုပ်ပါပဲ။

ဇာတ်လမ်းတွဲရဲ့ ထုတ်လုပ်သူ​တွေဟာ မင်းသမီး Lee Da Hee နဲ့ ဒီဇာတ်ရုပ်နဲ့ အံဝင်ခွင်ကျဖြစ်​ကြောင်း ​ထောက်ပြခဲ့ကြတယ်လို့ ဆိုပါတယ်။ သူမရဲ့ ​အေဂျင်စီဖြစ်တဲ့ Santa Claus Entertainment က​တော့ “Lee Da Hee ဟာ ‘Island’ ဇာတ်လမ်းတွဲမှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပြီး ​​အ​ကောင်းဘက်က သုံးသပ်​နေပါတယ်” လို့ Newsen သတင်းဌာနကို ​ပြောကြားခဲ့ပါတယ်။

“Island” ဇာတ်လမ်းတွဲဟာ နာမည်တူ webtoon ​ပေါ်ကို အ​ခြေခံထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာ အဆုံးမရှိတဲ့ ကျိန်စာသင့်ဘဝကို အဆုံးသတ်ဖို့အတွက် မိန်းမတစ်ဉီးရဲ့ အကူအညီကို လိုအပ်​နေတဲ့ ​Pan အမည်ရှိ ယောကျ်ားတစ်​ယောက်နဲ့ မှင်စာ​တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံ​နေရတဲ့ သူ​ဌေးသမီး Won Mi Ho တို့ရဲ့ အ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ အပနှင်တဲ့ John ဆိုတဲ့ ဘုန်း​တော်ကြီးတစ်ပါး​ကြောင့် ​တွေ့ဆုံမိကြပြီး ထိုဘုန်း​တော်ကြီးဟာ မိန်းက​လေးတစ်​ယောက်ကို မကာကွယ်နိုင်ခဲ့လို့ သူ့ကိုယ်သူ အပြစ်တင်စိတ်ဝင်​နေတဲ့သူတစ်​ယောက် ဖြစ်ပါတယ်။ သူတို့ ၃ ဦးဟာ သာယာလှပ​ပေမဲ့ မ​ကောင်းဆိုးဝါးရဲ့ စွမ်းအင်​တွေရှိ​နေတဲ့ ကျွန်း​ပေါ်ကို ​ရောက်ရှိသွားကြပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ကာကွယ်​ပေးပုံ​တွေကို သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။

မင်းသား Kim Nam Gil က ​ခေါင်း​ဆောင်မင်းသား Pan ​နေရာမှာ ပါဝင်ဖို့ အတည်ပြုလိုက်ပြီဖြစ်ပြီး ASTRO အဖွဲ့ဝင် Cha Eun Woo က​တော့ ဘုန်း​တော်ကြီး​နေရာမှာ သရုပ်​ဆောင်ဖို့ ​ဆွေး​နွေး​နေဆဲ ဖြစ်ပါတယ်။ ယခင်က မင်းသမီး Seo Ye Ji က Won Mi Ho ​ဇာတ်ရုပ်အတွက် ကမ်းလှမ်းခံခဲ့ရပြီး လတ်​တ​လော ဖြစ်​ပေါ်ခဲ့တဲ့ ပြဿနာ​တွေ​ကြောင့် ဇာတ်လမ်းက​နေ နုတ်ထွက်သွားခဲ့ပါတယ်။

“Island” ကို season ​တွေ အများကြီးခွဲကာ ရိုက်ကူးသွားဖို့ စီစဉ်ထားပြီး ဇာတ်​ဆောင်မင်းသမီး​နေရာအတွက် အတည်မပြုရ​သေးတဲ့အတွက်​ကြောင့် ထုတ်လွှင့်ဖို့ရက်ကို မသတ်မှတ်ရ​သေးပါဘူး။ Sports Donga ရဲ့ သတင်းထုတ်ပြန်ချက်အရ မူလစီစဉ်ထားတဲ့အတိုင်းဆို ဒီနှစ်ကုန်​လောက်မှာ လွှင့်ဖို့ ဖြစ်နိုင်​​ချေရှိတယ်လို့ ဆိုပါတယ်။ ပါဝင်မယ့် သရုပ်​ဆောင်​တွေ အတည်တကျဖြစ်သွားပြီဆိုတာနဲ့ လာမယ့် ​နွေရာသီမှာ ရိုက်ကူး​ရေးကို စတင်​တော့မယ်လို့လည်း ​ပြောထားပါတယ်။

Source : Soompi
Photo : Pinterest
Written : ZL

Share