“Golden Maknae” ဆိုတဲ့ နာမည်ကည Jungkook အပေါ်မှာ ဘယ်လိုဖိအားတွေရှိလဲ..

“Golden Maknae” ဆိုတာကတော့ BTS ရဲ့ Jungkook အတွက် အကျော်ကြားဆုံးနဲ့ ARMY တို့ရဲ့ အကြိုက်ဆုံး nickname လေးပါ။ ဒီနာမည်ဟာ Jungkook အတွက် အကျိုးသက်ရောက်မှုတွေ အများကြီးပေးတဲ့ နာမည်တစ်ခုလည်း ဖြစ်ပါတယ်။

သို့သော်လည်း Rolling Stone နဲ့ အင်တာဗျူးမှာတော့ Jungkook ဟာ “Golden Maknae” ဆိုတဲ့ နာမည်ရဲ့ ဖိအားတွေကို ပြောပြလာခဲ့ပါတယ်။ Jungkook ကိုတော့ “Kookie” “Bunny” စတဲ့ ချစ်စရာနာမည်အမျိုးမျိုးကိုလည်း ARMY တို့ကပေးထားပါသေးတယ်။

ဒီထဲကမှ ARMY တို့ ရဲ့ Jungkook အတွက် အနှစ်သက်ဆုံး နာမည်လေးကတော့ ” Golden Maknae” ဆိုတဲ့ နာမည်လေးပဲဖြစ်ပါတယ်။  အကြောင်းအရင်းကတော့ ဘက်စုံ ထူးချွန်ပြီး အရာရာကို ထိပ်တန်း​ဆောင်ရွက်နိုင်တဲ့ Jungkook အတွက် ဂုဏ်ပြုနာမည်လေးဆိုတာကြောင့် ဖြစ်ပါလိမ့်မယ်။

ဒီနာမည်လေးနဲ့ ပတ်သက်ပီးတော့ Rolling Stone က ဒီလိုပဲ မေးခွန်းထုတ်ခဲ့ပါတယ်။ “လူတွေကမင်းကို အရာရာမှာ ထူးချွန်တဲ့အတွက် Golden Maknae လို့ ခေါ်ကြတယ်။ ဒါပေမယ့် မင်းတစ်ခါပြောဖူးတာက ဒီနာမည်နဲ့ပတ်သက်ပီး ဖိအားတွေရှိတယ်လို့ ပြောခဲ့ဖူးတယ်။ ဟုတ်ရဲ့လား” လို့မေးခဲ့ပါတယ်။

ဒီအခါမှာတော့ Jungkook က ” လူတွေက ကျွန်တော့ကို မွေးရာပါတော်တာ၊ All-rounder” လို့ ပြောကြတယ်။ ဟုတ်ပါတယ်၊ ကျွန်တော် တကယ် မွေးရာပါ တော်တဲ့ အရာအချို့တော့လည်းရှိပါတယ်။ ဒါပေမယ့် အားလုံးတော့ မဟုတ်ပါဘူး။

ကြိုးစားအားထုတ်မှုရဲ့ ရလဒ်ကြောင့် ထူးချွန်လာခဲ့တဲ့ အပိုင်းတွေလည်းရှိပါတယ်။ မွေးရာပါထူးချွန်တယ်ဆိုတာက ကောင်းကြိုးနည်းနည်းပဲရှိတယ်လို့ ထင်တယ်။ ကျွန်တော်ကတော့ တကယ်ကြိုးစားအားထုတ်မှု၊ လုံ့လဝီရိယစိုက်ထုတ်ပီးမှ ထူးချွန်တဲ့သူဖြစ်ချင်တယ်။ ဒါမှလည်း ပိုပြီးတော့ တက်လမ်းများ တိုးတက်နိုင်မယ်လို့ ထင်တယ်” လို့ ပြောခဲ့ပါတယ်။

Source: Koreaboo
Photo: Rolling Stone
Written: 비

Share