Pepsi-Cola နဲ့ Cai XuKun တို့ပူးပေါင်းတင်ဆက်နေတဲ့ အမိုက်စား Event ပွဲကြီး

မေလ(၁၆)ရက်နေ့ကနေစတင်ကာ Pepsi-Cola Sugar-free နဲ့ Tmall Super Brand Day တို့ပူးပေါင်းဖန်တီးထားတဲ့ “Super Dare Space Station” ကို Guangzhou Wanlinghui မှာပြုလုပ်ကျင်းပလျက်ရှိပါတယ်။ အစီအစဉ်ရဲ့ရည်ရွယ်ချက်ကတော့ လူငယ်လူရွယ်များကိုဦးတည်ထားတာဖြစ်ပြီး ကြောက်ရွံ့မှုတွေမရှိတဲ့ကိုယ်ပိုင်နယ်နိမိတ်တစ်ခုကိုဖန်တီးရင်း ရဲဝံ့စွာအစဉ်အမြဲတုံ့ပြန်နိုင်ဖို့ဖြစ်တယ်လို့ သိရပါတယ်။

Pepsi-Cola Sugar-Free ရဲ့ Brand Spokesperson အသစ်ဖြစ်တဲ့ Cai Xukun ကလည်း ရဲဝံ့တဲ့အတွေ့အကြုံများစွာနဲ့ ပွဲရဲ့အရှိန်ကိုပိုမိုအားကောင်းစေခဲ့ပါတယ်။ ယခင်နှစ်များတည်းက ဒီအစီအစဉ်အတွက် လူငယ်အုပ်စုတွေကြားထဲမှာထိုးဖောက်နိုင်ဖို့ ဆက်တိုက်ကိုကြိုးစားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ လူငယ်အရင်းအမြစ်များကို မိမိတို့စိတ်တိုင်းကျ ပိုမိုကောင်းမွန်တဲ့ပုံစံအသစ်တွေကိုဖန်တီးကြနိုင်ဖို့ တွန်းအားပေးနိုင်ခဲ့ပါပြီ။ တစ်ဆက်တည်းမှာပဲ အရသာအသစ်များကိုလည်းမိတ်ဆက်ခဲ့ပါတယ်။ အသိဉာဏ်ကြွယ်ဝစေတဲ့ Lime အရသာနဲ့ ဆက်ဆံရေးတွေကိုပိုမိုခိုင်မြဲစေတဲ့ Resberry အရသာဆိုပြီး မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်မှာတော့ Cai Xukun ဟာ Super Dare Tornado Screen ကို အရင်ဆုံးအသက်သွင်းဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာ Sugar-Free ဖျော်ရည်ကို ချက်ချင်းဖွင့်ဖောက်ထုတ်လိုက်ပြီး Super Dare ခရီးစဉ်ကိုစတင်လိုက်ပါတော့တယ်။

ဧရိယာတစ်ခုစီတိုင်းမှာ စိန်ခေါ်မှုတွေကိုဖြတ်ကျော်နိုင်မှသာ အကန့်အသတ်နဲ့ထုတ်ထားတဲ့ Cai Xukun ရဲ့ ထူးခြားဆန်းပြားတဲ့ပစ္စည်းလေးတွေနဲ့ အခြားဆုလက်ဆောင်တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။ မေလ(၁၇)ရက်ကနေ မေလ(၂၂)ရက်နေ့အထိ အများပြည်သူအတွက်အပြည့်အဝဖွင့်လှစ်ပေးမယ်လို့ ကြေညာထားပါတယ်။

ပါဝင်သူများအတွက် Super Dare Installations ရဲ့Box Set (၅)သောင်းကို ရောင်းချပေးခဲ့တာဖြစ်ပြီး မိနစ်ပိုင်းအတွင်းမှာ Box Set တွေအားလုံးရောင်းထွက်သွားခဲ့ပါတယ်။ Box Set တစ်ခုစီမှာတော့ အကန့်အသတ်နဲ့သာထုတ်လုပ်ထားတဲ့ Cai Xukun ပုံနဲ့ဖျော်ရည်ဘူးများ၊ သကြားမပါတဲ့အနက်ရောင်နှင်းခဲပါရှိတဲ့ခွက်များ၊ Pepsi-Cola ကနေအသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ Lime နဲ့ Resberry အရသာများပါဝင်ပါတယ်။

ပွဲကိုလာရောက်ရင်း Check-in ပြုလုပ်ပေးရုံဖြင့် Cai Xukun ပိုစတာများနဲ့အခြားလက်ဆောင်ပစ္စည်းများပါ ရရှိနိုင်ဦးမယ်လို့လည်း သိရပါတယ်။ Cai Xukun ကိုနှစ်သက်မြတ်နိုးသူတိုင်းအတွက် မဟာအခွင့်အရေးကြီးဖြစ်တာကြောင့် စိတ်ဝင်စားသွားရောက်သူများ များပြားတယ်လို့ သိရပါတယ်။

Written: Nair Nair
Source: Express News
Photos: Twitter

Share