Taew Natapohn က Thai TV3 နဲ့ ဆက်ပြီးလက်တွဲရင်း အနုပညာအလုပ်တွေလုပ်သွားဦးမှာလား…

Thai TV3 ရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သူ Taew Natapohn ကတော့ ကုမ္ပဏီနဲ့လက်တွဲပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တဲ့ နှစ်အတော်ကြာပြီဖြစ်ပါတယ်။ စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ဇာတ်လမ်းတွဲအတော်များများမှာ ခေါင်းဆောင်မင်းသမီးအဖြစ် လက်ခံရိုက်ကူးရင်း အောင်မြင်မှုအကြီးအကျယ်ရရှိထားသူပါ။

၁၀ နှစ်ကျော်ကြာ Thai TV3 နဲ့ လက်တွဲခဲ့သူလေးမို့လို့ Taew ဟာ ရှေ့ဆက်ပြီးဘယ်လိုရွေးချယ်မှုပြုလုပ်မလဲဆိုတာကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ ဒီလိုစိတ်ဝင်စားမှုတွေကိုတော့ Khun Dew နဲ့ Thai TV3 ရဲ့ ပိုင်ရှင်တစ်ဦးက ပြတ်ပြတ်သားသားဖြစ်အောင် အသိပေးခဲ့ပါပြီ။

Khun Dew က သူမရဲ့ Instagram stories မှာပဲ Taew Natapohn အနေနဲ့ Thai TV3 နဲ့အတူ အလုပ်ဆက်လုပ်သွားဦးမယ့်အကြောင်း တင်ခဲ့ပါတယ်။ အလားတူစွာပဲ Thai TV3 ရဲ့ တာဝန်ရှိကလည်း Taew ဟာ အေဂျင်စီကို စွန့်ခွာသွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

ဒါအပြင်လည်း Taew ရဲ့ မန်နေဂျာက မင်းသမီး Taew ဟာ Thai TV3 နဲ့ စာချုပ်သက်တမ်းချုပ်ဆိုထားတာ နှစ်အများကြီးကျန်သေးတယ်ဆိုပြီး သတင်းသမားတွေကို ဖော်ပြခဲ့ပါတယ်။ Taew Natapohn က Thai TV3 ရဲ့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသမီးဖြစ်ပြီး ကုမ္ပဏီနဲ့အတူ လက်တွဲလုပ်ကိုင်ခဲ့တာ ၁၀ နှစ်ကျော်ကြာမြင့်ခဲ့ပါပြီ။

“Nakee”, “Rak Nakara” အစရှိတဲ့ နာမည်ကြီးဇာတ်လမ်းတွေမှာ ပါဝင်ရိုက်ကူးခဲ့သူလေးဖြစ်လို့ အနာဂတ်မှာလည်း Channel 3 နဲ့အတူ အကောင်းဆုံးအနုပညာဖန်တီးမှုတွေလုပ်ဆောင်နိုင်ဖို့ ပရိသတ်တွေကတော့ စောင့်မျှော်နေကြပါပြီ။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share