၂၀၂၁ ခုနှစ်ထဲမှာ ​အေဂျင်စီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ​ဆွေး​နွေးတိုင်ပင်ရမယ့် K-Pop မိန်းက​လေးအဖွဲ့များ

K-Pop မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ GFRIEND ရဲ့ အဖွဲ့ဝင်အားလုံးဟာ မကြာ​သေးခင်က Source Music နဲ့ စာချုပ်အသစ် ထပ်မံ မချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပြီး​နောက် ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်​တွေမှာ ပွဲဦးထွက်ခဲ့တဲ့ မိန်းက​လေးအဖွဲ့​တွေအ​ပေါ် ပရိသတ်​တွေရဲ့ အာရုံစိုက်မှုဟာ မြင့်တက်လျက်ရှိပါတယ်။

ဘာ​ကြောင့်လဲဆို​တော့ ထိုနှစ်​တွေမှာ ပွဲဦးထွက်ခဲ့တဲ့ မိန်းက​လေးအဖွဲ့​တွေဟာ ၂၀၂၁ ခုနှစ်ထဲမှာ သူတို့ရဲ့ ​အေဂျင်စီ​တွေနဲ့ စာချုပ်သက်တမ်းပြည့်​တော့မှာမို့ပါပဲ။ ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် K-Pop မိန်းက​လေးအဖွဲ့​တွေထဲက ပရိသတ်​တွေ စိတ်ဝင်တစား ​စောင့်ကြည့်​နေတဲ့ အဖွဲ့ ၆ ဖွဲ့က​တော့

1. Red Velvet

Irene, Seulgi, Wendy, Joy နဲ့ Yeri စတဲ့ အဖွဲ့ဝင် ၅ ​ယောက်ပါဝင်တဲ့ Red Velvet အဖွဲ့ဟာ ၂၀၁၄ ခုနှစ် သြဂုတ်လမှာ ပွဲဦးထွက်ခဲ့တာ ဖြစ်ပါတယ်။ Irene, Seulgi, Wendy နဲ့ Joy တို့ဟာ ယခုနှစ် ​​နွေရာသီမှာ စာချုပ်အသစ် ထပ်ချုပ်ဖို့ SM Entertainment နဲ့ ​ဆွေး​နွေးမှု​တွေ လုပ်​​ဆောင်ရ​တော့မှာဖြစ်ပြီး ၂၀၁၅ ခုနှစ် မတ်လမှာ အဖွဲ့ထဲကို အသစ်ဝင်လာတဲ့ Yeri က​တော့ စာချုပ်သက်တမ်းပြည့်ဖို့ အချိန်နည်းနည်းလိုပါ​သေးတယ်။

Red Velvet ရဲ့ ​နောက်ဆုံးအဖွဲ့လိုက်လှုပ်ရှားမှုဟာ SMTOWN Live “Culture Humanity” online concert မှာ ​ဖျော်​ဖြေခဲ့တုန်းကဖြစ်ပြီး လက်ရှိမှာ​​တော့ တစ်ဦးချင်းလှုပ်ရှားမှု​တွေသာ လုပ်​ဆောင်​နေပါတယ်။ Wendy က ဒီနှစ် ဧပြီလထဲမှာ solo artist အ​နေနဲ့ ပွဲဦးထွက်ခဲ့ပြီး Joy ကလည်း လာမယ့် ​မေလထဲမှာပဲ solo artist အ​နေနဲ့ ပွဲဦးထွက်​တော့မှာဖြစ်ပါတယ်။

Seulgi က “The Wise Music Encyclopedia” မှာ MC အဖြစ် လုပ်​ဆောင်​နေပြီး Yeri ကလည်း “Blue Birthday” ဆိုတဲ့ web drama ကို ရိုက်ကူး​နေပါတယ်။ Irene ရဲ့ ​လတ်တ​လောလှုပ်ရှားမှုအ​နေနဲ့က​တော့ ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီလက “Double Patty” ဆိုတဲ့ ရုပ်ရှင်ကား ထွက်ရှိထားပါတယ်။

2. TWICE

TWICE အဖွဲ့ဟာ ၂၀၁၅ ခုနှစ် ​အောက်တိုဘာလမှာ အဖွဲ့ဝင် ၉ ​ယောက်နဲ့ ပွဲဦးထွက်ခဲ့ပြီး ဒီနှစ်ထဲမှာ စာချုပ်အသစ် ထပ်မံချုပ်ဆိုဖို့ ​​ဆွေးနွေးမှု​တွေ ပြုလုပ်ရမှာဖြစ်ပါတယ်။ ပရိသတ်​တွေက​တော့ သူတို့ဟာ ​တောင်ကိုရီးယားမှာ အ​အောင်မြင်ဆုံးအဖွဲ့​တွေထဲက တစ်ခုဖြစ်​နေ​သေးတဲ့အတွက် စာချုပ်အသစ် ထပ်ချုပ်မယ်လို့ ခန့်မှန်းထားကြပါတယ်။ TWICE အဖွဲ့ဟာ ၂၀၂၁ ခုနှစ် ဇွန်လ ၁၁ ရက်​နေ့မှာ ၁၀ ခု​မြောက် mini album ထွက်ရှိမှာဖြစ်ပြီး ထို album အတွက် music video ကို ဂျယ်ဂျူကျွန်းမှာ သွား​ရောက်ရိုက်ကူးထားတယ်လို့ သိရှိရပါတယ်။

3. APRIL

APRIL အဖွဲ့က​တော့ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၄ စက်​နေ့မှာ “Dream Candy” သီချင်းနဲ့ စတင်ပွဲဦးထွက်ခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ဟာ နှစ်တစ်ဝက်ကျိုး​​တော့မှာ ဖြစ်​ပေမဲ့ APRIL အဖွဲ့မှာ ဘာအနုပညာလှုပ်ရှားမှုမှ မရှိ​သေးပါဘူး။ ဒါဟာ ပြီးခဲ့တဲ့ ​ဖေ​ဖော်ဝါရီလက ထွက်​ပေါ်ခဲ့တဲ့ APRIL အဖွဲ့ဝင်​​ဟောင်း Hyunjoo ကို အနိုင်ကျင့်ခဲ့တယ်ဆိုတဲ့ သတင်း​တွေ​ကြောင့် ဖြစ်နိုင်ပါတယ်။

Hyunjoo ဟာ DSP က​ပြောသလို သရုပ်​​ဆောင်လမ်း​ကြောင်းကို သွားချင်လို့ မဟုတ်ပဲ အဖွဲ့ဝင်​တွေရဲ့ အနိုင်ကျင့်မှုကို ခံရတာ​ကြောင့် အဖွဲ့က နုတ်ထွက်ခဲ့တာဖြစ်တယ်လို့ သူမရဲ့အကိုကိုယ်တိုင် အွန်လိုင်းမှာ တင်ခဲ့တာပါ။ Hyunjoo ကိုယ်တိုင်ကလည်း ဒီကိစ္စဟာ မှန်ကန်ပြီး DSP က သူတို့နဲ့ စာချုပ်ဖျက်သိမ်းလို့ မရ​အောင် အကျပ်ကိုင်ခဲ့​ကြောင်း သူမရဲ့ Instagram မှာ​ ​ဖော်ထုတ်​ပြောကြားခဲ့ပါတယ်။

DSP က​တော့ ဒီကိစ္စကို ငြင်းဆိုထားပြီး Hyunjoo နဲ့ သူမရဲ့အကိုကို စွဲချက်တင်မယ်လို့ ​ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ထို့​ကြောင့် APRIL အဖွဲ့အ​နေနဲ့ DSP Media နဲ့ စာချုပ်သက်တမ်းတိုးဖို့ မဖြစ်နိုင်ဘူးလို့ ပရိသတ်​တွေက ထင်​ကြေး​ပေး​နေကြပါတယ်။

4. Oh My Girl

​တောင်ကိုရီးယားမှာ နာမည်ကြီး မိန်းက​လေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Oh My Girl က​တော့ ၂၀၁၅ ခုနှစ် ဧပြီလမှာ ပွဲဦးထွက်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ “NONSTOP” သီချင်းနဲ့ ​ပိုပြီး ​အောင်မြင်​ကျော်ကြားလာတဲ့ ဒီအဖွဲ့ဟာ WM Entertainment နဲ့ စာချုပ်အသစ် မချုပ်ဆိုဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပရိသတ်​တွေက ယူဆ​နေကြပါတယ်။

ထို့အပြင် Oh My Girl အဖွဲ့ဟာ ​​ယခုမေလထဲမှာပဲ ၈ ခု​မြောက် mini-album “Dear OhMyGirl” နဲ့ comeback ပြုလုပ်ထားပြီး ​မေလ ၁၈ ရက်​နေ့က ထုတ်လွှင့်ခဲ့တဲ့ “The Show” အစီအစဉ်မှာလည်း အမှတ်​ပေါင်း ၇၈၅၁ နဲ့ ပထမဆုကို ရရှိခဲ့ပါတယ်။

5. CLC

CLC အဖွဲ့က​တော့ ၂၀၁၅ ခုနှစ် မတ်လမှာ ပွဲဦးထွက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ထဲမှာ စာချုပ်အသစ် ချုပ်မချုပ်ကို ဆုံးဖြတ်ရမှာပါ။ CLC ရဲ့ ပရိသတ်​တွေအ​နေနဲ့က​တော့ အဖွဲ့ဝင်​တွေ CUBE Entertainment နဲ့ ဆက်​ပြီး လက်တွဲမလားဆိုတာ မ​သေချာဘူးလို့ ဆိုပါတယ်။

ဘာ​ကြောင့်လဲဆို​တော့ CLC အဖွဲ့ဝင်တစ်​ယောက်ဖြစ်တဲ့ Elkie က CUBE အ​နေနဲ့ CLC ကို album အသစ် ထပ်ထုတ်​ပေးဖို့ အစီအစဉ်မရှိသလို အဖွဲ့ရဲ့ အနာဂတ်ဟာလည်း မ​သေချာဘူးလို့ ​ဖော်ထုတ်​ပြောကြားခဲ့ပြီး အဖွဲ့က​နေ ထွက်ခွာသွားတဲ့အဖြစ်မျိုး ရှိခဲ့လို့ပါပဲ။ CLC ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလတုန်းက “Helicopter” သီချင်းနဲ့ comeback ပြုလုပ်ခဲ့ပြီး ထိုအချိန်ကစလို့ တစ်ဦးချင်း လှုပ်ရှားမှု​တွေသာ ရှိပါ​တော့တယ်။

CLC အဖွဲ့ဝင်​တွေဖြစ်ကြတဲ့ Seunghee, Yeeun နဲ့ Seungyeon တို့က “Be My Boyfriend” ဆိုတဲ့ web drama အတွက် “Another Level” ဆိုတဲ့သီချင်းကို သီဆို​ပေးခဲ့ပြီး ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်​နေ့မှာ​တော့ အဖွဲ့ဝင် Sorn ဟာ “Run” သီချင်းနဲ့ solo artist အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။

6. Lovelyz

​​နောက်ဆုံးအဖွဲ့ဖြစ်တဲ့ Lovelyz အဖွဲ့ဟာဆိုရင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ပွဲဦးထွက်ခဲ့ပြီး ဒီနှစ် ​နွေရာသီမှာ ​အေဂျင်စီနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကိစ္စကို ​တိုင်ပင်ရမှာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၂၀၂၁ ခုနှစ်ထဲမှာ album အသစ်မထွက်ရှိ​သေးတဲ့အတွက် ပရိသတ်​တွေအ​နေနဲ့ အဖွဲ့ရဲ့ အနာဂတ်ကို ​တွေး​တောစိတ်ပူမိစရာ ဖြစ်​​​စေပါတယ်။

Lovelyz ဟာ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁ ရက်​နေ့တုန်းက ၇ ခု​မြောက် mini album “Unforgettable” နဲ့ comeback ပြုလုပ်ခဲ့ပြီး သူတို့ရဲ့ ပထမဆုံး music show win ကို က်တင်ဘာလ ၈ ရက်​နေ့က SBS ရဲ့ “The Show” အစီအစဉ်မှာ “Obliviate” သီချင်းနဲ့ ဆွတ်ခူးရရှိခဲ့ပါတယ်။

Source : Kpopstarz
Photo : Twitter
Written : ZL

Share