သရုပ်ဆောင်ခြင်းနဲ့ပတ်သက်ပြီး V(BTS) စိတ်ကူးထားတဲ့ အနာဂတ်အစီအစဥ်သစ်…

နာမည်ကြီးအဆိုတော်တစ်ဦးဖြစ်သလို ဇာတ်လမ်းတစ်ခုမှာလည်း သရုပ်ဆောင်ဖူးတဲ့ BTS အဖွဲ့ရဲ့ Vဟာ ဘယ်အချိန်လောက်မှာ သရုပ်ဆောင်နယ်ပယ်ဖက်မ​ှာ ခြေလှမ်းသစ်စတင်မလဲဆိုပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။

၂၀၁၆ ခုနှစ်တုန်းက V ဟာ ကိုရီးယားရှေးဟောင်းဇာတ်လမ်းတွဲဖြစ်တဲ့ Hwarang: The Poet Warrior Youth မှာ သရုပ်ဆောင်မင်းသားတစ်ယောက်အဖြစ် ပွဲဦးထွက်လာခဲ့ပါတယ်။ ပန်းစစ်သည် Suk Han Sung အဖြစ်သရုပ်ဆောင်ခဲ့တဲ့ V ဟာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အများအပြားလည်းရရှိခဲ့ပါတယ်။

ယခုအချိန်မှာတော့ V ဟာ မင်းသားအဖြစ်ပွဲဦးထွက်ခဲ့ပြီးတာ ၅ နှစ်ကျော်ကြာခဲ့ပါပြီ။ နောက်ထပ်ဇာတ်လမ်းသစ်တွေ ထပ်မံမရိုက်ကူးပေမယ့်လည်း ဇာတ်လမ်းတွဲထုတ်လုပ်ရေးကုမ္ပဏီဖက်ကနေ မင်းသားအဖြစ်ပါဝင်ရိုက်ကူးဖို့ ဖိတ်ခေါ်မှုတွေလည်းရှိနေပြန်ပါတယ်။

ဒါ့ကြောင့်မို့လို Rolling Stone နဲ့ အင်တာဗျူးမှာ သရုပ်ဆောင်ဖို့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းခဲ့တဲ့အခါမှာတော့ V က “သရုပ်​ဆောင်တဲ့အပိုင်းနဲ့ပတ်သက်ပြီး လတ်တလောတော့ ထူးထူးခြားခြားစီစဥ်ထားတာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် မင်းသားတစ်ယောက်ဖြစ်လာဖို့ တွေးတောမိတာမျိုးတော့ရှိပါတယ်။ ဒါကလည်း ကျွန်တော့်အသက် ၃၀ ပြည့်ပြီးခါမှ နောက်ဆက်ပြီးလုပ်မယ့်အနုပညာလှုပ်ရှားမှုအစီအစဥ်တွေပါပဲ” ဆိုပြီးပြောပြလာပါတယ်။

အသက် ၂၅ ပြည့်ပြီးဖြစ်တဲ့ V ကတော့ လက်ရှိအချိန်မှာ Kpop လောကရဲ့ အကျော်ကြားဆုံးအဖွဲ့ BTS ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တကယ်လို့သာ V ရဲ့ အစီအစဥ်တိုင်းသာဆိုရင် နောက် ၅ နှစ်ကြာပြီးတဲ့နောက် သရုပ်ဆောင်နယ်ပယ်ဖက်မှာလည်း V ကို အောင်မြင်တဲ့မင်းသားတစ်ယောက်အဖြစ် မြင်တွေ့နိုင်တော့မှာဖြစ်ပါတယ်။

Source: Koreaboo
Photos: Koreaboo
Written: Nay Chi

Share