K-drama ချစ်သူ​တွေ မဲ​ပေး​ရွေးချယ်ခဲ့ကြတဲ့ အ​ကောင်းဆုံး ကိုရီးယား နန်းတွင်းဇာတ်လမ်းတွဲ (၅) ခု

Ranker လို့အမည်ရတဲ့ မဲ​ပေးတဲ့ website တစ်ခုက​နေ ကိုရီးယားဇာတ်လမ်းတွဲ ကြိုက်နှစ်သက်သူ​တွေအတွက် သူတို့ရဲ့ အကြိုက်ဆုံး၊ အ​ကောင်းဆုံးလို့ထင်တဲ့ ကိုရီးယားနန်းတွင်းဇာတ်ကား​တွေကို မဲ​ပေး​ရွေးချယ်​စေခဲ့ပါတယ်။ ကိုရီးယား နန်းတွင်းဇာတ်ကား​​တွေဟာ ဇာတ်အိမ်နဲ့ ဇာတ်လမ်းအမျိုးအစား မတူညီကြ​သလို ပရိသတ် တစ်​ယောက်နဲ့ တစ်​ယောက် အကြိုက်ချင်းမတူ​ပေမဲ့ ပရိသတ်​တွေက သူတို့ အ​ကောင်းဆုံးလို့ ထင်တဲ့ နန်းတွင်းကား​တွေကို မဲ​ပေး​ရွေးချယ်ခဲ့ကြပြီး ထိုမဲရလဒ်အရ အ​ကောင်းဆုံး ကိုရီးယား နန်းတွင်းကား ၅ ကားက​တော့ ​အောက်ပါအတိုင်းဖြစ်ပါတယ်။

5. Jewel in the Palace

၂၀၀၀ ခုနှစ်အ​စောပိုင်း​လောက်က မြန်မာနိုင်ငံမှာ​တော့ ချန်ဂင်ကားလို့ လူသိများတဲ့ ဒီဇာတ်လမ်းတွဲဟာ ​ယောကျ်ားမိန်းမ ခွဲခြားမှု ကြီးမားတဲ့ ​ခေတ်မှာ ပထမဆုံး အမျိုးသမီး နန်းတွင်းသမား​တော်ဖြစ်လာတဲ့ Jang Geum ဆိုတဲ့ အမျိုးသမီးတစ်​ယောက်​အ​ကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်း​​လေးဖြစ်ပါတယ်။

ဇာတ်နိမ့်အမျိုးကလာတဲ့ Jang Geum ဟာ အခက်အခဲ​ပေါင်းစုံကို ရင်ဆိုင်ခဲ့ရပြီး နန်းတွင်းစားဖိုမှူး ဖြစ်လာကာ ထိုမှတစ်ဆင့် နန်းတွင်းသမား​တော်၊ ​​နောက်ဆုံး ဘုရင်ကို အနီးကပ်ခစားရတဲ့ ဘုရင့်သမား​တော်ဖြစ်လာတဲ့ ဘဝဇာတ်​ကြောင်း အဆင့်ဆင့်ကို ရိုက်ကူးပုံ​ဖော်ထားတာဖြစ်ပါတယ်။

4. 100 Days My Prince

EXO အဖွဲ့ဝင် D.O နဲ့ Nam Ji Hyun တို့ ပါဝင်သရုပ်​​ဆောင်ထားပြီး ၂၀၁၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကား​လေးဖြစ်ပါတယ်။ Lee Yul (D.O) ဟာ ​အေးစက်စက်နဲ့ လူ​တွေကို သိပ်အမြင်မကြည်တဲ့ ဂျိုဆွန်းက အိမ်​ရှေ့စံမင်းသားဖြစ်ပါတယ်။ သူဟာ တိုင်းပြည်မှာရှိတဲ့သူတိုင်း အသက် ၂၈ နှစ်မပြည့်ခင် အိမ်​ထောင်ပြုကို ပြုရမယ်ဆိုတဲ့ ဥပ​ဒေကို ထုတ်ခဲ့ပါတယ်။

Hong Shim (Nam Ji Hyun) ဆိုတဲ့အမျိုးသမီး​လေးက​တော့ ထက်မြက်ပြီး အမှီအခိုကင်းကင်းနဲ့ ဖခင်ကို လုပ်​ကျွေး​နေတဲ့သူဖြစ်ပါတယ်။ တစ်​နေ့မှာ Lee Yul က ပြင်းထန်စွာ ဒဏ်ရာရပြီး Hong Shim ရဲ့ အိမ်ကို ​ရောက်လာခဲ့ပါတယ်။ ထို့​နောက် Lee Yul က အတိတ်​မေ့​နေခဲ့ပြီး ရွာထဲမှာ လက်ထပ်ဖို့ တစ်ဦးတည်းကျန်​တော့တဲ့ Hong Shim ဟာ ပြစ်ဒဏ်ကို ​ရှောင်ဖို့အတွက် မ​မျှော်လင့်ပဲ Lee Yul နဲ့ လက်ထပ်ခဲ့ရပါ​တော့တယ်။

3. Six Flying Dragons

ဒီဇာတ်လမ်းတွဲမှာ​တော့ ကိုရီးယားသမိုင်းရဲ့ အထင်ကရ ဂျိုဆွန်းနိုင်ငံ​တော်သစ်ကြီးကို ဂျိုဆွန်းမင်းဆက် ၃ ဆက်မြောက်ဖြစ်တဲ့ Lee Bang Won (Yoo Ah In) က ဘယ်လို ခက်ခဲစွာ တည်​ထောင်ခဲ့လဲဆိုတာကို ရင်သပ်ရှု​မောဖွယ် ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။ Lee Bang Won ဟာ Sejong ဘုရင်နဲ့ Taejong ဘုရင်ပြီး နန်းတက်တဲ့ ၃ ဆက်​မြောက်မင်းဖြစ်ပါတယ်။

ဒီဇာတ်လမ်းထဲက ဇာတ်​ကောင်​တွေရဲ့ ​​ရည်မှန်းချက်ကြီးမှု​တွေ၊ ​လောဘ​တွေ၊ အမုန်းတရား​တွေစတဲ့ ခံစားချက်​တွေကို ရသစုံလင်​အောင် ရိုက်ပြထားတဲ့ ဇာတ်ကား​ကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို​တော့ SBS ရုပ်သံလိုင်းက ၂၀၁၅ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပြီး အပိုင်း ၅၀ ပါဝင်ပါတယ်။

2. Moon Lovers: Scarlet Heart Ryeo

ဒီဇာတ်ကား​လေးက​တော့ ထူးထူးခြားခြားပဲ ကိုရီးယားနန်းတွင်းကား​တွေထဲမှာ ပထမဆုံး အချိန်ခရီးသွားတဲ့ ဇာတ်ကား​လေး ဖြစ်ပါတယ်။ ​နေကြတ်တဲ့တစ်​နေ့မှာ Go Ha Jin (IU) ဟာ ​ရေနစ်ပြီး ဂို​လျော​ခေတ်ကို ပြန်​ရောက်သွားကာ ၈ ​ယောက်​မြောက်မင်းသား Wang Wook (Kang Ha Neul) ရဲ့ အိမ်မှာ ​နေထိုင်တဲ့ ၁၆ နှစ်အရွယ် Hae Soo ဆိုတဲ့ ​ကောင်မ​လေးအဖြစ် ပြန်လည်နိုးထလာခဲ့ပါတယ်။

ထို့​နောက် သူမဟာ မင်းသား​တွေအားလုံးနဲ့ သူငယ်ချင်းဖြစ်လာပြီး နန်းတွင်းထဲက အရှုပ်​တော်ပုံ​တွေမှာ ဝင်ပါမိပါ​တော့တယ်။ ဒီဇာတ်ကားထဲမှာ​တော့ Lee Joon Ki, Kang Ha Neul, IU, Nam Joo Hyuk, EXO အဖွဲ့ဝင် Baek Hyun, Kang Han Na နဲ့ Girls’ Generation အဖွဲ့ဝင် Seo Hyun တို့အပြင် နာမည်ကြီး သရုပ်​ဆောင်များစွာ ပါဝင်သရုပ်​ဆောင်ထားပါတယ်။

1. Mr. Queen

​Mr.Queen ဇာတ်ကား​လေးက​တော့ ပြသပြီးသွားတာ သိပ်မကြာ​သေးပဲ ကမ္ဘာတစ်ဝန်းမှာ လူကြိုက်များသလို ​ဝေဖန်မှု​တွေလည်း ခံခဲ့ရတဲ့ အချစ်ဟာသဇာတ်ကား​လေးပဲဖြစ်ပါတယ်။ Jang Bong Hwan (Choi Jin Hyuk) ဟာ အိမ်ပြာ​တော်မှာ အလုပ်လုပ်တဲ့ စားဖိုမှူးတစ်​ယောက်ဖြစ်ပြီး မ​မျှော်လင့်ပဲ အတိတ်ကို ပြန်​​ရောက်သွားပြီး မိဘုရား​ခေါင်ကြီး Soyong (Shin Hye Sun) ရဲ့ ခန္ဓါကိုယ်ထဲကို ဝိဉာဉ်ပူးကပ်သွားခဲ့ပါတယ်။

မိဘုရားခန္ဓါကိုယ်ထဲ ဝင်သွားတဲ့ Jang Bong Hwan ဟာ စစချင်းမှာ ပြဿနာမျိုးစုံ ဖန်တီးပြီး ဘုရင် Cheoljong ကိုလည်း ရန်လို​နေခဲ့ပါတယ်။ ဘုရင် Cheoljong (Kim Jung Hyun) က​တော့ မယ်​တော်ကြီး Sunwon (Bae Jong Ok) ချယ်လှယ်သမျှခံ​နေရတဲ့ ဘုရင်တစ်​ယောက်ဖြစ်ပါတယ်။ ​

နောက်ပိုင်းမှာမိဘုရား Soyong ဟာ ဘုရင် Cheoljong က သူထင်သလို နုံအညံ့ဖျင်းတဲ့သူမဟုတ်ကြာင်း သိရှိပြီး မယ်​တော်မိဘုရားကြီးရဲ့ အာဏာအလွဲသုံးစားလုပ်မှုကို တွန်းလှန်ကာ လွတ်လပ်ပြီး သာယာဝ​ပြောတဲ့ နိုင်ငံ​တော်ဖြစ်​အောင် အတူတကွ ကြိုးစားကြပုံကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

Source : Koreaboo
Photo : Pinterest
Written : ZL

Share