“Butter” သီချင်းနဲ့ နိုင်ငံ​ပေါင်း ၁၀၀ ​ကျော်က iTunes chart ​တွေရဲ့ ထိပ်ဆုံးမှာ ရပ်တည်​နေတဲ့ BTS

မေလ ၂၁ ရက်​နေ့မှာ BTS အဖွဲ့ဟာ ပရိသတ်​တွေ ​မျှော်လင့်​စောင့်စား​နေကြတဲ့ single album “Butter” နဲ့ comeback ပြုလုပ်ခဲ့ပါတယ်။ ထိုသီချင်းဟာ သူတို့ရဲ့ အင်္ဂလိပ်ဘာသာစကားနဲ့ သီဆိုထားတဲ့ ဒုတိယ​မြောက်သီချင်းဖြစ်ပြီး အဖွဲ့​ခေါင်း​ဆောင် RM က သီချင်း​ရေးသားရာမှာ ပါဝင်ထားပါတယ်။

သီချင်းထွက်ပြီး မကြာမီမှာပဲ BTS ရဲ့ “Butter” ဟာ ကိုရီးယား music chart ​တွေထဲ ဝင်လာရုံတင်မက ကမ္ဘာတစ်ဝန်းက မတူညီတဲ့ နိုင်ငံ​တွေရဲ့ iTunes chart ​တွေထဲကိုလည်း ​နေရာယူလာခဲ့ပါတယ်။ ထို့အပြင် မိနစ်ပိုင်းအတွင်းမှာပဲ US iTunes chart ရဲ့ နံပါတ် ၇ ​နေရာကို ​ရောက်ရှိလာခဲ့ပါတယ်။

သီချင်းထွက်ပြီး ၁ နာရီအကြာမှာ​တော့ “Butter” သီချင်းဟာ အာဂျင်တီးနား၊ အိန္ဒိယ၊ ပယ်ရူး၊ ​ဆော်ဒီအာ​ရေးဘီးယား၊ ဒိုမေနီကန် ပြည်​ထောင်စုနဲ့ အီ​ကွေ​ဒေါတို့ အပါအဝင် နိုင်ငံ​ပေါင်း ၁၅ နိုင်ငံရဲ့ iTunes Chart ​တွေမှာ နံပါတ် ၁ ​နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဆက်လက်ပြီး BTS ရဲ့ “Butter” ဟာ နာရီနဲ့အမျှ အခြားနိုင်ငံ​တွေရဲ့ iTunes chart ​တွေမှာပါ နံပါတ် ၁ ​နေရာကို ​​ရောက်ရှိလာခဲ့ပြီး ​မေလ ၂၂ ရက်​နေ့ ကိုရီးယားစံ​တော်ချိန် မနက် ၈ နာရီမှာ​တော့ အ​မေရိကန်၊ က​နေဒါ၊ ယူ​​ကေ၊ ဂျာမနီ၊ သြစ​တေးလျတို့ အပါအဝင် နိုင်ငံ​ပေါင်း ၁၀၁ နိုင်ငံရဲ့ iTunes chart ​တွေမှာ နံပါတ် ၁ ​နေရာကို ဗိုလ်စွဲခဲ့ပါတယ်။

ဒါ့အပြင် “Butter” ရဲ့ instrumental version ဟာလည်း US iTunes chart ရဲ့ ထိပ်ဆုံး သီချင်း ၅ ခု စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။ “Butter” သီချင်းဟာ နိုင်ငံ​ပေါင်း ၁၀၀ ​ကျော်ရဲ့ iTunes chart မှာ နံပါတ် ၁ ရလာတာနဲ့အမျှ BTS ဟာလည်း ဒီစံချိန်ကို ရရှိတဲ့ သီချင်းအများဆုံးကို ပိုင်ဆိုင်ထားတဲ့ K-Pop Idol အဖွဲ့ဖြစ်လာခဲ့ပါတယ်။

BTS အဖွဲ့ရဲ့ “Moon,” “Filter,” “Your Eyes Tell,” “Black Swan,” “My Time,” “Dynamite,” “Film Out,” “Life Goes On,” နဲ့ “Butter” စတဲ့ သီချင်း ၉ ပုဒ်နဲ့ ဒီစံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါတင်မက​သေးပဲ “Butter” သီချင်းဟာ iTunes Top 100 Songs နဲ့ Top 100 K-pop Songs chart ​တွေမှာလည်း နံပါတ် ၁ ​နေရာကို သိမ်းပိုက်ထားပြီး instrumental version ကလည်း ထို chart ၂ ခုလုံးရဲ့ နံပါတ် ၂ ​နေရာမှာ ရပ်တည်​နေပါတယ်။

“Butter” သီချင်းဟာ music chart ​တွေရဲ့ ထိပ်ဆုံး​​နေရာကို ဗိုလ်စွဲထားသလို music video ကလည်း YouTube သမိုင်းမှာလည်း စံချိန်သစ်​တွေ တင်လျက်ရှိပါတယ်။ ဒီ music video ဟာ ကြည့်ရှုသူ​ပေါင်း သန်း ၁၀၀ ကို အချိန် ၂၀ နာရီနဲ့ ၅၄ မိနစ်အတွင်း ရရှိခဲ့တာဖြစ်ပါတယ်။ ထို့​ကြောင့် “Butter” music video ဟာ YouTube မှာ ကြည့်ရှုသူ​ပေါင်း သန်း ၁၀၀ ကို အမြန်ဆုံး ရရှိတဲ့ video တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Source : Kpopstarz
Photo : Twitter
Written : ZL

Share