‘Maya Awards 2021 – Popular Leading Actress’ အတွက် စကာတင်စာရင်းဝင် ထိုင်းမင်းသမီး ၁၀ ဦး

နှစ်စဥ်နှစ်တိုင်း ခြိမ့်ခြိမ့်သဲကျင်းပတဲ့ ထိုင်းဆုပေးပွဲ ‘Maya Awards’ ကတော့ ဒီနှစ် 2021 အတွက် ‘Popular Leading Actress’ စကာတင်စာရင်းဝင် အမျိုးသမီးသရုပ်ဆောင်တွေကို ထုတ်ပြန်ပေးခဲ့ပါပြီ။ သူတို့လေးတွေကတော့…

Grace Karnklao

ပထမဆုံးစကာတင်စာရင်းဝင်လာခဲ့သူကတော့ မင်းသမီးချော Grace Karnklao ပါပဲ။ သူမဟာဆိုရင် “Rerng Rita” ဇာတ်လမ်းတွဲမှာ စိန်ခေါ်မှုများခဲ့တဲ့အဓိကခေါင်းဆောင်မင်းသမီးနေရာက ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Green Ausadaporn

အမြွှာဇာတ်ရုပ်ကို ကျွမ်းကျင်သေသပ်စွာ သရုပ်ဆောင်သွားနိုင်ခဲ့တဲ့ မင်းသမီး Green Ausadaporn ကတော့ “Kaew Lerm Korn” ဇာတ်လမ်းတွဲနဲ့ပဲ ၂၀၂၁ အတွက် ရေပန်းအစားဆုံးခေါင်းဆောင်မင်းသမီး စကာတင်စာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

Mai Davika

နာမည်ကြီးမင်းသမီး Mai Davika ကတော့ ၂၀၂၁ ဆုစာရင်းမှာ စကာတင်ပါဝင်လာခဲ့ပါတယ်။ လူကြိုက်များခဲ့တဲ့ “Wanthong” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသမီးအဖြစ် လက်စွမ်းပြသထားနိုင်ခဲ့သူဖြစ်တာကြောင့် ဆုရရှိဖို့သတင်းမွှေးနေတဲ့သူလေးပဲဖြစ်ပါတယ်။

Pooklook Fonthip

ONE 31 ရဲ့ နာမည်ကြီးဇာတ်လမ်းဖြစ်တဲ့ “Leh Luang” မှာ အဓိကဇာတ်လိုက်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Pooklook Fonthip ကလည်း ‘Popular Leading Actress’ အတွက် စကာတင်စာရင်းဝင်ဖြစ်လာခဲ့ပါပြီ။

Kao Supassara

ငယ်ရွယ်နုနယ်သေးတဲ့မင်းသမီးလေး Kao Supassara ကတော့ “My Forever Sunshine” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရဲ့အားပေးမှုအများအပြားကို လက်ခံရရှိခဲ့ပါတယ်။ သူမရဲ့အနုပညာဖန်တီးနိုင်စွမ်းကြောင့်ပဲ စကားတင်စာရင်းဝင်ဖြစ်လာပြီး ပရိသတ်တွေကလည်း Kao ကို အားပေးနေကြပါတယ်။

Mookda Narinrak

“So Wayree” ဇာတ်လမ်းနဲ့ အာရှတခွင်ပရိသတ်ရဲ့အားပေးမှုကို သိမ်းယူခဲ့တဲ့ မင်းသမီးလေး Mookda Narinrak ကလည်း ‘Maya Award 2021’ အတွက် ရေပန်းအစားဆုံးခေါင်းဆောင်မင်းသမီးများစာရင်းဝင်တစ်ဦးဖြစ်လာခဲ့ပါပြီ။

Aff Taksaorn

ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး Aff Taksaorn ကတော့ “Kor Kerd Mai Klai Klai Ter” ဇာတ်လမ်းတွဲနဲ့ ပရိသတ်တွေရှေ့မှောက်ကိုတဖန်ပြန်ရောက်လာလာချင်း ယခုလိုစကာတင်စာရင်းဝင်မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

Bella Ranee

ထိပ်တန်းမင်းသမီးလေး Bella Ranee ကတော့ ‘Popular Leading Actress’ ဆုအတွက် “Roy Leh Marnya” ဇာတ်လမ်းတွဲနဲ့စာရင်းဝင်လာခဲ့တာဖြစ်ပြီး သူမရဲ့ပြောင်မြောက်တဲ့သရုပ်ဆောင်အစွမ်းကြောင့် ဆုရရှိနိုင်တယ်လို့လည်း ပရိသတ်တွေကခန့်မှန်းနေကြပါတယ်။

Kob Suvanant

“Oum Ruk Game Luang” မှာ စွမ်းစွမ်းတမံသရုပ်ဆောင်ပြနိုင်ခဲ့တဲ့ မင်းသမီးချော Kob Suvanant ကတော့ ရေပန်းအစားဆုံးခေါင်းဆောင်မင်းသမီးဆုအတွက် စကာတင်စာရင်းဝင်လာခဲ့ပါတယ်။

Aum Patchrapa

ဆုများပိုင်ရှင်မင်းသမီးချော Aum Patchrapa ကတော့ “Jark Sadtroo Soo Huajai” ဇာတ်လမ်းတွဲမှာ အဓိကဇာတ်လိုက်မင်းသမီးအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့ပြီး ယခုတစ်ခါမှာလည်း စကာတင်စာရင်းဝင်လာခဲ့ပါတယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Nay Chi

Share