၂၀၂၁ အတွင်းကြည့်ရမယ့် နိုင်ငံတော်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဇာတ်လမ်း ၇ ခု (အပိုင်း ၁)

တရုတ်ဇာတ်လမ်းတွဲတွေထဲမှာ အက်ရှင်ဇာတ်လမ်းတွဲတွေကိုကြိုက်နှစ်သက်သူများအတွက် နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ရိုက်ကူးထားတဲ့ စစ်အရာရှိဇာတ်လမ်းနဲ့ ရဲအရာရှိဇာတ်လမ်းများရှိနေပြီး ၂၀၂၁ အတွင်းမှာ ထုတ်လွှင့်ပြသဖို့ စီစဥ်ထားတာလည်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွေကတော့…

The Glory of Youth

စစ်အရာရှိတွေအကြောင်း ရိုက်ကူးပြသထားတဲ့ The Glory of Youth ဇာတ်လမ်းတွဲမှာတော့ Li Yifeng, Chen Xingxu, Viann Zhang Xinyu, Xiao Yang နဲ့ Zihao Nie တို့က အဓိကပါဝင်ရိုက်ကူးထားပါတယ်။ တက္ကသိုလ်ကျောင်းသားအဖွဲ့ဟာ တာဝန်ပေးအပ်မှုအရ စစ်မှုထမ်းဟောင်းအဖွဲ့နဲ့ အမြှောက်တပ်ရဲ့ အ​တွေ့အကြုံရှိအဓိကတပ်သားတွေနဲ့ ရင်ဆိုင်ဆုံတွေ့ခဲ့ရပြီး နိုင်ငံတော်ကိုတစ်ဖက်တလမ်းကနေကာကွယ်စောင့်ရှောက်တဲ့အကြောင်းကို ပုံပြင်တစ်ပုဒ်ပြောပြထားသလိုမျိုး ရိုက်ကူးထားပါတယ်။

Special Forces

၂၀၂၁ အတွင်းထွက်လာမယ့် စစ်အရာရှိဇာတ်လမ်းထဲမှာ ရေပန်းအစားဆုံးဖြစ်နေတဲ့ဇာတ်လမ်းတစ်ခုကတော့ Special Forces ပါပဲ။ Yang Yang, Li Yitong, Jiang Lu Xia နဲ့ Meng Asai တို့က အဓိကပါဝင်ရိုက်ကူးထားတာကြောင့် လူအများစိတ်ဝင်စားတာလည်းဖြစ်ပါတယ်။

အဓိကဇာတ်ကောင် Yan Poyue’s (Yang Yang) ဟာ စစ်တပ်ကိုရောက်ရှိလာပြီးနောက် အဖွဲ့ရဲ့စည်းလုံးမှုတန်ဖိုးကိုနားလည်ခဲ့ပြီး အတ္တကြီးကြီးနဲ့ ပုံစံခွက်ထဲမှာအသားကျနေတဲ့ သူ့ရဲ့ပုံစံကို ပြောင်းလဲနိုင်ခဲ့တဲ့အကြောင်း အက်ရှင်ဆန်ဆန်၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ရိုက်ကူးထားတာပါ။

My Dear Guardian

Johnny Huang Jingyu, Li Qin, Yang Shu နဲ့ Nie Zihao တို့ အဓိကပါဝင်ရိုက်ကူးထားတဲ့ My Dear Guardian ဇာတ်လမ်းကတော့ အင်တာနက်ဝတ္ထုတစ်ခုကို အခြေခံပြီးဇာတ်လမ်းအဖြစ်ရိုက်ကူးထားတာပါ။

အတိတ်ကစိတ်ဒဏ်ရာတစ်ခုကြောင့် နှလုံးသားတံခါးကိုပိတ်ထားပြီး အေးစက်မာကြောခက်ထန်စွာပဲ ရှင်သန်ဖြတ်သန်းနေတဲ့ စစ်အရာရှိကြီးနဲ့ စိတ်တည်ငြိမ်ပြီး နွေးထွေးကြင်နာယဥ်ကျေးတဲ့ စစ်ဆေးဆရာဝန်မလေးအကြောင်းကို ရိုက်ကူးထားတာပါ။ အဓိကဇာတ်လိုက်နှစ်ဦးကြောင့် နာမည်ကြီးနေတဲ့ My Dear Guardian ဇာတ်လမ်းကတော့ ကိုရီးယားဇာတ်လမ်းတွဲ Descendants of the Sun ရဲ့ တရုတ်ဗားရှင်းလို့တောင်ပြောဆိုနေကြပါတယ်။

Ace Troops

Operation Red Sea ဇာတ်လမ်းပြသပြီးနောက် မင်းသား Huang Jingyu ဟာ စစ်အရာရှိပုံစံနဲ့လိုက်ဖက်လွန်းတာကြောင့် စစ်ကားတွေ အများအပြားရိုက်ကူးလာရပြီး နောက်ထပ်ရေပန်းစားတဲ့ Ace Troops ဇာတ်လမ်းထဲမှာလည်း နာမည်ကြီးမင်းသား Xiao Zhan နဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။

မိန်းကလေးတစ်ယောက်တည်းကို ပြိုင်တူချစ်မိသွားတဲ့ သူငယ်ချင်းနှစ်​ယောက်..တစ်ဖက်မှာလည်း နိုင်ငံတော်ကိုကာကွယ်ရမယ့် စစ်သားနှစ်​ယောက်လည်းဖြစ်နေပြန်တော့ တပ်တွင်းပုံစံမကျမှုတွေကိုပြန်လည်ပြင်ဆင်ရင်း Blue Army ဆိုတဲ့တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်လိုက်ပါတယ်။ အချစ်ရေးနဲ့ နိုင်ငံရေးကို ဇာတ်ညွှန်းကောင်းကောင်းနဲ့ရိုက်ကူးထားတာမို့လို့ မကြာခင်မှာကြည့်ကြဖို့ စောင့်နေကြပါတော့တယ်။

Source: QQ
Photos: Weibo
Written: Nay Chi

Share