၁၇နှစ်ကြာ လက်တွဲခဲ့တဲ့ ​အေဂျင်စီနဲ့ လမ်းခွဲပြီး တစ်ကိုယ်​တော်အေဂျင်စီ ထူ​ထောင်​တော့မယ့် Lee Seung Gi

​တောင်ကိုရီးယားရဲ့ နာမည်​ကျော် မင်းသားတစ်ဦးဖြစ်သလို တစ်ကိုယ်​တော်အဆိုရှင်တစ်​ယောက်ဖြစ်တဲ့ မင်းသား Lee Seung Gi ဟာ ၁၇ နှစ်ကြာ အလုပ်အတူတွဲလုပ်ခဲ့တဲ့ Hook Entertainment နဲ့ လမ်းခွဲ​တော့မှာဖြစ်ပါတယ်။  ​Lee Seung Gi အ​နေနဲ့ ခုလို ဆုံးဖြတ်လိုက်တာဟာ ကိုယ်ပိုင်တစ်ကိုယ်​တော် ​အေဂျင်စီထူ​ထောင်​​တော့မှာ​ကြောင့်ဖြစ်တယ်လို့ Hook Entertainment က ​ပြောကြားလိုက်ပါတယ်။

မေလ ၂၄ ရက်​နေ့မှာ Hook Entertainment က တရားဝင်စာတစ်​​စောင် ထုတ်ပြန်​ကြေငြာခဲ့ပြီး ထိုစာထဲမှာ “​အေဂျင်စီရဲ့ အနုပညာရှင်ဖြစ်တဲ့ Lee Seung Gi နဲ့ လာမယ့် ၅ လပိုင်း ၃၁ ရက်​နေ့မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တယ်” လို့ ​ပြောကြားထားပါတယ်။

ဆက်လက်ပြီး “ပွဲဦးမထွက်ခင်တည်းက​နေ ခုချိန်ထိ အချိန်အကြာကြီး အပြန်အလှန်ယုံကြည်အားကိုးကာ အလုပ်အတူတွဲလုပ်ခဲ့ကြ​ပေမဲ့ Lee Seung Gi ဟာ ​အေဂျင်စီက​ ခွဲထွက်ပြီး တစ်ကိုယ်​တော်​အေဂျင်စီ​ထူ​ထောင်ကာ အနုပညာလှုပ်ရှားမှု​တွေကို ဆက်လုပ်သွားမှာဖြစ်ပါတယ်” လို့လည်း ​​​​​ရေးသား​ဖော်ပြထားပါတယ်။ ​

ယခင်က အလုပ်တွဲလုပ်ခဲ့ဖူးတဲ့ ပါတနာ​တွေအ​နေနဲ့ ​ရှေ့​လျှောက် Lee Seung Gi ကို အား​ပေးကူညီသွားမယ့် အ​ကြောင်းလည်း ​ပြောထားပါတယ်။ ထို့အပြင် အချိန်အကြာကြီး Hook Entertainment နဲ့ လက်တွဲကာ ​​တောင်ကိုရီးယားရဲ့ ထိပ်တန်း အနုပညာရှင်တစ်​ယောက်အ​နေနဲ့ ရပ်တည်​ပေးခဲ့တဲ့အတွက် Lee Seung Gi ကို ​ကျေးဇူးတင်​ပြီး ခုချိန်ထိ Lee Seung Gi ကို ချစ်ခင်အား​​ပေးကြတဲ့ ပရိသတ်​တွေကိုလည်း ​ကျေးဇူးတင်​ကြောင်း၊ ​ရှေ့​လျှောက်လည်း Lee Seung Gi ကို အများကြီး အား​ပေးကြဖို့ ​​မေတ္တာရပ်ခံ​ကြောင်း ​ပြောကြားထားပါတယ်။

Lee Seung Gi ဟာ ၂၀၀၄ ခုနှစ် ၆ လပိုင်းမှာ အဆို​တော်အ​နေနဲ့ စတင်ပွဲဦးထွက်ခဲ့ပြီး Hook Entertainment နဲ့အတူ ရုပ်ရှင်၊ drama၊ variety show စတဲ့ နယ်ပယ်​တွေမှာပါ အနုပညာလှုပ်ရှားမှု​တွေ လုပ်ကိုင်ခဲ့ပါတယ်။

Lee Seung Gi ဟာ “My Girlfriend is a Gumiho”, “Gu Family Book”, “A Korean Odyssey”, “Vegabond” နဲ့ “Mouse” စတဲ့ နာမည်ကြီး ကိုရီးယားဇာတ်လမ်းတွဲ​တွေမှာ ပါဝင်သရုပ်​ဆောင်ခဲ့ပြီး မကြာ​သေးခင်ကမှ tvN က​နေ ပြသပြီးသွားတဲ့ “Mouse” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်​​ဆောင်ထားပါတယ်။

Source : Sports Gyoung Hyang (Naver)
Photo : Pinterest
Written : ZL

Share