အဖွဲ့ရဲ့ အငယ်ဆုံးလေးတွေဖြစ်သလို အဆိုးဆုံးလေးတွေလည်းဖြစ်နေပြန်တဲ့ Maknae ၇ ယောက်

K-pop အဖွဲ့တွေမှာဆိုရင် အသက်အငယ်ဆုံးအဖွဲ့ဝင်တွေလေးတွေကို ချစ်စနိုးနဲ့ maknae လို့ ခေါ်ကြပါတယ်။ ပုံမှန်အတိုင်းဆိုရင် ကိုယ့်ထက်ကြီးတဲ့တခြားအဖွဲ့ဝင်တွေကို ချစ်ကြောက်ရိုသေပြီး ပြောစကားနားထောင်ပေးတာမျိုးတွေရှိရမှာဖြစ်ပေမဲ့လည်း အခုဖော်ပြပေးမယ့် ၇ ယောက်ကတော့ အဖွဲ့ဝင်အစ်ကိုတွေအတွက် ထိန်းမနိုင်တဲ့ ဆိုးပေလေး ၇ ယောက်ပဲဖြစ်ပါတယ်။

Super Junior’s Kyuhyun

မူလပထမ အဆိုးဆုံး maknae ကိုပြောရရင်တော့ Super Junior အဖွဲ့ရဲ့ အငယ်ဆုံး Kyuhyun ပါပဲ။ အဖွဲ့ဝင်အစ်ကိုတွေကို စဖို့နောက်ဖို့၊ ကျီစယ်ဖို့ဆိုရင် စကားလုံးတွေနဲ့ စနောက်ရုံသာမက တစ်ခါတရံ ခြေတွေလက်တွေပါ,ပါလာပြီး နောက်ပြောင်ကျီစယ်လေ့ရှိတဲ့ အငယ်ဆုံး-အဆိုးဆုံးလည်း ဖြစ်ပါတယ်။

SEVENTEEN’s Dino

ဟိုးအရင်တုန်းကတော့ SEVENTEEN ရဲ့ Maknae ဖြစ်သူ Dino ဟာ အစ်ကိုတွေအတွက် စကားနားထောင်တဲ့ ကလေးလေးတစ်ယောက်လိုပါပဲ။ နောက်ပိုင်းမှာတော့ သူဟာ အစ်ကိုတွေပြောသမျှကို တစ်ခွန်းမခံပြန်ပြောရင်း ကလေးမဟုတ်တော့တဲ့အကြောင်း အစ်ကိုတွေကို သက်သေပြနေပါတော့တယ်။

EXO’s Sehun

မနိုင်စိန် Maknae ထဲမှာတော့ EXO ရဲ့အငယ်ဆုံးလေး Sehun က မပါမဖြစ်ပါပဲ။ အနေတည်ငြိမ်အေးဆေးပုံပေါ်ပေမယ့် သူ့အစ်ကိုတွေကို ကျီစယ်ဖို့ဆိုရင် ရုပ်တည်ကြီးနဲ့လည်း နှစ်ပေါက်တစ်ပေါက်ရိုက်တတ်တဲ့ အငယ်ဆုံးလေးလည်းဖြစ်ပါတယ်။

VIXX’s Hyuk

VIXX ရဲ့ အငယ်ဆုံးဖြစ်သူ Hyuk နဲ့ပတ်သက်ပြီး သူ့အစ်ကိုတွေကတော်တော်လေး ထိန်းမရဖြစ်နေပုံပါပဲ။ အရင်ကတော့ Hyuk ဟာ ချစ်ဖို့ကောင်းပြီး ချိုသာနူးညံ့ပုံပေါ်ပေမဲ့ အခုအချိန်မှာတော့ သူ့နားလေးကိုသွားဖို့တောင် ကြောက်နေတယ်လို့ဆိုပါတယ်။ အကြောင်းကတော့ Hyuk ရဲ့ အနားကိုသွားလိုက်တာနဲ့ သူ့ရဲ့လက်စာကို မိနေတာကြောင့်ပါတဲ့။

BTS’ Jungkook

Golden Maknae လို့ အကုန်လုံးကချစ်စနိုးနဲ့ခေါ်ရသူ Jungkook ကတော့ BTS က အစ်ကိုတွေကို အနိုင်ဆုံးသူပါပဲ။ အထူးသဖြင့် ကုကုဟာ Jimin ကို အရပ်နဲ့ပတ်သက်ပြီး စနောက်ရတာမျိုး၊ ​ပေါက်ကရတွေလျှောက်ပြောရတာမျိုးကို အလွန်သဘောကျနေတတ်သူပါ။ အငယ်ဆုံး Jungkook နဲ့ပတ်သက်လာရင် အစ်ကိုကြီး Jimin ခမျာ လက်မြှောက်အရှုံးပေးရစမြဲပါပဲ။

iKON’s Chanwoo

နူးညံ့တဲ့မျက်နှာ​လေးနဲ့ Chanwoo ကတော့ အငယ်ဆုံးဆိုတဲ့ဂုဏ်ပုဒ်လေးကိုအသုံးချပြီး အစ်ကိုတွေကို အနိုင်ကျင့်သူလေးပါပဲ။ ဒီကောင်လေးကတော့ ‘လက်ညွှန်းစေရာအကုန်ဖြစ်တယ်’ ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး iKON က အစ်ကိုတွေကို အဆိုးကြီးဆိုးနေတော့တာပါ။ iKON တစ်ဖွဲ့လုံးကလည်း အငယ်ဆုံးလေးစိတ်တိုင်းကျ လုပ်ပေးရှာပါတယ်။

NCT’s Jisung

လက်ရှိအချိန်အထိ အဖွဲ့ဝင်  ၂၃ ယောက်ရှိတဲ့ NCT မှာတော့ Maknae လေးက Jisung ပါ။ သွေးသားမတော်စပ်ဘဲနဲ့ အစ်ကိုတွေအများကြီးရထားတဲ့ Jisung ကတော့ အကြီးဆုံးအစ်ကိုကြီးအဖြစ် အမြဲလိုလိုပုံစံဖမ်းလေ့ရှိပြီး သူ့ကို အငယ်ဆုံးလေးလိုမျိုး ဆက်ဆံတဲ့သူကိုလည်း တစ်ခုမဟုတ်တစ်ခုကတော့ ပြန်လုပ်စမြဲဖြစ်ပါတယ်။ တကယ့်ကိုထိန်းရခက်မယ့် အငယ်ဆုံးလေးပါပဲ။

Source: Kstarlive
Photos: Naver
Written: Julia

Share