၄ နှစ်ကြာ အနားယူပြီး​​နောက် ဇာတ်လမ်းတွဲအသစ် ရိုက်ကူးဖို့ ​ဆွေး​နွေး​နေတဲ့ မင်းသား So Ji Sub

မင်းသား So Ji Sub ဟာ “Doctor Lawyer” ဆိုတဲ့ ဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းခံထားရတယ်လို့ သူ့ရဲ့ ​အေဂျင်စီဖြစ်တဲ့ 51K က ​မေလ ၂၆ ရက်​နေ့မှာ ​ပြောကြားလိုက်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ယခုလိုပဲ လာပြီးကမ်းလှမ်းတဲ့ ဇာတ်လမ်း​တွဲများစွာထဲက တစ်ခုဖြစ်ပြီး ​ဇာတ်လမ်းမှာ ပါဝင်သရုပ်​ဆောင်ဖို့ ဆွေး​နွေး​နေဆဲဖြစ်တယ်လို့လည်း ​အေဂျင်စီက​ပြောပါတယ်။

“Doctor Lawyer” ဟာ ခွဲစိတ်မှုတစ်ခု​ကြောင့် အရာအားလုံးဆုံးရှုံးသွားပြီး​နောက် ​​ဆေးအမှု​တွေကို ​အမှုလိုက်​ပေးတဲ့ ​ရှေ့​နေဖြစ်လာတဲ့ ဉာဏ်ကြီးရှင်ဆရာဝန်တစ်​ယောက်နဲ့ ​​ထိုခွဲစိတ်မှု​ကြောင့် ချစ်ရတဲ့မိသားစုကို ဆုံးရှုံးခဲ့ရတဲ့ ​ဆေးပြစ်မှုဆိုင်ရာဌာနက အမှုစစ်တစ်​ယောက်​အ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ​နောက်ပိုင်းမှာ သူတို့ ၂ ဦး​ပေါင်းပြီး လူတစ်​ယောက်ရဲ့ အသက် တန်ဖိုးရှိမရှိကို ချမ်းသာကြွယ်ဝမှု​တွေ အာဏာရာထူး​တွေနဲ့ တိုင်းတာတတ်တဲ့သူ​တွေကို အပြစ်​ပေးပြီး မတရားခံရသူ​တွေကို နှစ်သိမ့်​ပုံကို ​စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။

မင်းသား So Ji Sub က​တော့ အ​ထွေ​​ထွေခွဲစိတ်မှုအတွက်​ရော၊ ရင်​ခေါင်းခွဲစိတ်မှုအတွက်​ရော ကျွမ်းကျင်လက်မှတ်ရထားပြီး ​နောက်ပိုင်းမှာ ဆေးအမှု​တွေကို ​အမှုလိုက်​ပေးတဲ့ ​ရှေ့​နေဖြစ်လာမယ့် ဉာဏ်ကြီးရှင်ဆရာဝန် Han Yi Han ​ဇာတ်​ကောင်အတွက် ကမ်းလှမ်းခံထားရတာ ဖြစ်ပါတယ်။ မ​တော်တဆမှုမဖြစ်ခင်က သူဟာ Bansuk University Hospital ​ရဲ့ ထိပ်တန်းဆရာဝန်တစ်ဦးဖြစ်ပြီး အလုပ်ဝန်ပိ​နေ​ပေမဲ့လည်း အမြဲတမ်း တက်ကြွကာ လုပ်​ဖော်ကိုင်ဖက်ဆရာဝန်​တွေကို အပြုံးနဲ့ ချိုသာစွာဆက်ဆံတတ်သူဖြစ်ပါတယ်။ ထို့အပြင် Han Yi Han ဟာ အရပ်ရှည်ပြီး ကြည့်​ကောင်းတဲ့အတွက် ဂျူတီကုတ်ဝတ်ထားရင် ​မော်ဒယ်လို့​တောင် အထင်မှားရပြီး ​​ဆေးရုံမှာရှိတဲ့ မိန်းက​လေး​တွေရဲ့ နှလုံးသားကို ဖမ်းစားထားသူဖြစ်ပါတယ်။

မင်းသား So Ji Sub ဟာ ၂၀၁၈ ခုနှစ်မှာ MBC ရုပ်သံလိုင်းရဲ့ “My Secret Terrius” (သို့) “Terius Behind Me” ဇာတ်လမ်းတွဲနဲ့ Daesang ဆုကိုရရှိခဲ့ပါတယ်။ ယခု”Doctor Lawyer” ဇာတ်လမ်းတွဲကို လက်ခံရိုက်ကူးမည်ဆိုပါက ထိုဇာတ်လမ်းတွဲအပြီး ၄ နှစ်ကြာမှ ပထမဆုံး ပြန်လည်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲလည်းဖြစ်ပါတယ်။ So Ji Sub ဟာ ပြီးခဲ့တဲ့နှစ်က သတင်းတင်ဆက်သူ Jo Eun Jung နဲ့ လက်ထပ်ခဲ့ပြီး သူပါဝင်ရိုက်ကူးထားတဲ့ “Confession” ဆိုတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ကားကလည်း မကြာမီ ရုံတင်ပြသ​တော့မှာဖြစ်ပါတယ်။ “Doctor Lawyer” ကို​တော့ ဇာတ်ညွှန်း​ရေးဆရာ Jang Hong Chul က ​ဇာတ်ညွှန်း​ရေးသားထားပြီး ၂၀၂၂ ခုနှစ် အစပိုင်းမှာ ထုတ်လွှင့်ပြသဖို့ စီစဉ်ထားပါတယ်။

Source : Soompi
Photo : Instagram
Written : ZL

Share