ဂွမ်ဆူ့အတွက် အထူးလက်ဆောင်ပြင်ဆင်ပေးခဲ့ကြတဲ့ ဖိလစ်ပိုင်မှ ပရိသတ်များ

ကမ္ဘာ့အနှံ့မှာ Running Man က ဂွမ်ဆူကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကအများကြီးပါပဲ။ Asia Prince လို့ တင်စားရတဲ့အထိ ဂွမ်ဆူ့ကိုချစ်ခင်ကြတဲ့သူတွေက Running Man ကနေ ဂွမ်ဆူထွက်ခွာတော့မယ့်သတင်းကြားပြီးနောက် ဝမ်းနည်းမျက်ရည်ကျခဲ့ကြရပါတယ်။ ကျန်းမာရေးအခြေအနေကြောင့် ထွက်ခွာခဲ့ရတာဖြစ်လို့ အားလုံးကလည်း အမြန်ဆုံးပြန်လည်ကောင်းမွန်လာဖို့ဆုတောင်းပေးရင်း ဂွမ်ဆူ့ရဲ့ထွက်ခွာမှုကို ရင်ကွဲစွာနဲ့လက်ခံလိုက်ရပါတော့တယ်။

မေလ ၂၄ ရက်နေ့မှာ Running Man ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် နောက်ဆုံးအပိုင်းကိုရိုက်ကူးခဲ့တဲ့ ဂွမ်ဆူလေးကို ဖိလစ်ပိုင်မှ အားပေးချစ်ခင်ကြတဲ့ပရိသတ်တွေက အထူးလက်ဆောင်တစ်ခုကို ပြင်ဆင်ပေးခဲ့ကြပါတယ်။ ဖိလစ်ပိုင်ပရိသတ်တွေက မနီလာမြို့မှာရှိတဲ့ မြင့်မားတဲ့အဆောက်အအုံရဲ့ LED Screen ကို ငှားရမ်းခဲ့ကြပြီး ‘Running Man’ မှာရှိစဥ် ဂွမ်ဆူနဲ့ပတ်သက်တဲ့အမှတ်တရအားလုံးကို Viedo ပြုလုပ်ပြီး ပြသထားခဲ့တာပါ။ အစပိုင်းကိုတော့ “PH ♥ Lee Kwang Soo #PrinceofASIAinEDSA.” ဆိုတာနဲ့ စတင်ထားပြီး အဆုံးသတ်မှာတော့ “We will miss you, our Girin” (မင်းကို သတိရလွမ်းဆွတ်နေမှာပါ, Girin) လို့ရေးကာ ပြသထားပါတော့တယ်။ Girin ဆိုတာကတော့ ဂွမ်ဆူ့ကို ချစ်စနိုးနဲ့ခေါ်ကြတဲ့ နာမည်ပြောင်လေးတစ်ခုဖြစ်ပြီး ဒီလက်ဆောင်လေးကို ဂွမ်ဆူသာမြင်ရင် ဝမ်းသာနေတော့မှာပါပဲ။

July 11, 2010 တုန်းက စတင်ပြသခဲ့တဲ့ ‘Running Man’ မှာ အမြဲတမ်းအဖွဲ့ဝင်တစ်ယောက်အဖြစ် အချိန်အကြာကြီး ပရိသတ်တွေနဲ့ရှိနေပေးပြီး ရီမောအောင်ဖန်တီးပေးခဲ့တဲ့ ဂွမ်ဆူ့ကို ကျေးဇူးတင်ရင်း… အစီအစဥ်မှာ မပါဝင်တော့ရင်တောင် အမြဲတမ်းသတိရနေပြီး အားပေးနေဦးမှာဖြစ်လို့ ကျန်းမာရေး ကောင်းမွန်သက်သာလာရင် ‘Running Man’ မိသားစုဆီကို ပြန်လာပေးဖို့အတွက် မျှော်လင့်ဆုတောင်းနေပါတယ်။

Source: SBSstar
Photos: RMPHofficial
Written: Julia

Share