ARMY တို့အတွက် “Butter” သီချင်းကို အလန်းစားပုံစံအသစ်နဲ့ချပြဦးမယ့် ကမ္ဘာ့စံချိန်တင် BTS အဖွဲ့

BTS ရဲ့ Single သီချင်းသစ် “Butter” ကတော့ ထွက်လာတဲ့အချိန်ခဏလေးအတွင်းမှာပဲ စံချိန်ပေါင်းများစွာကို ချိုးဖျက်ထားနိုင်တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ နားဆင်သူတွေရဲ့အကြိုက်နဲ့ထပ်တူကျခဲ့တဲ့ “Butter“ သီချင်းလေးကတော့ နောက်ထပ်အလန်းစားသီချင်းပုံစံအသစ်အဖြစ် Remix လုပ်ကာ ထွက်ရှိလာမယ့်အကြောင်း Teasers တွေနဲ့တကွ ကြေညာပေးခဲ့ပါတယ်။

မေလ ၂၈ ရက်နေ့ ညပိုင်းမှာပဲ နောက်ဆုံးထွက်ရှိထားတဲ့ Single သီချင်း “Butter” ကို အလန်းစား Remix အဖြစ် ထပ်မံထွက်ရှိလာမယ့်ယ့်အကြောင်း BTS အဖွဲ့က ကြေညာခဲ့ပါတယ်။ ထွက်ရှိလာမယ့် Remix သီချင်းအတွက် teasers ပုံအသစ်တွေကိုထုတ်ပေးခဲ့တဲ့အပြင် Big Hit Music ကလည်း “ရွှင်လန်းပေါ့ပါးတဲ့ခံစားချက်ကိုပေးစွမ်းနိုင်တဲ့ Butter သီချင်းလေးနဲ့ တော်တော်လေးကွဲပြားနေမယ့် Remix သီချင်းပါ။ မကြာသေးတဲ့အချိန်ကမှ ထွက်ရှိထားတဲ့ Digital Single သီချင်း ‘Butter’ အတွက် ARMY လေးတွေအားလုံးရဲ့ ချစ်ခင်မြတ်နိုးမှုနဲ့အားပေးထောက်ပံ့မှုတွေအားလုံးကို တန်ဖိုးထားနှစ်သက်ကြောင်း ဖော်ပြချင်ပါတယ်။ ဒါ့ကြောင့်မို့လို့ BTS အဖွဲ့ရဲ့သီချင်းတွေကို ပုံစံမျိုးစုံနဲ့နားဆင်ခံစားလို့ရအောင်ရည်ရွယ်ပြီး ‘Butter’ သီချင်းရဲ့ Remix Version ကို ပြင်ဆင်ထားပါတယ်” ဆိုပြီး ဖော်ပြရေးသားခဲ့ပါသေးတယ်။

ဒါ့အပြင် “‘Butter (Hotter Remix)’ မှာတော့ BTS ရဲ့ တုပလို့တောင်မရနိုင်လောက်တဲ့ ဆွဲဆောင်မှုတွေပါဝင်နေမှာမို့လို့ ဒီ Version အသစ်ကိုနားဆင်ပြီးရင် မင်းတို့ရဲ့တစ်နေ့တာကို ခံစားချက်ကောင်းတွေရရှိပြီးအားအင်သစ်တွေနဲ့ ဖြတ်သန်းစေနိုင်ပါလိမ့်မယ်” လို့ သေချာပေါက်ဖော်ပြထားတာကြောင့် BTS ရဲ့ “Butter (Hotter Remix)” သီချင်းကို စောင့်မျှော်ကြရပါတော့မယ်။

Source: Soompi
Photos: BTS official
Written: Julia

Share