တစ်ရာမှာ တစ်ယောက်သာရှိမဲ့ Angelic Voice ပိုင်ဆိုင်ထားတဲ့ Rosé ရဲ့ အသံဆိုင်ရာ လျို့ဝှက်ချက်

BLACKPINK အဖွဲ့ရဲ့ Main Vocal ဖြစ်တဲ့ Rosé ဟာ သီချင်းဆိုလိုက်ရင် အသံချိုချိုလေးနဲ့ ကိုယ်ပိုင် Style နဲ့ ဆိုတတ်တဲ့အတွက် နားဆင်ရသူအဖို့ စိတ်ချမ်းသာရစမြဲပါ။ YG entertainment က မွေးထုတ်ပေးတဲ့ အဆိုရှင်လည်း ဖြစ်တာမို့ အရည်အချင်းကတော့ ရှယ်ပါဘဲ။ တစ်ရာမှာ တစ်ယောက်သာရှိမဲ့ နတ်သမီးလို အသံသာတဲ့ Rosé လိုမျိုး အသံပိုင်ဆိုင်ရဖို့အတွက် ဘာတွေလုပ်ရမလည်း ဆိုတာ စိတ်ဝင်စားစရာပါဘဲ။

အရင်အပတ်က Rosé ဟာ Elle Korea နဲ့ interview လုပ်ခဲ့ပြီး Magazine ပုံတွေလည်း ရိုက်ကူးပေးခဲ့ပါတယ်။ “သီချင်းမဆိုခင်မှာ အသံကို ဘယ်လိုနွှေးလေ့ရှိလည်း”လို့ Elle Korea က မေးခဲ့ရာမှာ Rosé က ခုလိုဖြေခဲ့ပါတယ်။ “ကျွန်မက စကားလုံးတွေကို သီချင်းစာသားအဖြစ် ပြောင်းလဲပြီး စကားပြောနေတာတွေလည်း သီချင်းလိုဆိုနေခဲ့တာပါ”

ဥပမာ ကျွန်မရဲ့ Solo သီချင်း “On the Ground” သီချင်းထဲက သီချင်းစာသားတွေလိုမျိုးပေါ့။ ‘Everything I need is on the ground’ ဆိုတဲ့ စာသားပါတယ်မလား။ ကျွန်မက “ငါလိုအပ်နေတာမှန်သမျှက အောက်ခြေကအရာတွေဘဲ” ဆိုပြီး စကားပြောနေတာကို ခံစားချက်နည်းနည်း ထည့်ပြီး ညည်းနေလိုက်တယ်။


“အာ့လိုလေး လည်ချောင်းရှင်းပြီးလိုက်တာနဲ့ ကျွန်မရဲ့ အသံအူတိုင်ဟာ တင်းကျပ်လာတယ်လို့ ခံစားရတယ် “ ဆိုပြီး သူ့ရဲ့ လျို့ဝှက်ချက်တွေကို ပြောပြခဲ့ပါတယ်။ ဆက်လက်ပြီး Rosé ဟာ သူမရဲ့ သီချင်းတစ်ပုဒ်လုံးကို နောက်ခံ ဘာသံစဉ်မှ ဖွင့်မထားတာတောင် interview ဖြေနေရင်း Live ဆိုပြခဲ့ပါတယ်။ Rosé ရဲ့ အသံကြည်ရှင်းနေတာကို ထို interview video မှာ နားထောင်ကြည့်ရှူလို့ရပါတယ်။ မင်မင်ကတော့ ကြွေဆင်းလို့ မဆုံးပါဘဲ။

Source: Koreaboo
Written: Violet
Photo Credit: Elle Korea

Share