လာမယ့်ဇွန်လအတွင်းမှာ တစ်ပတ်ကိုတစ်ပိုင်းနှုန်းဖြင့် ပြသသွားမယ့် ကိုရီးယားဇာတ်လမ်းတွဲအသစ်များ

ကိုရီးယားဇာတ်လမ်းတွဲ​တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကမ္ဘာတစ်ဝန်းမှာ ​အောင်မြင်​ကျော်ကြားပြီး လူကြိုက်များလာတာနဲ့အမျှ နှစ်စဉ်နှစ်တိုင်း မတူညီတဲ့ ဇာတ်ကား​ကောင်းများစွာ ထွက်ရှိလျက်ရှိပါတယ်။ ယခုနှစ်မှာလည်း ဇာတ်​ကား​ကောင်းတချို့ကို ပြသခဲ့၊ ပြသဆဲဖြစ်ပြီး လာမယ့်ဇွန်လအတွင်းမှာလည်း ပရိသတ်​တွေရဲ့ စိတ်အာရုံကို ဖမ်းစားမယ့် ဇာတ်လမ်း​ကောင်းတချို့က ​စောင့်ကြိုလျက်ရှိပါတယ်။ အဲ့ဒီထဲကမှ ယခု​ဖော်ပြ​ပေးသွားမယ့် ဇာတ်လမ်းတွဲ​တွေက​​တော့ စိတ်မ​ကောင်းစွာပဲ တစ်ပတ်ကို တစ်ပိုင်းနှုန်းနဲ့သာ ပြသသွားမှာဖြစ်ပါတယ်။

1. The Penthouse 3

The Penthouse ဇာတ်လမ်းတွဲဟာ Lee Ji Ah, Kim So Yeon, Eugene, Um Ki Joon, Yoon Jong Hoon, Park Eun Seok နဲ့ အခြားနာမည်ကြီး သရုပ်​ဆောင်များစွာ ပါဝင်သရုပ်​ဆောင်ထားပြီး Season 1 ကို SBS ရုပ်သံလိုင်းက​နေ ၂၀၂၀ ခုနှစ် ​အောက်တိုဘာလ ၂၆ ရက်​နေ့မှာ စတင်ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင် လူတန်းစားခွဲခြားမှု၊ လူ​တွေရဲ့ အလိုရမက်ကြီးမှု၊ ​မနာလိုဝန်တိုမှု၊ အငြိုးအာဃာတ​တွေနဲ့အတူ ၅၂၈ ​​မေတ္တာ၊ ၁၅၀၀ အချစ်​တွေကိုပါ ရသစုံလင်​အောင်​ဖော်ပြထားပြီး Season 1 မှာတင် အလွန်လူကြိုက်များခဲ့တာ​ကြောင့် ယခု Season 3 အထိ တိုးချဲ့ပြသလာရတာဖြစ်ပါတယ်။

ထို့အပြင် ရက်စက်ကြမ်းတမ်းပြီး လူ့အသိုင်းအဝိုင်းမှာ မပြုလုပ်သင့်တဲ့ အပြုအမူ၊ အ​ပြောအဆို​တွေ ပါဝင်တာ​ကြောင့် က​လေးသူငယ်​တွေ ကြည့်ရှုဖို့ မသင့်​လျော်တဲ့ ဇာတ်ကားအဖြစ်လည်း သတ်မှတ်ခြင်းခံထားရပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Joo Dong Min က ရိုက်ကူးထားပြီး စာ​ရေးဆရာမ Kim Soon Ok က ဇာတ်ညွှန်း​ရေးသားထားပါတယ်။ Season 3 မှာတော့ အပိုင်း ၁၁ ပိုင်းပါဝင်မှာဖြစ်ပြီး ဇွန်လ ၄ ရက်​နေ့မှာ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

2. Hospital Playlist 2

ဒီဇာတ်လမ်းတွဲကို​တော့ ၂၀၂၀ ခုနှစ် မတ်လ ၁၂ ရက်​နေ့မှာ tvN ရုပ်သံလိုင်းက​နေ စတင်ထုတ်လွှင့်ပြသခဲ့ပြီး ​​ဆရာဝန်၊ သူနာပြု​တွေနဲ့ ​ဆေး​​လောကသား​တွေရဲ့ ဘဝအ​ကြောင်းကို ပုံ​ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ထို့အပြင် ​ဆေး​ကျောင်းစတက်စဉ်က​နေ နှစ် ၂၀ ​ကျော်ကြာအထိ ခင်မင်ရင်းနှီးလာတဲ့ သူငယ်ချင်း ၅ ​​ယောက်ရဲ့ ​မေတ္တာနဲ့ သံ​ယောဇဉ်ကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲမှာဆိုရင် Jo Jung Suk, Yoo Yeon Seok, Jung Kyung Ho, Kim Dae Myung နဲ့ Jeon Mi Do တို့က အဓိကပါဝင်သရုပ်​ဆောင်ထားပါတယ်။

ဇာတ်ညွှန်း​ရေးဆရာ Lee Woo Jung က ဇာတ်ညွှန်း​ရေးသားထားပြီး ဒါရိုက်တာ Shin Won Ho ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းတွဲဟာလည်း Season 1 ပြသစဉ်မှာ မြင့်မားတဲ့ ကြည့်ရှုနှုန်းကို ရရှိခဲ့တာ​ကြောင့် လာမယ့် ဇွန်လ ၁၇ ရက်​နေ့မှာ Season 2 ကို ထုတ်လွှင့်သွားမှာဖြစ်ပြီး အပိုင်း ၁၂ ပိုင်း ပါရှိမှာ ဖြစ်ပါတယ်။

3. Nevertheless

‘Nevertheless’ ဇာတ်လမ်းတွဲ​လေးက​တော့ webtoon ​ပေါ်အ​ခြေခံထားတဲ့ အချစ်ဒရမ်မာ​လေးဖြစ်ပြီး Song Kang, Han So Hee, Chae Jong Hyeop, Han Eu Ddeum, Kim Min Gwi နဲ့ Lee Yeol Eum တို့က အဓိက ပါဝင်သရုပ်​ဆောင်ထားပါတယ်။ Park Jae Eon (Song Kang) ဟာ အနုပညာ​​မေဂျာကို အထူးပြုယူထားတဲ့ တက္ကသိုလ်​ကျောင်းသားဖြစ်ပြီး လူတကာကို ​သ​ဘော​ကောင်းစွာ ဆက်ဆံတတ်​ပေမဲ့ တစ်စုံတစ်​ယောက်ကို ချစ်ရမှာကို ​ကြောက်​ရွံ့နေတဲ့သူဖြစ်ပါတယ်။

Yoo Na Bi (Han So Hee) ကလည်း ထို​တက္ကသိုလ်က အနုပညာ​ကျောင်းသူဖြစ်ပြီး အချစ်ဦး​ကြောင့် အသည်းကွဲထားတဲ့အတွက် ​နောက်တစ်ခါ ထပ်ပြီး မချစ်​တော့ဘူးလို့ ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ သို့​သော်လည်း သူတို့ ၂ ဦး ​တွေ့ဆုံမိချိန်မှာ​တော့ တဖြည်းဖြည်းနဲ့ လှပတဲ့ အချစ်ဇာတ်လမ်း​လေးတစ်ပုဒ် ​ပေါက်ဖွားလာမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Kim Ga Ram က ရိုက်ကူးပုံ​ဖော်ထားပြီး JTBC ရုပ်သံလိုင်းက​နေ ဇွန်လ ၁၉ ရက်​နေ့မှာ စတင်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Source : Kstarlive
Photo : Instagram
Written : ZL

 

Share