BTS အဖွဲ့ရဲ့ “Dynamite” သီချင်းက ENHYPEN အဖွဲ့အတွက် လွန်စွာမှအရေးပါခဲ့ကြောင်းပြောပြခဲ့တဲ့ Jake

Kpop အဖွဲ့သစ်တွေထဲကမှ ကမ္ဘာကျော် BTS အဖွဲ့ရဲ့ ဂျုနီယာအဖွဲ့သစ်ဖြစ်တဲ့ ENHYPEN ကလည်းပဲ လက်တလောမှာ စီနီယာတွေရဲ့ခြေရာကိုနင်းပြီး ကမ္ဘာ့ဂီတနယ်ပယ်ထဲမှာပါ ထဲထဲဝင်ဝင်အောင်မြင်နေပါတယ်။ မကြာသေးခင်ကမှ ENHYPEN အဖွဲ့ဟာ ELLE‘s Game of Song Association အစီအစဥ်မှာ ပါဝင်ခဲ့ပြီး game ကစားရင်းက တိုက်ဆိုင်စွာနဲ့ပဲ BTS အဖွဲ့ရဲ့ “Run” သီချင်းနဲ့ ဆက်စပ်သွားခဲ့ပါတယ်။ ချက်ချင်းဆိုသလို Sunoo က သူတို့တွေရဲ့ စီနီယာ BTS အဖွဲ့အကြောင်းကို ဖောက်သည်ချပါတယ်။

Jake ကဆိုရင် BTS အဖွဲ့ဟာ သူတို့တွေအတွက် လွန်စွာကြီးမားတဲ့အားအင်တစ်ခုဖြစ်ခဲ့ပြီး အထူးသဖြင့် BTS ရဲ့ “Dynamite” သီချင်းဟာ ENHYPEN အဖွဲ့အတွက် အရေးပါခဲ့ပုံကို ပြောပြခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်နေစဥ်ကာလအတွင်းမှာ ပွဲဦးထွက်ခဲ့တဲ့ အဖွဲ့သစ်အနေနဲ့ သူတို့ရဲ့ပရိသတ်တွေကို အပြန်အလှန်ချိတ်ဆက်ဖို့အတွက် အခက်အခဲတွေလည်းရှိခဲ့ပါတယ်။ ဒီအကြောင်းလေးကိုလည်း Jake က “ကျွန်တော်တို့ ENHYPEN အဖွဲ့က တကယ့် ဘေးကြပ်နံကြပ်ကာလအတွင်းမှာ ပွဲဦးထွက်ခဲ့တာပါ။

ကန့်သတ်ချက်တွေ၊ စည်းမျဥ်းစည်းကမ်းတွေကြားထဲမှာ ဖျော်ဖြေရတာတွေရှိတော့ ပရိသတ်တွေရဲ့ရှေ့မှောက် စင်မြင့်ထက်မှာတင်ဆက်ဖို့ကလည်း ခက်ခဲတဲ့အနေအထားဖြစ်နေပြန်ပါတယ်။ ဒီအချိန်မှာ BTS က စီနီယာတို့ရဲ့ “Dynamite” သီချင်းလေးက ကျွန်တော်တို့ကို အများကြီးအကူအညီပေးခဲ့ပါတယ်။ သီချင်းကပေးချင်တဲ့ Message ကိုခံစားရင်း ခက်ခဲတဲ့အချိန်တွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ခက်ခဲတဲ့အချိန်တွေမှာတောင် မင်းရဲ့ပျော်ရွှင်မှုကို ရှာဖွေတွေ့ရှိနိုင်ပါတယ်… အဲ့လိုခံစားချက်မျိုးပေးနိုင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်တာကြောင့် ကျွန်တော်တို့ ENHYPEN အဖွဲ့တော့ တကယ်ကို အရေးပါခဲ့တဲ့သီချင်းတစ်ပုဒ်ဖြစ်ပါတယ်” ဆိုပြီး ပြောပြသွားခဲ့ပါတယ်။

Jake ပြောသလိုပဲ BTS အဖွဲ့ရဲ့သီချင်းတွေဟာ နားဆင်သူတွေကို တကယ့်စိန်ခေါ်မှုအများဆုံးအချိန်မှာ အားအင်တွေပေးစွမ်းနိုင်တဲ့သီချင်းလေးတွေပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံးသီချင်းတွေကိုသာ ဖန်တီးပေးချင်တဲ့ BTS ကတော့ အားပေးသူတွေကိုသာမက တခြား Idol တွေကိုပါ အားအင်တွေဖြစ်နေစေခဲ့ပြီ ဖြစ်ပါတယ်။

Source: Koreaboo
Photos: Naver
Written: Julia

Share