“The World of the Married” ကို Thai Version အဖြစ် ပြန်လည်ရိုက်ကူးဖို့စီစဉ်နေတဲ့ Thai TV3

၂၀၂၀ တုန်းက နိုင်ငံအနှံ့အပြားမှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့အထိနာမည်ကြီးခဲ့တဲ့ တောင်ကိုရီးယားဇာတ်လမ်းတွဲတစ်ခုရှိပါတယ်။ “The World of the Married” ကတော့ JTBC ကနေထုတ်လွှင့်ပြသခဲ့ပြီး ကြည့်ရှုသူတွေရဲ့ အားပေးချီးမွမ်းသံတွေကိုအများအပြားရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့တာပါ။

“The World of the Married” ဟာ BBC Series ဖြစ်တဲ့ Doctor Foster ကို ကိုရီးယားဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲရိုက်ကူးထားတာဖြစ်ပြီး Kim Hee-ae,Park Hae-joon နဲ့ Han So-hee တို့က အဓိကဇာတ်လိုက်တွေအဖြစ်ပါဝင်ထားပါတယ်။ အိမ်ထောင်စုတစ်ခုအတွင်းဖြစ်လေ့ရှိတဲ့ ဆက်ဆံရေးမပြေလည်မှုတွေ၊ သစ္စာမရှိမှုတွေနဲ့ အရင်းနှီးဆုံးသူတွေရဲ့ လှည့်စားခံရခြင်းတွေကို ကွက်ကွက်ကင်းကင်းမြင်အောင် ရိုက်ကူးပြသထားပါတယ်။

ဒီလိုမျိုးအောင်မြင်ကျော်ကြားခဲ့တဲ့ဇာတ်လမ်းတွဲကို Thai Version အဖြစ် Thai TV3 က ပြန်လည်ရိုက်ကူးတော့မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ထုတ်ပြန်ချက်ကို ကြားသိခဲ့ကြရပြီးတဲ့နောက် ထိုင်းဇာတ်လမ်းချစ်ပရိသတ်တွေက လွန်စွာစိတ်လှုပ်ရှားခဲ့ကြပြီး အဓိကဇာတ်လိုက်တွေအဖြစ် Anne Thongprasom နဲ့ Ken Theeradeth တို့က အသင့်တော်ဆုံးဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။

2020 နှစ်ကုန်တုန်းကလည်း မင်းသမီးကြီး Anne Thongprasom က “Song About” အစီအစဥ်မှာ ပါဝင်ခဲ့ပြီး သူမဟာ “The World of the Married” ဇာတ်လမ်းကို စွဲစွဲလန်းလန်းကြည့်မိနေပြီး အဓိကဇာတ်လိုက်မင်းသမီး (မယားကြီး) အဖြစ် သရုပ်ဆောင်ချင်ကြောင်း ပြောပြခဲ့ဖူးပါတယ်။ အဓိကဇာတ်ဆောင်မင်းသားအတွက်တော့ မင်းသား Ken Theeradeth က လိုက်ဖက်ပြီး မယားငယ်အဖြစ်သရုပ်ဆောင်ဖို့အတွက် Mai Davika က ကျွမ်းကျင်စွာပုံဖော်နိုင်မယ့်အကြောင်း ဖော်ပြပြောဆိုခဲ့ဖူးပါတယ်။ ဇာတ်လမ်းတွဲအတွက် အဓိကသရုပ်ဆောင်တွေကို မထုတ်ပြန်သေးပေမဲ့ Thai Version အဖြစ် ပြန်လည်ရိုက်ကူးမယ့်အကြောင်းကတော့ သေချာနေပြီဖြစ်လို့ နောက်ဆုံးရသတင်းတွေကို ဆက်လက်ဖော်ပြပေးပါဦးမယ်။

Source: ThaiUpdate
Photos: ThaiUpdate
Written: Julia

Share