“DON’T FIGHT THE FEELING” Special album ကို အခြေခံပြီး ထုတ်ထားတဲ့ mini game ‘EXO-SHIP SAGA’ ထွက်ရှိလာ

‘DON’T FIGHT THE FEELING’ album ရဲ့ teaser image တွေဟာ အစဦးပိုင်းမှာ member တွေရဲ့ ခပ်မိုက်မိုက်ပုံစံ အလန်းစားပုံရိပ်တွေ ထွက်ရှိခဲ့ပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ member တွေရဲ့ နုနယ်ပြီး ချစ်ဖို့ကောင်းတဲ့ ပုံလေးတွေ ထွက်ရှိလာခဲ့ပါတယ်။

Dark type ကနေ cute type ပုံစံပြောင်းသွားတာကတော့ Parallel universe concept ကို အသုံးပြုထားလို့ ဖြစ်ပါတယ်။ ဒါ့အပြင် ခု အသစ်ထွက်ရှိထားတဲ့ Teaser image Group Photo ဟာ 2017 က ထွက်ရှိခဲ့တဲ့ “Power” MV ထွက်ရှိတုန်းက Gp photo နဲ့လည်းသွားတူနေပါသေးတယ်။ Suho နဲ့ chen မပါတာက လွဲရင် ကျန်တဲ့ member တွေရဲ့ လှုပ်ရှားမှုပုံစံကအစ အကုန်ထပ်တူကျနေပါတယ်။

မနေ့ကတော့ Album ရဲ့ Details အပြင် Xiumin နဲ့ Baekhyun တို့ရဲ့ cute type ပုံလေးတွေ ထွက်ရှိလာပါတယ်။ တဆက်တည်း “EXO-SHIP SAGA” ဆိုတဲ့ mini game ကိုပါ SM က မိတ်ဆက်ပေးခဲ့ပါတယ်။ Album ထွက်ဖို့ စောင့်စားနေရတဲ့ EXO L တွေ မပျင်းရအောင် ဖန်တီးပေးခဲ့တာပါ။ Game ပုံစံလေးကတော့ ခု ထွက်ရှိမဲ့ Special album ရဲ့ Concept ကို အခြေခံထားတာ ဖြစ်ပါတယ်။

ဒီ game ကို ကစားဖို့အတွက် အရင်ဦးဆုံးလုပ် ရမှာကတော့ ကိုယ့်မွေးနေ့ ဒါမှမဟုတ် ကိုယ်နှစ်သက်ရာ EXO member တွေရဲ့ မွေးနေ့ကို အရင် ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ရိုက်ထည့်လိုက်တဲ့ မွေးနေ့အပေါ် မူတည်ပြီး Game က ရွေးချယ်ပေးတဲ့ Player ရသွားမှာ ဖြစ်ပါတယ်။ Player ဖြစ်သွားရင်တော့ Red force ကို အနိုင်တိုက်ပြီး အမှတ်တွေရအောင်လုပ်ရမှာ ဖြစ်ပါတယ်။

Fuel လိုမျိုး ကျလာတဲ့ ပစ္စည်းလေးတွေကို လိုက်ဖမ်းပြီး ကိုယ့် Power ကို အဆင့်မြှင့်လို့လည်း ရပါသေးတယ်။ Mission ကို ပြီးဆုံးအောင် လုပ်ဖို့ အသက် ၃ သက် လည်း ပေးထားပါသေးတယ်။ Red force ကို အနိုင်တိုက်လိုက်နိုင်ပြီ ဆိုတာနဲ့ EXO ရဲ့ ဆောင်ပုဒ် “EXO WE ARE ONE” ဆိုတဲ့ စာသား screen ပေါ်မှာ ပေါ်လာမှာ ဖြစ်ပါတယ်။

ဆုကတော့ EXO member တစ်ယောက်ရဲ့ ID card လေး ရမှာ ဖြစ်ပါတယ်။ တကယ်လို့ EXO-L တွေရဲ့ anniversary date ကို မွေးနေ့အဖြစ်ရိုက်ထည့်ထားခဲ့ရင်တော့ EXO L card ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ https://exoship-saga.com/ ဆိုတဲ့ website မှာ online ဖွင့်ပြီး ကစားကြည့်ကြလိုက်ပါနော်။

Source: kpopstarz
Written: Violet

 

Share