Bamboo in the Rock သီချင်းကို တတိယအကြိမ်သီဆိုခဲ့ပြီး မတူညီတဲ့ခံစားချက်တွေပေးနိုင်ခဲ့တဲ့ Xiao Zhan

မေလ(၃၁)ရက်နေ့ညပိုင်းမှာ Beijing Satellite TV ကနေကျင်းပခဲ့တဲ့ Boiling Night BRTV Show မှာဖျော်ဖြေတင်ဆက်ခဲ့တဲ့ Xiao Zhan ရဲ့ သီဆိုဖျော်ဖြေမှုများက အင်တာနက်အသုံးပြုသူများကြားမှာ အတော်လေးရိုတ်ခတ်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ တကယ်တမ်းဆိုရင်တော့ Xiao Zhan ဟာ သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွဲရိုက်ကူးမှုတွေနဲ့ အားလပ်ချိန်ဆိုတာမရှိလောက်တဲ့အထိ အလုပ်များနေတဲ့ကြားက ဒီဖျော်ဖြေပွဲကိုလက်ခံပါဝင်ခဲ့တာကိုပဲ ပရိတ်သတ်များအတွက် အံ့ဩပျော်ရွှင်စရာကောင်းနေခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ Let me stay by My Side နဲ့ Bamboo in the Rock တို့ကိုရွေးချယ်ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပရိတ်သတ်တွေကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ ဒါဟာ Bamboo in the Rock သီချင်းကိုဖျော်ဖြေတာ တတိယမြောက်အကြိမ်လည်းဖြစ်ခဲ့ပါတယ်။ နှစ်သစ်ရဲ့ပထမဆုံးနေ့မှာကျင်းပခဲ့တဲ့ CCTV ရဲ့ Classic Chant Chuan Program မှာဖျော်ဖြေခဲ့တာဟာ ပထမဆုံးအကြိမ်ဖြစ်ခဲ့ပါတယ်။ ထိုအချိန်က သူဖော်ပြလိုတာကတော့ လူငယ်တစ်ဦးဟာ တိုးတက်မှုအတွက်ကြိုးစားအားထုတ်ရမယ်ဆိုတဲ့ ခိုင်မာတဲ့ယုံကြည်ချက်ကို ခံစားသက်ဝင်သီဆိုခဲ့တယ်လို့ဆိုခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ Xiao Zhan ရဲ့အောင်မြင်မှုတွေဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေကြောင့် ပိုမိုသိသာထင်ရှားလာခဲ့ပါတယ်။

ဒုတိယအကြိမ်ဖျော်ဖြေတင်ဆက်ခဲ့တာကတော့ 2020 ခုနှစ်၊ မေလ(၉)ရက်နေ့ကကျင်းပခဲ့တဲ့ Beijing Satellite TV ရဲ့ Party တစ်ခုမှာပဲဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ များပြားစွာပေါ်ထွန်းနေတဲ့ခေတ်သစ်အနုပညာရှင်များကိုရည်ညွှန်းဖျော်ဖြေတယ်လို့ ဖော်ပြခဲ့ပါတယ်။ တတိယအကြိမ်ဖြစ်တဲ့ Boiling Night ရဲ့ဖျော်ဖြေမှုမှာတော့ ဖီးနစ်ငှက်ရဲ့အတွေးပုံရိပ်လိုမျိုး အထွတ်အထိပ်ကိုတက်ဖို့ ဦးတည်နေတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်ကိုရည်ညွှန်းတယ်လို့ သိရပါတယ်။

အရာရာကိုကိုယ်တိုင်ကြိုးစားပုံဖော်ခဲ့ရပြီး အခက်အခဲတွေ၊အတိုက်အခိုက်တွေကို ကြံ့ကြံ့ခံရင်း ကြိုးစားမှုရဲ့ရလဒ်အနေနဲ့ ထိပ်ဆုံးဆိုတဲ့နေရာကိုပိုင်ဆိုင်ခွင့်ရနေတဲ့ Xiao Zhan အတွက် အရာရာဟာအဖိုးတန်နေတယ်ဆိုတာကို ထင်ရှားစွာမြင်တွေ့ခဲ့ကြရပါတယ်။ ပရိတ်သတ်တွေကိုချပြမယ့် အကြောင်းအရာတစ်ခုချင်းစီတိုင်းကိုလည်း အသေးစိတ်ကျကျ၊ အဓိပ္ပာယ်ရှိရှိဖော်ဆောင်ပေးနေတဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်တာကြောင့် ဖျော်ဖြေရေးလောကမှာတော့ Xiao Zhan နဲ့သူ့ရဲ့ပရိတ်သတ်တွေဟာ အစဉ်အမြဲ တစ်သွေးတည်းတစ်သားတည်းဖြစ်နေဦးမယ်ဆိုတာ သက်သေပြစရာမလိုလောက်အောင် သေချာနေပါတယ်။

Written: Nair Nair
Source: Weibo
Photos: Weibo

Share