ရန်ဖြစ်ပြီးနောက် မိုးရေထဲမှာငိုပွဲဆင်နွှဲခဲ့ကြတဲ့ Jimin နဲ့ Jungkook တို့ရဲ့ ဇာတ်လမ်းလေးတစ်ပုဒ်

BTS အဖွဲ့ဝင်တွေက တကယ့်ညီအစ်ကိုအရင်းတွေထက်တောင် ပိုပြီးရင်းနှီးကြမှန်း အားလုံးအသိပါပဲ။ အတူတူနေရတာ နှစ်တွေအတော်ကြာပြီဆိုတော့ အဖွဲ့ဝင်တွေကြားမှာ စကားများတာမျိုး၊ ရန်ဖြစ်တာမျိုးတွေလည်း ရှိကြမှာပါ။

ရန်ဖြစ်တဲ့ကိစ္စနဲ့ပတ်သက်လို့ အငယ်ဆုံးလေး Jungkook က ၂၀၁၅-၂၀၁၆ လောက်တုန်းက Jimin နဲ့ ရန်ဖြစ်ခဲ့တဲ့အကြောင်းကိုပြန်ပြောဖြစ်တဲ့အခါမှာတော့ Drama ဆန်လွန်းတာကြောင့် အဖွဲ့ဝင်တွေအားလုံး ရီကြရပါတော့တယ်။ အပြည့်အစုံကိုတော့ Jimin က ဒီလိုပဲပြောပြလာခဲ့ပါတယ်။

“မှတ်မှတ်ရရ အဲ့တုန်းက Jungkook နဲ့ အကလေ့ကျင့်တဲ့အခန်းထဲမှာ စကားများတာပေါ့။ ရန်ဖြစ်ပြီးတော့ တအားကိုဒေါသတွေထွက်ပြီး Jungkook ကို “မင်းလုပ်ချင်တာလုပ်” လို့ ပြောပြီးထွက်ချလာတာ.. အပြင်မှာလည်းမိုးတွေကရွာလို့ပေါ့နော်..ခဏလောက်လည်းကြာကော Jungkook က ဖုန်းဆက်ပြီး “အစ်ကို Jimin.. ကျွန်တော်တောင်းပန်ပါတယ်” လို့ လှမ်းပြောရော..

အဲ့လိုလည်းပြောကော ကျွန်တော်က “ငါ့ကို ဖုန်းမဆက်နဲ့လိုပြောခဲ့တယ်မလား” လို့ စိတ်တိုတိုနဲ့ပြန်ပြောမိလိုက်တယ်.. ပြီးတော့ကျ “မင်းဘယ်မှာလဲ” ပေါ့ မေးတော့ Jungkook က “ကျွန်တော်ဘယ်ရောက်နေလဲမသိဘူး” ဆိုပြီး ပြန်ဖြေပါလေရော.. အဲ့တာနဲ့ “မင်း,ဘယ်ရောက်နေတာလဲ.. ငါလာခဲ့မယ်” ဆိုပြီး ထပ်မေးတာကို ကုကုက “ကျွန်တော်မသိပါဘူး” ချည်းပဲဖြေတာ..

အဲ့လိုနဲ့ပဲ ကျွန်တော်ရှိတဲ့နေရာကိုပြောပြလိုက်တာပေါ့.. ခဏလည်းကြာတော့ Jungkook က ကျွန်တော့်ဆီကိုရောက်လာပြီး သူရောက်လာလာချင်း “Jungkook” လို့ခေါ်ပြီး တင်းတင်းလေးဖက်လိုက်မိသေးတယ်။ အဲ့နေ့တုန်းက Jungkook ခမျာ တော်တော်လေးကိုငိုနေခဲ့သေးတယ်” ဆိုပြီး ညီအစ်ကိုနှစ်ယောက် ရန်ဖြစ်ပြီး မိုးရေထဲမှာပဲ ဒရမ်မာဆန်ဆန်ပြန်တည့်သွားတာကို Jimin တစ်ယောက် အားရပါးရကြီး ပြန်ပြောပြပါတော့တယ်။

RM နဲ့ Jin ကဆိုရင် သူတို့နှစ်ယောက်ရဲ့အဖြစ်အပျက်က ဇာတ်လမ်းတွဲတွေထဲက သမီးရည်းစားရန်ဖြစ်ပြီး ပြန်တည့်သွားပုံစံနဲ့တူကြောင်း ပြောခဲ့ကြပြီး အကုန်လုံးကလည်း အဲ့လိုမျိုးခံစားရကြောင်း တညီ တညွတ်တည်း ထောက်ခံခဲ့ကြပြန်ပါတယ်။ ဒီလိုနဲ့ပဲ Jimin နဲ့ Jungkook တို့ရဲ့ ရန်ပွဲလေးကတော့ မိုးရေထဲမှာပဲ နှစ်ယောက်သား တင်းတင်းကြပ်ကြပ်ဖက်ရင်း အဆုံးသတ်သွားခဲ့ပါတော့တယ်။

Source: Koreaboo
Photos: Koreaboo
Written: Julix

Share