အံ့ဩစရာကောင်းလောက်အောင်သေးသွယ်တဲ့ခါးလေးတွေရဲ့ပိုင်ရှင် တရုတ်မင်းသားချောများ

Luo Yunxi

Luo Yunxi ကတော့ သူ့ရဲ့သေးသွယ်တဲ့ခါးလေးတွေနဲ့ပတ်သက်ပြီး Weibo ရဲ့ Hot Search မှာ မကြာခဏဆိုသလို ရှာဖွေခံရသူဖြစ်ပါတယ်။ ရိုက်ကွင်းနောက်ကွယ်က ဓာတ်ပုံတစ်ပုံကို အင်တာနက်ပေါ်တင်လိုက်တာကနေစပြီး ပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာ Luo Yunxi ဟာ အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားပြီး ဘောင်းဘီထဲကိုထိုးသွင်းထားပေမယ့် ဘောင်းဘီကအရမ်းကြီးနေတာကြောင့် ကျောနောက်ဘက်ကို ကလစ်တစ်ချောင်းနဲ့ညှပ်ထိန်းထားရတာကိုတွေ့ရမှာဖြစ်ပါတယ်။ ဒီတစ်ကြိမ်တည်းသာမဟုတ်ဘဲ ဘောင်းဘီကို ခါးပတ်အသုံးမပြုဘဲဝတ်ဆင်တိုင်းမှာ ကလစ်နဲ့အမြဲထိန်းညှပ်ထားရတာဖြစ်ပါတယ်။ Luo Yunxi ရဲ့ ခါးဟာ (၆၂)စင်တီမီတာသာရှိပြီး တရုတ်ရိုးရာဝတ်စုံတွေဝတ်ဆင်ချိန်မှာ သူ့ရဲ့ခါးပါးပါးလေးကို ထင်ရှားစွာမြင်တွေ့နိုင်ပါတယ်။

Xiao Zhan

Wei Wuxian အဖြစ် နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ Xiao Zhan ကိုတော့ အနီရောင်တရုတ်ရိုးရာဝတ်စုံနဲ့အတူ သူ့ရဲ့ခါးသေးသေးလေးကို ရင်းနှီးသူများစွာရှိမယ်လို့ထင်ပါတယ်။ The Untamed ဇာတ်လမ်းတွဲရိုက်ကူးစဉ်က ပိန်ပိန်သွယ်သွယ်ချစ်စရာကောင်လေးအဖြစ် ပိုင်နိုင်စွာသရုပ်ဆောင်နိုင်ဖို့ ခန္ဓာကိုယ်ပုံသဏ္ဌာန်ကိုထိန်းသိမ်းတဲ့အနေနဲ့ (၃)ရက်ကြာအောင် အစားအသောက်ကိုချင့်ချိန်စားသုံးခဲ့တယ်လို့သိရပါတယ်။ ဒါဟာ Xiao Zhan ရဲ့ ရိုက်ကူးရေးအပေါ် အလေးထားမှုတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

​နောက်တစ်ခုအနေနဲ့ Xiao Zhan ဟာ စစ်သားတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်မယ့် Ace Troop ထဲမှာတော​့ တောင့်တင်းခိုင်မာတဲ့ခန္ဓာကိုယ်ရရှိဖို့အတွက် ကြိုးပမ်းခဲ့ပါသေးတယ်။ ဇာတ်ကောင်ရဲ့ရသကိုပိုမိုပြည့်စုံစေဖို့ရည်ရွယ်ပြီး ခန္ဓာကိုယ်ကိုပြုပြင်ပြောင်းလဲတာဟာ သရုပ်ဆောင်တစ်ယောက်အတွက် အရေးပါတဲ့အရာပဲဖြစ်ပါတယ်။

Wang Yibo

တရုတ်ရိုးရာဝတ်စုံနဲ့ Wang Yibo ရဲ့ဇာတ်ကောင်တွေထဲမှာတော့ Lan Wangji နဲ့ Xie Yun ဇာတ်ကောင်များကို သရုပ်ဆောင်ခဲ့စဉ်က ဝတ်စုံများဟာ သူ့ရဲ့ခါးသွယ်သွယ်ကို ပေါ်လွင်စေခဲ့ပါတယ်။ အထူးသဖြင့် Xie Yun ဇာတ်ကောင်မှာပိုပြီးခါးပါးပါးလေးကို မြင်တွေ့ခဲ့ကြရတာဖြစ်ပါတယ်။

ယခုနောက်ပိုင်းမှာတော့ Chen Yu အဖြစ်ပါဝင်ထားတဲ့ Being A Hero ရုပ်ရှင်နဲ့ Yang Zhen အဖြစ်ပါဝင်ထားတဲ့ Formed Police Unit ရုင်ရှင်တွေထဲမှာတော့ ရဲသားတစ်ယောက်အဖြစ်ပါဝင်သရုပ်ဆောင်ရမှာဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကျစ်လျစ်တောင့်တင်းအောင် ပြောင်းလဲထားတယ်လို့သိရပါတယ်။

Written : Nair Nair
Source : Weibo
Photos : Weibo

Share