Trailer နဲ့တင် ကြည့်ချင်တဲ့စိတ်မြင့်တက်စေခဲ့တဲ့ Xiao Zhan ရဲ့ “The Longest Promise”

Xiao Zhan နဲ့ Ren Min တို့ရဲ့ တရုတ်ရှေးဟောင်းစိတ်ကူးယဥ်ဇာတ်လမ်းတွဲသစ် The Longest Promise ကတော့ မထွက်ခင်ကတည်းက လူအများစိတ်ပါဝင်စားမှုရှိနေတဲ့ဇာတ်လမ်းတွဲတစ်ခုပါ။ နာမည်ကြီးလူကြိုက်များတဲ့မင်းသား Xiao Zhan ကြောင့် အားပေးကြည့်ရှုမယ့်သူအများအပြားရှိနေတာဖြစ်ပြီး Tencent ဖက်ကနေလည်း တရားဝင် Trailer ကို ထုတ်ပေးခဲ့ပြီးပါပြီ။ Trailer ကြည့်ပြီးတဲ့နောက်မှာတော့ ပရိသတ်တွေက စိတ်ကျေနပ်မှုတွေကိုလည်းရရှိခဲ့ကြပြီး ဇာတ်လမ်းတွဲမြန်မြန်ထွက်လာဖို့အထိ တောင့်တနေကြပါတော့တယ်။

The Longest Promise ကတော့ နာမည်ကျော်ဝတ္ထုဖြစ်တဲ့ Mirror: Zhu Yan ကို အသက်သွင်းထားတာဖြစ်ပြီး Mirror: Twin Cities နဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။ ဆရာ-တပည့်ဇာတ်လမ်းတွဲမျိုးဖြစ်ပြီး တော်ဝင်မင်းသား Shi Ying (Xiao Zhan) နဲ့ Chi မျိုးနွယ်မင်းသမီး Zhu Yan (Ren Min) တို့ကြားက အချစ်ဇာတ်လမ်းလေးကို ကြွတက်နေအောင်ရိုက်ကူးထားတာပါ။ နိုင်ငံရေးနောက်ခံမတူညီမှုတွေကြောင့် တစ်ယောက်အပေါ်တစ်ယောက်ဖြစ်ပေါ်နေတဲ့အချစ်တွေကို ဖုံးကွယ်ထားခဲ့ရာက နာကျင်ကြေကွဲမှုတွေကြားက အချစ်အတွက်စွန့်စားကြမယ့်ဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။

The Longest Promise ရဲ့ Trailer ကတော့ စတင်ထွက်ရှိပြီး တစ်ရက်အတွင်းမှာပဲ ကြည့်ရှုသူ 10 million ကျော်အထိ ရရှိကာ စံချိန်တင်နိုင်ခဲ့ပါတယ်။ Trailer ကို စိတ်ပါလက်ပါကြည့်ခဲ့ကြတဲ့ပရိသတ်တွေကတော့ Xiao Zhan ရဲ့ ပုံစံအသွင်အပြင်နဲ့ သရုပ်ဆောင်စွမ်းရည်တွေကြောင့် သူ့ရဲ့ နူးညံ့နွေးထွေးတဲ့ဇာတ်ကောင်ပုံစံနဲ့လွန်စွာလိုက်ဖက်တဲ့အကြောင်း ပြောမဆုံးနိုင်ဖြစ်ခဲ့ကြပါတော့တယ်။ မင်းသမီးလေး Ren Min ကလည်းပဲ မြတ်နိုးစရာကောင်းပြီး ဖြူစင်တဲ့ချစ်စရာပုံစံလေးကြောင့် နှစ်ယောက်သားဟာ လွန်စွာလိုက်ဖက်နေမယ့်ဇာတ်လမ်းစုံတွဲဖြစ်လာမယ်လို့ သုံးသပ်နေကြပြီး Xiao Zhan နဲ့ Ren Min ရဲ့ chemistry မိမိသရုပ်ဆောင်ချက်တွေကို ကြည့်ချင်စိတ်တွေပြင်းထန်နေခဲ့ပါပြီ။ Xiao Zhan မျက်ရည်ကျတဲ့အပိုင်းလေးကဆိုရင် လှပဆွဲဆောင်မှုရှိလွန်းတာကြောင့် Trending တောင်ဝင်သွားခဲ့ပါသေးတယ်။ လှပနူးညံ့တဲ့ဇာတ်လမ်းလေးဖြစ်တာမို့လို့ Xiao Zhan ရဲ့နူးညံ့နွေးထွေးတဲ့အကြည့်၊ ကြည်နူးစရာအပြုအမူလေးတွေအပြင် Ren Min ရဲ့ ချစ်စရာကောင်းတဲ့ပုံစံလေးကိုတော့ ကြည့်ချင်နေပါပြီ။

Source: Weibo
Photos: Tencent
Written: Julix

Share