၂ လကြာအသံတိတ်နေရာမှ post တစ်ခုနဲ့ Update တင်ပေးခဲ့တဲ့ မင်းသမီးလေး Seo Ye Ji

It’s Ok not to be Ok ဇာတ်လမ်းတွဲနဲ့ ပရိသတ်အချစ်ကိုမြောက်မြားစွာရရှိခဲ့တဲ့ မင်းသမီးလေး Seo Ye Ji ကတော့ သူမရဲ့ချစ်သူဟောင်း Kim Jung Hyun နဲ့ပတ်သက်ပြီး အငြင်းပွားစရာကိစ္စတွေထဲမှာ ပါဝင်ခဲ့ပြီးနောက် ၂ လလောက် ဘာလှုပ်ရှားမှုသတင်းမှမရှိဘဲ အသံတိတ်ကာ နေထိုင်ခဲ့ပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ Seo Ye Ji ဟာ သူမရဲ့ whereabouts မှာ Update တင်ပေးခဲ့ပြီး ပရိသတ်တွေထံကိုပြန်ရောက်လာခဲ့ပြီဖြစ်ပါတယ်။

Star Today အရ June ၁၁ ရက်နေ့မှာပဲ မင်းသမီး Seo Ye Ji ဟာ သူမရဲ့တရားဝင် fancafe မှာ ရိုးရှင်းနဲ့စာလေးနဲ့အတူ Update တင်ပေးခဲ့တာဖြစ်ပါတယ်။ Post မှာဆိုရင် “ကျွန်မကို ယုံကြည်နေတဲ့လူတွေရှိသေးတယ်ဆိုတာကိုသိရှိရတာဟာ ကျွန်မအတွက် တကယ်ကိုကောင်းမွန်တဲ့ခံစားချက်ကိုဖြစ်ပေါ်စေပါတယ်” ဆိုတဲ့ စာလေးနဲ့အတူ ပုံလေးတစ်ပုံကိုတင်ပေးခဲ့တာပါ။

ပြဿနာအရှုပ်အရှင်းတွေထဲမှာပါဝင်ခဲ့ရတဲ့ မင်းသမီး Seo Ye Ji အနေနဲ့ ရိုက်ကူးတော့မယ့်ဇာတ်လမ်းသစ် Island ရဲ့ ဇာတ်ကောင်နေရာကနေ နှုတ်ထွက်ခဲ့ရတဲ့အပြင် သူမကိုဖိတ်ကြားထားသမျှ အခမ်းအနားနဲ့ ဆုပေးပွဲတွေကိုလည်း တက်ရောက်ခြင်းမရှိခဲ့ဘဲ ၂လကြာ တိတ်တိတ်ဆိတ်ဆိတ်လေးပဲနေခဲ့ရှာပါတယ်။ YeJi အနေနဲ့ အခုလိုမျိုး Update လုပ်ပေးလိုက်တာကတော့ သူမကိုယုံကြည်ပြီးအားပေးနေတဲ့ပရိသတ်တွေအတွက် သူမအဆင်ပြေနေကြောင်းကို သိလိုက်ရပြီဖြစ်တာမို့လို့ မကြာခင်မှာပဲ ပရိသတ်တွေရဲ့ရှေ့မှောက်ကို အရင်လိုမျိုး ရဲဝံ့တက်ကြွစွာနဲ့ပြန်လာနိုင်ဖို့ မျှော်လင့်နေကြပါပြီဖြစ်ပါတော့တယ်။

Source: Koreaboo
Photos: KING
Written: Julix

Share