ဒရမ်မာ အတူရိုက်ကူးစဉ်က Park Hyung Sik ကြောင့် ဝိတ်ချခဲ့ရကြောင်း ဖွင့်ဟခဲ့တဲ့ Park Bo Young

Advertisements

မကြာသေးခင်ကမှ မင်းသမီး Park Bo Young ဟာ The Cultwo Show ဆိုတဲ့ တီဗီအစီအစဉ်မှာ special DJ အဖြစ်ပါဝင်ခဲ့ပြီး သူ့ရဲ့ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးမှုတွေနဲ့ ပတ်သတ်တဲ့ အမှတ်တရတွေအကြောင်း ပြောပြခဲ့ပါတယ်။ သူပြောပြခဲ့တဲ့ အမှတ်တရတွေထဲမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Strong Woman Do Bong Soon ဇာတ်လမ်းတွဲ အကြောင်းလဲ ပါဝင်ခဲ့ပါတယ်။

Park Bo Young ဟာ ဇာတ်လမ်းတွဲအကြောင်းမပြောခင်မှာ သူက မင်းသမီးဖြစ်ပေမယ့် ဗိုက်ဆာတာကို သည်းမခံနိုင်တဲ့သူဖြစ်ကြောင်းကို “ကျွန်မကဗိုက်ဆာရင် အိပ်လို့တောင်မပျော်ဘူး။ အဲ့ဒါကြောင့် ည တစ်နာရီ နှစ်နာရီမှ ထစားပြီး အိပ်ရာပြန်ဝင်တဲ့အထဲမှာပါတယ်” လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် သူ့ဘဝမှာလဲ အစားလျော့ပြီး ဝိတ်ချခဲ့ရတဲ့အချိန်တွေ ရှိပါတယ်တဲ့။

အဲ့ဒီအချိန်တွေကတော့ ရိုက်ကူးရေးရှိတဲ့အချိန်တွေဖြစ်ပြီး အထူးသဖြင့် Strong Woman Do Bong Soon ရိုက်ကူးခဲ့စဉ်ကပါတဲ့။ “Strong Woman Do Bong Soon ရိုက်တုန်းကဆိုရင် မင်းသား Park Hyung Sik ကတော်တော်လေး ပိန်သွယ်တဲ့အထဲပါတော့ ကျွန်မကသူ့ထက် ပြည့်သလိုဖြစ်နေတယ်။ အဲ့ဒီတော့ မတတ်သာပဲ ကိုယ်အလေးချိန်ချခဲ့ရတယ်” လို့ ဆိုပါတယ်။

Park Bo Young ကတော့ အလေးချိန်မလျှော့လဲ သေးသေးသွယ်သွယ် ချစ်စရာကောင်းနေပေမယ့် တွဲဖက်ရတဲ့ မင်းသားအပေါ်လိုက်ပြီး အသေးစိတ်ပြင်ဆင်တတ်ပုံလေးက ချီးကျူးစရာပါ။ ပရိတ်သတ်တွေလဲ Park Bo Young ရဲ့ စကားပြောပုံလေးကိုကြည့်ပြီး မင်မင်နဲ့ဘုံဘုံကို လွမ်းသွားကြပြီထင်ပါတယ်နော်။

Source : Koreaboo
Written : Dar Dar

Advertisements
Share