၆ နှစ်ကြာလက်တွဲခဲ့တဲ့ FNC Entertainment နဲ့ လမ်းခွဲဖို့ ပြင်ဆင်​နေတဲ့ Yoo Jae Suk

Advertisements

ဇူလိုင်လ ၆ ရက်​နေ့မှာ JTBC သတင်းဌာနက Yoo Jae Suk နဲ့ FNC Entertainment တို့ရဲ့ တရားဝင်စာချုပ်သက်တမ်းဟာ လာမယ့် ဇူလိုင်လ ၁၅ ရက်​နေ့မှာ ကုန်​ဆုံးတော့မှာဖြစ်​ကြောင်း ထုတ်ပြန်​ကြေငြာခဲ့ပါတယ်။ Yoo Jae Suk ဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်​နေ့တုန်းက FNC Entertainment နဲ့ တရားဝင်စာချုပ်ချုပ်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လမှာ စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။ ယခု နောက်ထပ် ၃ နှစ်ကြာပြီး​နောက် မကြာမီမှာ စာချုပ်သက်တမ်းကုန်ဆုံး​တော့မှာဖြစ်ပြီး JTBC ရဲ့ ​ပြောကြားချက်အရ Yoo Jae Suk ဘက်က​ရော FNC Entertainment ဘက်ကပါ စာချုပ်သက်တမ်း မတိုး​တော့ဖို့ သ​ဘောတူညီခဲ့ကြတယ်လို့ သိရှိရပါတယ်။

​ဖျော်​ဖြေ​ရေးနယ်ပယ်ထဲက အတွင်းလူတစ်ဦးက​တော့ “အနုပညာရှင်တစ်​ယောက်ဟာ စာချုပ်သက်တမ်းပြည့်ဖို့ ၃ လအလိုက စတင်ပြီး တခြား​အေဂျင်စီ​တွေကို စုံစမ်းလို့ ရပါတယ်။ ကျွန်​တော်သိသ​လောက်တော့ Yoo Jae Suk ကို ကမ်းလှမ်းထားတဲ့ ​အေဂျင်စီရှိ​နေပြီးသား ဖြစ်ပါတယ်”
လို့ ​ပြောကြားခဲ့ပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး FNC Entertainment က OSEN သတင်းဌာနကို “Yoo Jae Suk က FNC Entertainment လက်​အောက်မှာရှိပြီး သူ့ရဲ့ စာချုပ်နဲ့ပတ်သက်တဲ့ အ​သေးစိတ်အ​ကြောင်းအရာကို ​ပြောပြဖို့ ခက်ခဲပါတယ်။ အဲ့အတွက် နားလည်​ပေးမယ်လို့ ​မျှော်လင့်ပါတယ်” ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။

​နောက်ဆက်တွဲ ထွက်​ပေါ်လာတဲ့ သတင်းအရ Yoo Jae Suk ကို ကမ်းလှမ်းထားတဲ့ ​အေဂျင်စီဟာ ဂီတပညာရှင် Yoo Hee Yeol ရဲ့ Antenna Entertainment ဖြစ်တယ်လို့လည်းသိရပါတယ်။ Antenna က တာဝန်ရှိသူတစ်ဦးက “ကျွန်​တော်တို့ Yoo Jae Suk ကို စာချုပ်ချုပ်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီး မကြာ​သေးခင်က သူနဲ့​ ​​တွေ့ဆုံခဲ့တာ မှန်ပါတယ်။ ဒါ​ပေမဲ့ အတည်ပြုလို့ရတာ​တော့ ဘာမှမရှိ​သေးပါဘူး” လို့ ​ပြောကြားခဲ့ပါတယ်။ Antenna ဟာဆိုရင် Jung Seung Hwan, Sam Kim, Jukjae, Kwon Jin Ah, Lee Jin Ah, Jung Jae Hyung တို့အပြင် အခြား​သော အနုပညာရှင်များစွာနဲ့ လက်တွဲလုပ်ကိုင်​နေတဲ့ ​အေဂျင်စီဖြစ်ပါတယ်။ လက်ရှိမှာ Yoo Jae Suk ဟာ “How Do You Play?” “Running Man,” “You Quiz on the Block” နဲ့ “The Sixth Sense 2” စတဲ့ variety show ​တွေမှာ host အ​နေနဲ့ ​ဆောင်ရွက်​နေတာဖြစ်ပါတယ်။

Advertisements
k-dtana

Source : Soompi
Photo : Instagram, Naver
Written : ZL

Advertisements
Share