2021 ခုနှစ်ရဲ့ January လ ကနေ June လ အထိ YouTube မှာ ရှာဖွေအခံရဆုံး Male Idol (15) ယောက်

Advertisements

YouTube မှာ Kpop ရဲ့ လွှမ်းမိုးမှုအားဟာ တစ်နှစ်ထက် တစ်နှစ်ပိုကြီးလာတာပါ။ တချို့ Kpop MV တွေဆို billion ချီ Viewers ရှိပါတယ်။ Viewers တွေကြောင့် YouTube ကနေ ငွေရတာဆိုတော့ Idol တွေရဲ့ Entertainment တွေကတော့ ကျေနပ်နေမယ်ဆိုတာ အသေအချာပါဘဲ။ ဒါပေမဲ့ Fan တွေကတော့ Viewers အရေအတွက်ကို ဂုဏ်တခုသဖွယ် ယှဉ်ပြိုင်တတ်ကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ fan မဟုတ်တဲ့ ပရိသတ်တွေလည်း ဝင်ကြည့်မိရင် ဝင်ကြည့်မှာပါဘဲ။ Idol တွေကတော့ မိမိအနုပညာကို လူတိုင်းကို ချပြနိုင်ဖို့သာ အဓိကလို့တွေးမယ်ထင်ပါတယ်။ ခု 2021 ခုနှစ်ရဲ့ နှစ်ဝက်တောင် ကျော်လာလို့ July လ တောင်ရောက်လာပါပြီ။ January လ ကနေ June လ အထိ ဘယ် male idol တွေက YouTube မှာ ရှာဖွေမှုအများဆုံးလည်းဆိုတာ ပရိသတ်တွေ သိချင်မယ်ထင်ပါတယ်။ 25 ယောက် ရှိပေမဲ့ Top 15 ကို ခုလို ဖော်ပြလိုက်ပါတယ်။

15. Jaehyun (NCT)

NCT အဖွဲ့ဝင် Jaehyun က တော့ YouTube search index score 61 နဲ့ အဆင့် 15 ဖြစ်သွားတာ ဖြစ်ပါတယ်။ ဒီနှစ်ဝက်တွင်း Jaehyun ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ သူ့ရဲ့ vlog “24hr RELAY CAM” ဖြစ်ပါတယ်။ 5 လ အတွင်း 2.5 million views ရခဲ့ပါတယ်။

14. Chanyeol (EXO)

EXO အဖွဲ့ဝင် Chanyeol ကတော့ YouTube search index score 75 နဲ့ အဆင့် 14 ရပါတယ်။ဒီနှစ်ဝက်တွင်း Chanyeol ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ သူ့ရဲ့ Solo သီချင်း “Tomorrow” ဖြစ်ပါတယ်။4.3 million views ကို 3 လ နဲ့ရ ထားပါတယ်။

13. Jay Park

Jay Park ကတော့ YouTube search index score 77.79 နဲ့ ဒီစာရင်းမှာ အဆင့် 13 ရပါတယ်။ဒီနှစ်ဝက်တွင်း JayPark ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ Jessi နဲ့ အတူလုပ်ထားတဲ့ #WhatTypeofXChallenge video ဖြစ်ပါတယ်။ 3.9 million views ကို 3 လ အတွင်း ရ ..ထားပါတယ်။

12. Jackson (GOT7)

Jackson ကတော့ YouTube search index score 88.89 နဲ့ ဒီစာရင်းမှာ အဆင့် 12 ရပါတယ်။ ဒီနှစ်ဝက်တွင်း Jackson ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ သူ့ရဲ့ music video “LMLY” ဖြစ်ပါတယ်။ 3 လ အတွင်း 15 million views ရ ထားပါတယ်။

11. G-Dragon (BIGBANG)

G dragon ကတော့ YouTube search index score 100 နဲ့ ဒီစာရင်းမှာ အဆင့် 11 ရပါတယ်။ဒီနှစ်ဝက်တွင်း GD ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ ပရိသတ်တစ်ယောက်တင်ထားတဲ့ Chanel bag ပေါ်မှာ GD ပုံဆွဲနေတဲ့ video လေး ဖြစ်ပါတယ်။ ထို video ဟာ 3 လ အတွင်း 1 million views ရ ထားပါတယ်။

10. Taemin (SHINee)

Taemin ကတော့ YouTube search index score 1111.11 နဲ့ ဒီစာရင်းမှာ အဆင့် 10 ရပါတယ်။ဒီနှစ်ဝက်တွင်း Taemin ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ သူ့ရဲ့ solo Mv “Advice” ဖြစ်ပါတယ်။ တစ်လအတွင်း 22 million views ရ ထားပါတယ်။

9. Cha Eunwoo (ASTRO)

Cha Eunwoo ကတော့ YouTube search index score 115 နဲ့ ဒီစာရင်းမှာ အဆင့် 9 ရပါတယ်။ဒီနှစ်ဝက်တွင်း Eunwoo ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ True Beauty drama အတွက် eunwoo ကိုယ်တိုင်သီဆိုထားတဲ့ “Love So Fine” OST music video ဖြစ်ပါတယ်။ ၅ လ အတွင်း 7.9 million views ရခဲ့ပါတယ်။

8. Baekhyun (EXO)

Baekhyun ကတော့ YouTube search index score 122.22 နဲ့ ဒီစာရင်းမှာ အဆင့် 14 ရပါတယ်။ဒီနှစ်ဝက်တွင်း Baekhyun ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ သူ့ရဲ့ တတိယမြောက် Solo MV “Bambi” ဖြစ်ပါတယ်။ 3 လနဲ့ 37 million views ရ ထားပါတယ်။

7. J-Hope (BTS)

J-hope ကတော့ YouTube search index score 144.44 နဲ့ ဒီစာရင်းမှာ အဆင့် 7 ရပါတယ်။ဒီနှစ်ဝက်တွင်း J-hope ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ သူ့ရဲ့ audio-clip “Blue side” ဖြစ်ပါတယ်။ 4 လနဲ့ 12 million views ရ ထားပါတယ်။

6. RM (BTS)

BTS leader RM ကတော့ YouTube search index score 150 နဲ့ ဒီစာရင်းမှာ အဆင့် 6 ရပါတယ်။ဒီနှစ်ဝက်တွင်း RM ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ သူ့ရဲ့ audio clip “Bicycle” ဖြစ်ပါတယ်။ ၄ ပတ်ထဲနဲ့ 11 million views ရ ထားပါတယ်။

5. Jin (BTS)

Jin ကတော့ YouTube search index score 200 နဲ့ ဒီစာရင်းမှာ အဆင့် 5 ရပါတယ်။ဒီနှစ်ဝက်တွင်း Jin ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ “BANGTAN BOMB” birthday video ဖြစ်ပါတယ်။ ၅ လ အတွင်း 9.1 million views ရ ထားပါတယ်။

4. Suga (BTS)

SUGA ကတော့ YouTube search index score 335.55 နဲ့ ဒီစာရင်းမှာ အဆင့် 4 ရပါတယ်။ဒီနှစ်ဝက်တွင်း suga ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ “Daechwita” sword dance practice video ဖြစ်ပါတယ်။ 5 လ အတွင်း 10 million views ရ ထားပါတယ်။

3. Jimin (BTS)

Jay Park ကတော့ YouTube search index score 511.11 နဲ့ ဒီစာရင်းမှာ အဆင့် 3 ရပါတယ်။ ဒီနှစ်ဝက်တွင်း Jimin ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံး က တော့ helium balloons “BANGTAN BOMB” ဖြစ်ပါတယ်။ 3 လ အတွင်း 5.9 million views ရ ခဲ့ပါတယ်။

2. V (BTS)

V ကတော့ YouTube search index score 560 နဲ့ ဒီစာရင်းမှာ အဆင့် 2 ရပါတယ်။ ဒီနှစ်ဝက်တွင်း V ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ သူ့ရဲ့ vlog “#FlyToMyRoom” vlog ဖြစ်ပါတယ်။ ၄လ အတွင်း 10 million views ရ ထားပါတယ်။

1. Jungkook (BTS)

Jungkook ကတော့ YouTube search index score 877.78 နှုန်း နဲ့ ဒီစာရင်းမှာ Top 1 ချိတ်နိုင်ခဲ့ပါတယ်။ ဒီနှစ်ဝက်တွင်း Jungkook ရဲ့ video တွေထဲမှာ ကြည့်ရှုမှူအများဆုံးကတော့ သူ့ရဲ့ “Life Goes On” video call version video ဖြစ်ပါတယ်။ ၄ လ အတွင်း 7.9 million views ရ ထားပါတယ်။

Source: Koreaboo
Written: Violet

Advertisements
Share