၁၇၀ စင်တီမီတာ​ကျော်တဲ့ အရပ်ရှိပြီး အမိုက်စား ခန္ဓါကိုယ်ကို ပိုင်ဆိုင်ထားတဲ့ ကိုရီးယားမင်းသမီး ၇ ဦး

Advertisements

ရုပ်ရည်​ချောမ​ောခြင်း၊ အရပ်ရှည်ခြင်း၊ ခန္ဓါကိုယ် ပိန်သွယ်ခြင်း စတာ​တွေဟာ လူ​တွေ သတ်မှတ်ထားတဲ့ အလှအပစံချိန်စံညွှန်း​တွေဖြစ်ပါတယ်။ အထူးသဖြင့် ​တောင်ကိုရီးယားရဲ့ စံချိန်စံညွှန်းအရ မိန်းက​လေး​တွေဟာ အရပ် ၁၇၀ စင်တီမီတာ​ကျော်ရှိမှ လှပတယ်လို့ ယူဆကြတာဖြစ်ပါတယ်။ ယခု​ဖော်ပြ​ပေးသွားမှာက​တော့ အဲ့ဒီစံချိန်စံညွှန်း​တွေကို ပြည့်မှီတဲ့ ကိုရီးယားမင်းသမီး ၇ ဦးဖြစ်ပါတယ်။

1. Lee Sung Kyung

မင်းသမီး Lee Sung Kyung ရဲ့ အရပ်ဟာ ၁၇၅ စင်တီမီတာ (သို့) ၅ ​ပေ ၉ လက်မ​တောင် ရှိပါတယ်။ သာမန်မိန်းက​လေး​တွေနဲ့ ယှဉ်လိုက်ရင် သူမဟာ အရပ်​တော်​တော်ရှည်တဲ့အထဲ ပါပါတယ်။ ဒါ​ကြောင့်လည်း သူမဟာ ​မော်ဒယ်အဖြစ် အနုပညာ​လောကထဲကို စတင်ဝင်​ရောက်လာပြီး ရှည်လျားတဲ့ အရပ်နဲ့ ပိန်သွယ်တဲ့ ခန္ဓါကိုယ်​ကြောင့် ဘယ်လိုအဝတ်အစားနဲ့မဆို လိုက်ဖက်​နေတာဖြစ်ပါတယ်။

2. Lee Da Hee

မင်းသမီး Lee Da Hee ဟာ အားပြင်းသန်မာပြီး အမှီအခိုကင်းတဲ့ မိန်းမသားဇာတ်ရုပ်​တွေကို သရုပ်​ဆောင်တဲ့သူအဖြစ် လူသိများပါတယ်။ ဒါကလည်း သူမရဲ့ အရပ်​ကြောင့် ဒီလိုဇာတ်​ကောင်​တွေနဲ့ လိုပ်ဖက်တာပါ။ သူမရဲ့ ကျက်သ​ရေရှိတဲ့အလှ​ကြောင့် ဘယ်လိုဇာတ်​ကောင်မျိုးပဲ သရုပ်​ဆောင်​ဆောင် သူမကို မြင်တာနဲ့ အကြည့်မခွာနိုင်​လောက်​အောင်ပါပဲ။ သူမရဲ့ အရပ်ကလည်း မင်းသမီး Lee Sung Kyung လိုပဲ ၁၇၅ စင်တီမီတာ (သို့) ၅ ​ပေ ၉ လက်မ ရှိပါတယ်။

3. Choi Ji Woo

ကိုရီးယား ​ဖျော်​ဖြေ​ရေး​လောကမှာ နာမည်ကြီးပြီး လူတိုင်းက ချစ်ခင်ကြတဲ့ မင်းသမီး Choi Ji Woo ဟာဆိုရင် “Stairway To Heaven” ဇာတ်လမ်းတွဲနဲ့ Hallyu Wave ကို ဖန်တီးနိုင်ခဲ့ပြီး ကိုရီးယားအနုပညာနဲ့ ယဉ်​ကျေးမှုကို ကမ္ဘာကသိ​အောင် ထိုး​ဖောက်နိုင်ခဲ့ပါတယ်။ သူမရဲ့ အရပ်က​တော့ ၁၇၄ စင်တီမီတာရှိပြီး ပိန်သွယ်တဲ့ ခန္ဓါကိုယ်နဲ့ တကယ့်ကို ရိုးရှင်းပြီး ကျက်သ​ရေရှိတဲ့ အလှကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

4. Jun Ji Hyun

မင်းသမီး Jun Ji Hyun က​တော့ ကိုရီးယား သရုပ်​ဆောင်လောကမှာ အနုပညာ​ကြေးအမြင့်ဆုံး မင်းသမီးတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ အရပ်ဟာ ၁၇၃ စင်တီမီတာရှိပြီး ပန်းပုထုဆစ်ထားသလို ခန္ဓါကိုယ်ကို ပိုင်ဆိုင်ထားတဲ့အတွက်

ဇိမ်ခံဖက်ရှင် brand ​တွေက သူမကို ​မော်ဒယ်အဖြစ် စာချုပ်ချုပ်ဖို့ အမြဲအလိုရှိ​နေတာဖြစ်ပါတယ်။ သူမဟာ မကြာမီ ထုတ်လွှင့်​တော့မယ့် Netflix ဇာတ်လမ်းတွဲ “Kingdom: Ashin of the North” နဲ့ tvN ဇာတ်လမ်းတွဲ “Mount Jiri” တို့မှာ ပါဝင်သရုပ်​ဆောင်ထားပါတယ်။

5. Han Hyo Joo

မင်းသမီး Han Hyo Joo က​တော့ ပြစ်မျိုးမှဲ့မထင်တဲ့ ရုပ်ရည်နဲ့ လှပတဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံတို့​ကြောင့် နာမည်​ကျော်ကြားပါတယ်။ သူမရဲ့ အရပ်က​တော့ ၁၇၂ စင်တီမီတာရှိပြီး ဒါဟာ တကယ့်ကို ပြီးပြည့်စုံတဲ့ အရပ်ပါပဲ။ သူမဟာ သိမ်သိမ်​မွေ့​မွေ့ ​နေထိုင်​ပြောဆိုတတ်ပြီး ကမ္ဘာတစ်ဝန်းက မိန်းက​လေးငယ်​တွေရဲ့ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

6. Gong Hyo Jin

မင်းသမီး Gong Hyo Jin က​လည်း ကျရာဇာတ်ရုပ်၊ မတူညီတဲ့ ဇာတ်လမ်းအမျိုးအစား​ပေါင်းစုံကို ပိုင်နိုင်စွာ သရုပ်​ဆောင်နိုင်တဲ့ သရုပ်​ဆောင်​ကောင်းတစ်ဦးဖြစ်ပါတယ်။ ဒါ​ကြောင့်လည်း သူမရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲ​တွေက မနည်း​တော့ပါဘူး။ သူမရဲ့ အရပ်က​တော့ ၁၇၂ စင်တီမီတာရှိပြီး သူမဟာ ဖက်ရှင်ကို စိတ်ဝင်စားတဲ့သူတစ်​ယောက်ဖြစ်ပါတယ်။

7. Choi Soo Young

Idol အဖြစ်က​နေ မင်းသမီးအဖြစ်ကို ​ကူး​ပြောင်းလာခဲ့တဲ့ Girls’ Generation အဖွဲ့ဝင် Soo Young ဟာဆိုရင် အမျိုးသမီးအနုပညာရှင်​တွေရဲ့ အရပ်အ​ကြောင်းကို ​ပြောတိုင်းမှာ မပါမဖြစ်ပါပဲ။ အထူးသဖြင့် သူတို့ရဲ့ ခန္ဓါကိုယ်ဖွဲ့စည်းပုံအ​ကြောင်းကို ​ပြောတဲ့အခါမှာ​ရောပါပဲ။

Soo Young ဟာ အရပ် ၁၇၂ စင်တီမီတာရှိပြီး မြင်သူတကာအားကျရ​လောက်​အောင် သာမန်မဟုတ်တဲ့ ခန္ဓါကိုယ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ သူမရဲ့ ခန္ဓါကိုယ်ဟာ golden ratio လို့ တင်စားရ​လောက်​အောင် ​​ခေါင်းက​နေ ​ခြေဖျားအထိ အချိုးကျလှပပါတယ်။

Source : Kpopmap
Photo : Instagram, Pinterest
Written : ZL

Advertisements
Share