BamBam ရဲ့ “riBBon” Album ထွက်မလာခင် အရင်ဆုံးနားထောင်ဖူးတဲ့ Lisa ရဲ့ တုံ့ပြန်ချက်

Advertisements

GOT7 ရဲ့ BamBam နဲ့ BLACKPINK ရဲ့ Lisa လေးတို့ဟာ တကယ်ကိုအခင်ဆုံးသူငယ်ချင်းတွေဆိုတာကို လူတိုင်းအသိဆုံးပါပဲ။ ငယ်ငယ်လေးကတည်းက တစ်ယောက်နဲ့တစ်ယောက် သိခဲ့ကြတာဖြစ်ပြီး တော်တော်လေးလည်း ရင်းနှီးတာဖြစ်ကြောင့် BamBam က Lisa ကို နူနား(မမ) လို့တောင် ခေါ်လေ့ရှိပါတယ်။

Lisa ဟာ အလုပ်များနေရင်တောင် BamBam ကို အမြဲတမ်းအားပေးဖို့အသင့်‌ဖြစ်နေတတ်ပြီး တကိုယ်တော်ပွဲဦးထွက်ဖို့ပြင်ဆင်နေတဲ့ BamBam ကိုလည်း ခွန်အားပေးခဲ့တယ်လို့ဆိုပါတယ်။ မကြာသေးခင်က BamBam ဟာ SBS ရဲ့ အစီအစဉ်တစ်ခုမှာပါဝင်ခဲ့ပြီး သူ့ရဲ့ mini album အသစ်အကြောင်းပြောခဲ့ပါတယ်။

သူ့ကိုလူအများကအားပေးခဲ့ကြပြီး အထူးသဖြင့် Lisa က,တော်တော်လေးကို ပံ့ပိုးပေးခဲ့တယ်လို့ဆိုပါတယ်။ အင်တာဗျူးမှာ Lisa ဟာ သူ့ရဲ့ Album နဲ့ပတ်သက်ပြီး အထောက်အပံ့စကားတွေပြောသေးလားဆိုပြီး မေးခဲ့ပါတယ်။ ဒါကို BamBam က “Album ထဲက သီချင်းတစ်ပုဒ်ကို Lisa ကို နားထောင်ကြည့်ခိုင်းသေးတယ်။

အဲ့တုန်းက Album မထုတ်ရသေးဘူး။ ပြင်ဆင်တုန်းပဲရှိသေးတယ်။ Lisa က နားထောင်ပြီးတော့ သီချင်းလေးက နားထဲမှာတော်တော်လေးစွဲပြီး နာ‌းထောင်လို့ကောင်းတယ်,လို့ ပြန်ပြောခဲ့တယ်။ သီချင်းမျိုးစုံရဲ့ highlight တွေကို ပို့ပေးတော့ သူက ‘Pandora’ သီချင်းကို တော်တော်ကြိုက်တယ်လို့ မှတ်ချက်ပြန်ပေးခဲ့တယ်။

GOT7 အဖွဲ့ဝင်တွေတောင် နားမထောင်ရသေးခင် ကျွန်တော်နဲ့ရင်းနှီးတဲ့သူတွေက Album နဲ့ပတ်သက်ပြီး ဘာပြောမလဲဆိုတာကို သိချင်ခဲ့မိတယ်။ အဖွဲ့သားတွေကိုလည်း အံ့ဩစေချင်တာကြောင့် နားမထောင်ခိုင်းခဲ့ဘူး။ ဒါ့ကြောင့် သူငယ်ချင်းမိတ်ဆွေတွေကို အရင်ဆုံးနားထောင်ခိုင်းခဲ့တယ်။

Lisa ကလည်း Album မထွက်လာခင် နားထောင်ဖူးတဲ့ သူငယ်ချင်း‌တစ်ယောက်ပါပဲ” ဆိုပြီး ဖြေပေးခဲ့ပါတော့တယ်။ Album ထွက်ရှိပြီးနောက်မှာတော့ BamBam ဟာ “riBBon TikTok Challenge” ကို ပြုလုပ်ခဲ့တာကြောင့် အစီအစဉ်မှူးကနေ နောက်ထပ်မေးခွန်းမေးခဲ့ပါတော့တယ်။

“Lisa က‌ကော TikTok Challenge” မှာ ပါဝင်လာမလားဆိုတဲ့ မေးခွန်းပါပဲ။ BamBam ကတော့ လောလောဆယ်မှာ Lisa နဲ့ တွေ့ဖို့အခြေအနေမရသေးတာကြောင့် တွေ့ဖြစ်ရင်တော့ ပါလာနိုင်တယ်လို့ဆိုပါတယ်။ ပရိသတ်တွေကတော့ ဒီသူငယ်ချင်းနှစ်ယောက်ရဲ့ moment လေးတွေကို မျှော်လင့်နေကြပါပြီ။

Source: Koreaboo
Photos: Koreaboo
Written: Julix

Advertisements
Share