“Snow Drop” Drama အတွက် ရိုက်ကူးထားတဲ့ Jisoo ရဲ့ natural ပုံလေးတွေ YG မှ ပထမဆုံး ထုတ်ပြ

Advertisements

YG Entertainment ရဲ့ သရုပ်ဆောင်ပိုင်း ဌာနခွဲ YG Stage ဟာ ဒီနေ့မှာ BLACKPINK အဖွဲ့ဝင် Jisoo ဇာတ်ဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ထားတဲ့ Snow Drop Drama က ပုံတွေကို ထုတ်ပေးခဲ့ပါတယ်။

ထို ဓာတ်ပုံတွေမှာ Jisoo ဟာ အဖြူရောင် shirt လေးနဲ့ Jean ဘောင်းဘီကိုသာ ရိုးရိုးရှင်းရှင်းလေး ဝတ်ဆင်ထားပါတယ်။ make up ကိုလည်း heavy ဖြစ်အောင်မပြင်ထားဘဲ ပါးပါးလေးနဲ့ natural ဆန်ဆန် လိမ်းခြယ်ထားပါတယ်။ Jisoo ဟာ BLACKPINK အဖွဲ့ရဲ့ Visual ဖြစ်တာနဲ့အညီ ခုလိုရိုးရှင်းနေအောင် ပြင်ထားလည်း ထင်းထွက်နေအောင် လှနေတာပါ။

ဓာတ်ပုံရိုက်ဖို့ pose ပေးနေတဲ့ပုံတွေကလည်း တကယ့်ကို စူးရှပြီး အရမ်းအသက်ပါလွန်းလို့ ဝါရင့်သရုပ်ဆောင်မင်းသမီးအလားပါဘဲ။ ပထမဆုံးရိုက်ကူးရတဲ့ ဇာတ်ကားဆိုပေမဲ့ တခြားသရုပ်ဆောင်မင်းသမီးတွေလိုမျိုး pose ပေးနိုင်ခဲ့ပါတယ်။

ဇာတ်လမ်းကိုလည်း Jisoo ဘယ်လိုသဘာဝကျကျ သရုပ်ဆောင်ထားမလည်းဆိုတာတော့ ဇာတ်ကားထွက်လာရင် အားလုံး သိရမှာပါ။ Jisoo ရိုက်ကူးနေတဲ့ ဒီ Snow Drama ဟာ ကိုရီးယားရဲ့ နာမည်ကြီး ရုပ်သံလိုင်း JTBC က နေ စီစဉ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

1987 ခုနှစ်ကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပြီး ဇာတ်ဆောင်မင်းသား နေရာမှာတော့ Jung Hae In က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီ Drama ဟာ အပိုင်း ၂၀ ထိ ရှိမှာဖြစ်ပြီး ယခုလက်ရှိတော့ ၁၅ ပိုင်း ရိုက်ကူးပြီးသွားပြီ လို့ သိရပါတယ်။ ခု နာဘီ (လိပ်ပြာကား) လို့ နာမည်ကြီးနေတဲ့ Nevertheless ဇာတ်လမ်းပြီးသွားရင် ပြမယ်လို့ လည်း သိရပါတယ်။

September 10 ရက်နေ့မှာ စတင်ထုတ်လွှင့်မယ်လို့ Rumor တွေလည်း ထွက်နေပါတယ်။ ဇာတ်အိမ်ဆန်းတဲ့အတွက် Non – fan တွေကလည်း စိတ်ဝင်စားနေကြသလို blink တွေကလည်း Jisoo ရဲ့ ပထမဆုံး drama ဖြစ်တာမို့ ရင်ခုန်နေကြပါတယ်။

Source: Koreaboo
Written: Violet

Advertisements
Share