MoMo နဲ့ Heechul လမ်းခွဲပြတ်စဲတဲ့အကြောင်း သူတို့ရဲ့ အေဂျင်စီနှစ်ခုလုံးက အတည်ပြုလိုက်ပြီဖြစ်

Advertisements

ယနေ့မနက်မှာ Super Junior အဖွဲ့ဝင် Heechul နဲ့ Twice အဖွဲ့ဝင် MoMo တို့ လပေါင်း 20 လောက် တွဲပြီးတဲ့နောက်မှာ ပြတ်သွားကြပြီ လို့ သတင်းတွေထွက်လာခဲ့ပါတယ်။Momo နဲ့ Heechul တို့ဟာ schedule တွေကျပ်ပြီး အလုပ်များနေကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အချိန်မပေးနိုင်လို့ ပြတ်သွားတာဖြစ်ကြောင်း ၊ ဒါပေမဲ့ အနုပညာလောကထဲမှာတော့ Senior-Junior ဆက်ဆံရေးနဲ့ ဆက်လက်ဆက်ဆံသွားမှာ ဖြစ်ကြောင်း သတင်းဌာနတွေက လွှင့်ခဲ့ကြတာပါ။

ပထမကတော့ သူတို့ရဲ့ အေဂျင်စီတွေက စုံစမ်းပါအုံးမယ်ဆိုပြီး သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။ဒါပေမဲ့ မကြာပါဖူး။ အေဂျင်စီနှစ်ခုလုံး သူတို့နှစ်ယောက် တကယ်ပြတ်စဲကြောင်း အတည်ပြုချက် ရှေ့ဆင့်နောက်ဆင့် ခုလို​တွေ ထုတ်ပေးခဲ့ပါတယ်။

Superjunior ရဲ့ Label SJ က တော့ “ကျွန်တော်တို့ Report တွေ သေချာကြည့်ရှူပြီးတဲ့အခါမှာ ဟုတ်ပါတယ်.. Heechul နဲ့ MoMo တို့ရဲ့ relationship ပြတ်စဲသွားပြီဆိုတာ အမှန်ဖြစ်ပါတယ်။Artist တွေ ရဲ့ personal ကိစ္စတွေကြောင့် ဒီ့ထက်ပိုမပြောနိုင်တာ ကျေးဇူးပြု၍နားလည်ပေးကြပါ” ဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။

ပရိတ်သတ်တွေရဲ့ အသည်းကျော်လေး Mo Mo ရဲ့ အေဂျင်စီ ဖြစ်တဲ့ JYP Entertainment ကလည်း “ဒီသတင်းတွေ ဖတ်ကြည့်ပြီးတဲ့အခါမှာ MoMon နဲ့ Heechul တို့ ပြတ်သွားတယ်ဆိုတဲ့ သတင်းဟာ အမှန်ဖြစ်ပါတယ်” လို့ တရားဝင် ထုတ်ပြန်ပေးခဲ့တာလည်း ဖြစ်ပါတယ်။

Heechul နဲ့ MoMo တို့ ဟာ 2019 ခုနှစ် Augest က စပြီး တွေ့ဖြစ်ခဲ့ကြတာဖြစ်ပြီး တွဲနေကြပြီဆိုတဲ့ သတင်းကိုတော့ 2020 ခုနှစ် January 1 ရက်နေ့မှာ အတည်ပြုပေးခဲ့ကြတာဖြစ်ပါတယ်။ ခုတော့ တစ်နှစ်ခွဲလောက် အကြာမှာ သူတို့နှစ်ယောက် တကယ်တရားဝင် လမ်းခွဲသွားကြပါပြီ။

Source: Koreaboo
Written: Violet

Advertisements
Share