ဇူလိုင်လအတွင်း ရိုက်ကူးနေပြီဖြစ်တဲ့ နာမည်ကြီးမင်းသားတွေရဲ့ ဇာတ်လမ်းများ (၂)

Advertisements

တရုတ်နိုင်ငံရဲ့ ထုတ်လုပ်ရေးတွေကတော့ အသစ်အသစ်သော ဇာတ်လမ်းတွေကို မအားလပ်အောင် ရိုက်ကူးထုတ်လုပ်နေတာဖြစ်ပါတယ်။ ထွက်ရှိလာမယ့်ဇာတ်လမ်းတွေထဲကမှ နာမည်ကြီးမင်းသားတွေရဲ့ ဇာတ်လမ်းတွေကတော့ ဇူလိုင်လမှာ ရိုက်ကူးတော့မှာဖြစ်ပါတယ်။

Night Wanderer – Deng Lun

Deng Lun နဲ့ Ni Ni တို့ရဲ့ ဇာတ်လမ်းတွဲ Night Wanderer ကတော့ အချိန်ခရီးသွားဇာတ်လမ်းမျိုးပါ။ ၁၉၃၀ ဝန်းကျင်က ယောက်ျားတစ်ယောက်ဟာ အချိန်တွေကျော်လွန်ပြီး ၂၀၁၅ ခုနှစ်ဝန်းကျင်က တက်ကြွပြီးစိတ်လက်ပေါ့ပါးစွာနေတတ်တဲ့ မှုခင်းဆေးဆရာဝန်မလေးနဲ့ ဆုံတွေ့ရာမှ အချစ်ဇာတ်လမ်းလေးတစ်ခုဖြစ်ပေါ်လာပုံကို ရိုက်ကူးသွားမှာပါ။

Love Like A Galaxy – Wu Lei

Tencent ရဲ့ ငွေကြေးအမြောက်အမြားသုံးကာရိုက်ကူးမယ့် ရှေးဟောင်းအချစ်ဇာတ်လမ်းမှာတော့ နာမည်ကြီးတွေဖြစ်တဲ့ Zhao Lusi နဲ့ Wu Lei တို့က ပါဝင်ရိုက်ကူးသွားမှာပါ။ စွန့်ပစ်ခံမိန်းကလေးတစ်ယောက်နဲ့ အေးစက်ပြီး စိတ်ထားဖြောင့်မတ်တဲ့မင်းသားတစ်ပါးကြားက အချစ်ဇာတ်လမ်းလေးပါ။ ချစ်စရာကောင်းတဲ့ ဇာတ်လမ်းစုံတွဲလေးဖြစ်တာကြောင့် စိတ်ဝင်စားမှုတွေလည်း မြင့်တက်နေပါတယ်။

The Heart of Genius – Zhang Xincheng

တက်သစ်စ နာမည်ကျော်မင်းသား Zhang Xincheng ကတော့ Lei Jiayin, Zhang Zifeng တို့နဲ့အတူ သဘာဝလွန်ဇာတ်လမ်းတွဲမျိုးကို ရိုက်ကူးသွားမှာပါ။ အချိန်ခရီးသွားခြင်းနဲ့ပတ်သက်တဲ့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့အတူ ဉာဏ်ကြီးရှင်တွေကြားက အံ့ဩစရာလေ့လာမှုတွေအပြင် ကလေးဘဝက ငယ်ချစ်အကြောင်းလေးကိုပါ ထည့်သွင်းရိုက်ကူးမှာဖြစ်ပါတယ်။

A Romance of the Little Forest – Zhang BinBin

ဇွန်လကုန်လောက်ကတည်းက စတင်ရိုက်ကူးနေပြီလို့သတင်းထွက်နေခဲ့တဲ့ A Romance of the little forest မှာ‌တော့ Zhang Binbin နဲ့ Esther Yu Shuxin တို့ကတော့ အမြင်မကြည်တဲ့လူနှစ်ယောက်ကြားက အချစ်ဇာတ်လမ်းလေးကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်တဲ့ ဇာတ်အိမ်လေးနဲ့ ဆက်နွယ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် မကြိုက်ကြပေမဲ့ အသိပညာဗဟုသုတနဲ့ပတ်သက်လို့ တူညီတဲ့ခံယူချက်တွေရှိနေကြောင်း သိလာရတဲ့အခါမှာတော့ ခံစားချက်တွေပြောင်းလဲလာရတဲ့အကြောင်းလေးကို သိသာအောင်ရိုက်ပြသွားမှာပါ။

Floating on the Edge – Dylan Wang

ရှေးဟောင်းဝတ္ထုကိုအခြေခံထားတဲ့ ဇာတ်လမ်းတွဲမှာတော့ Dylan Wang နဲ့ Chen Yuxi တို့က နန်းတွင်းထဲကစုံတွဲတွေအဖြစ် ရိုက်ကူးကြတော့မှာဖြစ်ပါတယ်။ Bu မိသားစုရဲ့ အငယ်ဆုံးသမီးလေးဟာ သူမရဲ့အစ်မကြီးကိုယ်စား နန်းတွင်းထဲကို ဝင်လာပြီးနောက် နန်းတွင်းရဲ့ရှုပ်ထွေးမှုတွေ၊ လျှို့ဝှက်မှုတွေကြားမှာ ရှင်သန်ဖို့ကြိုးစားရင်း အချစ်နဲ့ထိတွေ့ခဲ့တဲ့ဖြစ်ရပ်လေးကို ပုံဖော်သွားမှာဖြစ်ပါတော့တယ်။

Source: DramaUpdate
Photos: ChinaDaily
Written: Julix

Advertisements
Share