Ideal Type ဆိုပြီး မရှိရတဲ့အကြောင်းအရင်းကိုပြောပြခဲ့တဲ့ TXT’s Beomgyu

Advertisements

TXT အဖွဲ့သားတွေက Beomgyu ကို Romantic အဆန်ဆုံးလူသားအဖြစ် ဘာ့ကြောင့်သတ်မှတ်ထားရသလဲဆိုတာကတော့ ဒီအကြောင်းအရာလေးက သက်သေပါပဲ။ Beomgyu နဲ့ Hueningkai ဟာ တိုက်ရိုက်ထုတ်လွှင့်ရေးတစ်ခုမှာ ပရိသတ်တွေရဲ့မေးခွန်းတွေကိုပြန်ဖြေရင်း သူတို့နှစ်ယောက်ရဲ့ ideal type က ဘာလဲလို့, အမေးခံလိုက်ရပါတယ်။

Hueningkai ရဲ့အ‌ေဖြကိုကြားပြီးတဲ့နောက်မှာတော့ ပရိသတ်တွေက ဆံပင်ကေပြောင်းချင်စိတ် တဖွားဖွားပေါက်နေခဲ့ရပေမဲ့ Beomgyu ရဲ့ အဖြေကိုကြားတဲ့အခါမှာတော့ သူလိုကောင်လေးမျိုးလိုချင်ကြောင်း ပြောင်းလဲသွားပြန်ပါတယ်။

Beomgyu က “ငါ့မှာက ဘယ်လိုပုံစံလေးနဲ့ကောင်မလေးမျိုးကို ကြိုက်မယ်,ဆိုပြီး တွေးထားတာမျိုးမရှိဘူး။ ဒါကြီးကနည်းနည်းတော့ထူးဆန်ပေမဲ့ တကယ်ကို Ideal type မရှိပါဘူး။ ငါပြောပြမယ်.. မင်းက ဆံပင်ရှည်တဲ့သူတွေကိုကြိုက်တယ်..ဒါမှမဟုတ် ဆံပင်တိုတဲ့ကောင်မလေးကိုကြိုက်တယ်..

မျက်လုံးလေးလှတာလေးကို ချစ်တယ်… ဒါတွေက မင်းအနေနဲ့ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာ သီးသန့်တစ်ခုကို ရွေးပြီးကြိုက်တာမျိုးပဲ။ အဲ့ကောင်မလေးမှာ မင်းကြိုက်တဲ့ဟာမရှိတော့ဘူးဆိုရင် မင်းအနေနဲ့သူ့ကို ဆက်ပြီးကြိုက်နေဖို့အကြောင်းမရှိတော့ဘူးလေ။

ငါ့အတွေးကိုပြောရရင်တော့ တစ်စုံတစ်ခုကိုကြိုက်တယ်ဆိုတာမျိုးထက် ဘာပဲဖြစ်ဖြစ် သူဖြစ်နေလို့ကို ချစ်တာ,ဆိုတဲ့ ခံစားချက်လေးရှိသင့်တယ်။ အဲ့တာကြောင့် ငါ့မှာ Ideal Type မရှိတာပါ” ဆိုပြီး ပြန်ဖြေခဲ့ပါတယ်။ Beomgyu ရဲ့ အဖြေကတော့ တကယ့်ကိုကြည်နူးစရာကောင်းပြီး ပြီးပြည့်စုံလွန်းတဲ့အဖြေပါပဲ။

သူ့ရဲ့အတွေးနဲ့ခံယူချက်ဟာ တွေးကြည့်မိရုံလေးနဲ့တောင် တဖက်လူကို အလေးအနက်ထားမှန်းခံစားမိစေပါတော့တယ်။ ဒါကြောင့်လည်း TXT အဖွဲ့ဝင်တွေက Beomgyu ကို အချစ်တတ်ဆုံး‌၊ Romantic အဆန်ဆုံးကောင်လေးအဖြစ် သတ်မှတ်ထားကြတာဖြစ်ပါလိမ့်မယ်။

Source: Koreaboo
Photos: Naver
Written: Julix

Advertisements
Share