၂၀၂၁ အတွင်း ပရိသတ်တွေအမျှော်ဆုံး freelance မင်းသမီးတွေရဲ့ ဇာတ်လမ်းတွဲများ

Advertisements

ထိုင်းမင်းသမီးတွေထဲမှာ ဘယ်အေဂျင်စီနဲ့မှ လက်တွဲမထားဘဲ တကိုယ်တော်ရှေ့ဆက်‌နေတဲ့ နာမည်ကြီးမင်းသမီး‌တွေအများကြီးပါပဲ။ အရည်အချင်းရှိပြီး အောင်မြင်ကျော်ကြားနေတဲ့ freelance မင်းသမီးတွေရဲ့ ထွက်ရှိလာမယ့်ဇာတ်လမ်းတွဲသစ်တွေကိုကြည့်ဖို့ ပရိသတ်တွေက စိတ်အားထက်သန်နေကြပါပြီ။

You Are My Heartbeat – Mai Davika

ပရိသတ်ရဲ့အချစ်တော်မင်းသမီးလေး Mai Davika ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းစွဲမင်းသား Dj Push နဲ့အတူ ပထမဆုံးအကြိမ်အဖြစ်တွဲဖက်ပြီး “You Are My Heartbeat” ဆိုတဲ့ ဇာတ်လမ်းကို ရိုက်ကူးထားပါတယ်။ နာမည်ကြီးနှစ်ယောက်ကို စုံတွဲအဖြစ်မြင်ရမှာမို့လို့ ပရိသတ်တွေရဲ့စိတ်ဝင်စားမှုဟာ မပြသခင်ကတည်းက မြင့်တက်နေခဲ့ပါတယ်။

ပြောဆိုချက်တွေအရ ဒီဇာတ်လမ်းသစ်ဟာ တရုတ်ဇာတ်လမ်းတွဲဖြစ်တဲ့ “The Fox’s Summer” ကို ထိုင်း version အဖြစ်ပြန်လည်ရိုက်ကူးထားတာလို့လည်း ဆိုပါတယ်။ ဒါ့အပြင် ဇာတ်လမ်းရဲ့ထုတ်လုပ်သူကတော့ Dj Push ရဲ့ အမျိုးသမီး Jooy Warattaya ဖြစ်တာကြောင့် တော်တော်လေးကို နာမည်ကြီးနေတာပဲဖြစ်ပါတော့တယ်။

Sroi Sabunga – Baifern Pimchanok

“Sroi Sabunga” ဇာတ်လမ်းကတော့ ၂၀၂၁ အတွက် အမျှော်ဆုံးဇာတ်လမ်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အကြောင်းအရင်းကတော့ တွဲဖက်သရုပ်ဆောင်တွေဖြစ်တဲ့ Nine Naphat နဲ့ Baifern Pimchanok တို့ကို နောက်တစ်ခါအတူတူပြန်တွေ့ရမှာကြောင့်ဖြစ်ပါတယ်။

၂၀၁၉ တုန်း “Friend Zone” ဇာတ်ကားနဲ့ ပရိသတ်တွေရဲ့ အားပေးချီးကျူးခြင်းကိုရရှိခဲ့တဲ့ ဇာတ်လမ်းစုံတွဲဖြစ်တာကြောင့် အသစ်ထွက်ရှိတော့မယ့်ဇာတ်လမ်းသစ်မှာလည်း သူတို့နှစ်ယောက်ရဲ့ chemistry မိမှုတွေကို မျှော်နေကြတာဖြစ်ပါတယ်။

Kem Sorn Plai – Nune Woranuch

သရုပ်ဆောင်တဲ့နေရာမှာ ကောင်းမွန်ပိုင်နိုင်လှတဲ့ မင်းသမီး Nune Woranuch ကတော့ Thai channel 7 ရဲ့ ဇာတ်လမ်းသစ်ဖြစ်တဲ့ “Kem Sorn Plai” မှာ ပါဝင်ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ ဒီဇာတ်လမ်းထဲမှာတော့ Nune ဟာ New Thitipoom, Kitkong Khamkrith, Euro Yotsawat, Thisa Varitthisa နဲ့ များစွာသော သရုပ်ဆောင်ပေါင်းများစွာနဲ့အတူ တွဲဖက်ပြီး ရိုက်ကူးထားတာဖြစ်တာကြောင့် မင်းသား၊မင်းသမီးပေါင်းများစွာပါဝင်တဲ့ဇာတ်လမ်းဖြစ်တာနဲ့အညီ ပရိသတ်တွေကလည်း ကြည့်ရှုဖို့အားခဲထားကြပါတယ်။

Source: Thaiupdate
Photos: Instagram
Written: Julix

Advertisements
Share