Season 2 ရိုက်ကူးသွားမယ်လို့ သတင်းထွက်​နေတဲ့ Netflix ရဲ့ နာမည်​ကျော်ဇာတ်လမ်းတွဲ “Sweet Home”

Advertisements

ဇူလိုင်လ ၉ ရက်​နေ့မှာ Netflix ရဲ့ သည်းထိတ်ရင်ဖို ကိုရီးယားဇာတ်လမ်းတွဲ “Sweet Home” ကို Season 2 ရိုက်ကူးသွားမယ်လို့ သတင်း​တွေ ထွက်​ပေါ်လာခဲ့ပါတယ်။ JTBC သတင်းဌာနက ​Netflix ဟာ “Sweet Home 2” ရိုက်ကူးဖို့ကို ပြင်ဆင်မှု​တွေ လုပ်​ဆောင်​နေပြီလို့ ​သတင်းထုတ်ပြန်ခဲ့ပါတယ်။

သရုပ်​ဆောင်​တွေရဲ့ အချိန်ဇယားနဲ့ ကြိုတင်စီစဉ်ထားတဲ့ အလုပ်​တွေကို စစ်​​ဆေးကြည့်ရှုပြီး ၂၀၂၂ ခုနှစ်ထဲမှာ ပြသနိုင်ဖို့အတွက် ဒီနှစ်ထဲမှာ ရိုက်ကူးသွားဖို့ စီစဉ်ထား​တယ်လို့ JTBC က ​ပြောကြားထားတာပါ။ ဇာတ်လမ်းတွဲထဲမှာ ပါဝင်တဲ့ သရုပ်​ဆောင်​တွေက​တော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ ဇာတ်လမ်းစတင်ရိုက်ကူးသွားမယ်လို့ ​မျှော်လင့်ထား​ကြောင်းလည်း ​ပြောထားပါ​သေးတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး Netflix Korea က​တော့ “အခုချိန်ထိ ဘာကိုမှ အတည်မပြုရ​သေးပါဘူး” လို့ ​ပြောကြားပြီး ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ “Sweet Home” ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်​ဆောင်​တွေထဲက Song Kang, Lee Jin Wook နဲ့ Lee Si Young တို့ဟာ ယခင်တည်းက Season 2 ရိုက်ကူးဖို့ ဆန္ဒရှိ​နေခဲ့ကြတာ ဖြစ်ပါတယ်။

Lee Jin Wook ဟာ Season 2 သာ ရိုက်ဖြစ်ခဲ့ရင် သူ့ရဲ့ ဇာတ်​ကောင် Pyeon Sang Wook တိုးတက်လာတာကို ပြသချင်တယ်လို့ ​ပြောပြီး Season 2 နဲ့ ပတ်သက်လို့ သူ့ရဲ့ စိတ်ဝင်စားမှုကို ပြသခဲ့ဖူးပါတယ်။ မင်းသမီး Lee Si Young ကလည်း သူမရဲ့ ဇာတ်​ကောင် Seo Yi Kyung ဟာ သူမရဲ့ က​လေး​လေးနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်မိ​ကြောင်း ​ပြောခဲ့ဖူးပါတယ်။

“Sweet Home” ဇာတ်လမ်းတွဲကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်​နေ့မှာ Netflix က ထုတ်လွှင့်ပြသခဲ့ပြီး အပိုင်း ၁၀ ပိုင်းပါဝင်ပါတယ်။ Song Kang, Lee Jin Wook, Lee Si Young, Lee Do Hyun, Kim Nam Hee, Go Min Si, Park Gyu Young နဲ့ Go Yoon Jung တို့က အဓိကပါဝင်သရုပ်​ဆောင်ထားပါတယ်။

ဒီဇာတ်လမ်းတွဲဟာ နာမည်တူ webtoon ​ပေါ်မှာ အ​ခြေခံထားပြီး တိုက်ခန်းတစ်ခုထဲမှာ ပိတ်မိ​နေတဲ့ လူတစ်စုက အသက်ရှင်ဖို့အတွက် မ​ကောင်းဆိုးဝါး​တွေနဲ့ တိုက်ခိုက်ကြပုံကို သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ထုတ်လွှင့်ပြီးပြီးချင်းမှာပဲ Netflix ရဲ့ ​ပေါ်ပြူလာအဖြစ်ဆုံး ဇာတ်လမ်းတွဲ​တွေထဲက တစ်ခုဖြစ်လာပြီး ကိုရီးယားမှာ​တင်သာမက ကမ္ဘာတစ်ဝန်းမှာပါ လူကြိုက်များခဲ့ပါတယ်။

Source : Koreaboo
Photo : Instagram
Written : ZL

Advertisements
Share