August လထဲမှာ ထုတ်လွှင့်ပြသနိုင်ဖို့ ကြိုးစားနေတဲ့ A Love Never Lost ဇာတ်လမ်းတွဲ

Advertisements

ပရိတ်သတ်တွေမျှော်လင့်နေတဲ့ A Love Never Lost ဇာတ်လမ်းတွဲကို (၂၀၂၁)ခုနှစ်ရဲ့ August လထဲမှာ ထုတ်လွှင့်ပြသနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ပြောဆိုနေကြပါတယ်။ ကနဦးသတင်းများအရ July လအတွင်းမှာ ထုတ်လွှင့်ပြသလိမ့်မယ်လို့ခန့်မှန်းထားကြပေမယ့် August လထိကိုပဲဆက်လက်စောင့်မျှော်ကြရဦးမှာဖြစ်ပါတယ်။

ဒီဇာတ်လမ်းတွဲကိုတော့ IQIYI နဲ့ CCTV8 တို့မှာထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး အပိုင်း(၄၄)ပိုင်းပါဝင်မှာဖြစ်ပါတယ်။ ဇာတ်လမ်းတွဲရဲ့အဓိကသရုပ်ဆောင်များအနေနဲ့ ပရိတ်သတ်တွေရဲ့ အချစ်တော်မင်းသားချော Li Xian နဲ့ မင်းသမီးချော Chun Xia တို့ပါဝင်မှာဖြစ်ပါတယ်။

Tientsin Mystic (2017) နဲ့ Go Go Squid Season 1 (2019) တို့မှာ ပရိတ်သတ်တွေပိုတိုးလာခဲ့ပြီး တိုးပွားလာတဲ့အောင်မြင်မှုတွေနဲ့ မင်းသားချော Li Xian ရဲ့ မတူညီတဲ့ သရုပ်ဆောင်မှုတွေကို တွေ့မြင်နိုင်မယ့် ဇာတ်လမ်းတွဲအသစ်တစ်ခုလည်းဖြစ်ပါတယ်။

မူလရည်ရွယ်ချက်နဲ့အတူ နောင်တမရခြင်း၊ သစ္စာစောင့်သိမှု မပြောင်းလဲခြင်း၊ လူတိုင်းအတွက်ဆုံးဖြတ်ချက်မပြောင်းလဲခြင်း၊ ငယ်ရွယ်မှုကို မြှုပ်နှံထားခြင်း စတဲ့ ပြင်းထန်တဲ့ ခံစားချက်ဖော်ဆောင်မှုတွေကိုတွေ့မြင်ကြရမယ့် စိတ်ဝင်စားဖွယ်ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။

GengZi ဘုရင့်နိုင်ငံတော်ကြီးပြောင်းလဲသွားပြီးနောက် တရုတ်နိုင်ငံဟာပျက်စီးဆုံးရံှုးခဲ့ပြီး သူတို့ရဲ့ဇာတိမြေကိုကယ်တင်ဖို့ မျှော်လင့်ချက်တွေနဲ့ လူငယ်များရဲ့ နိုးကြားမှုတွေကို ရိုက်ကူးတင်ဆက်ထားတယ်လို့သိရပါတယ်။

တိုကျိုမြို့ကအရာရှိကျောင်းမှာ အမျိုးမျိုးသောအတွေးအမြင်ဆိုင်ရာ အတွေ့အကြုံများကို အခြေပြုပြီး ချစ်ခြင်းမေတ္တာများကိုရှာဖွေကာ နိုင်ငံကိုပြန်လည်ရုန်းကန်နိုင်ဖို့ ကြိုးပမ်းကြတဲ့ လူငယ်အုပ်စုရဲ့ ပြင်းထန်တဲ့ စိတ်နေသဘောထားတွေကို ပါဝင်ခံစားကြရမယ့် အရှိန်အဟုန်ကောင်းတဲ့ဇာတ်အိမ်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ ဒီလိုမျိုး မတူညီတဲ့ ဇာတ်အိမ်နဲ့ နိုင်ငံတော်ထူထောင်ရေးဇာတ်လမ်းမှာ မတူညီတဲ့စရိုက်တစ်မျိုးနဲ့ Li Xian ကိုတွေ့မြင်ရဖို့ ပရိတ်သတ်များကလည်း မျှော်လင့်နေကြပါတယ်။

Written : Nair Nair
Source : IQIYI
Photos : Twitter

Advertisements
Share