အချစ်သစ်တစ်ခု ထပ်မံတည်ဆောက်ဖို့အတွက် စိတ်ကူးရှိပုံမပေါ်တဲ့ Zhao Liying

Advertisements

တရုတ်နိုင်ငံရဲ့ထိပ်တန်းစာရင်းဝင်မင်းသမီးချော Zhao Liying ကတော့ အနှောင်အဖွဲ့တွေကင်းစွာနဲ့ မြတ်နိုးရာအနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပါပြီ။ လွတ်လပ်တဲ့မိန်းမသားတစ်ယောက်ဖြစ်သွားတာကြောင့် နောက်ထပ်အချစ်ရေးတစ်ခုကို တည်ထောင်မလား,ဆိုတဲ့အတွေးတွေဟာ ပရိသတ်တွေနဲ့ သတင်းမီဒီယာတွေကြား ပြန့်နှံ့လို့နေပါတယ်။

သတင်းမီဒီယာတစ်ခုရဲ့ဖော်ပြချက်အရ တည်ငြိမ်အေးဆေးပြီး ကျက်သရေရှိသူလေး Zhao Liying ကို သ‌ူဌေ‌းချောတစ်ယောက်ဟာ စိတ်ဝင်စားမှုရှိနေပြီး များစွာအာရုံထားဂရုစိုက်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။ အနုပညာရှင်တွေရဲ့သတင်းကို စုံစမ်းတင်ပြလေ့ရှိတဲ့သတင်းဌာနတစ်ခုဟာ Zhao Liying ရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး အကြောင်းအရာတစ်ခုကို ဖော်ပြခဲ့ပါတယ်။

ဒါကတော့.. ငယ်ရွယ်ချောမောတဲ့ သူဌေးတစ်ယောက်ဟာ Zhao Liying ကို မြတ်နိုးမ‌ှုရှိနေပြီး Zhao ကိုကော သူမရဲ့သားလေးကိုပါ တာဝန်ယူပေးချင်စိတ်ရှိနေတယ်,လို့ သတင်းထွက်လာခဲ့တာပါ။  ဒီအကြောင်းကိုတော့ ပရိသတ်တော်တော်များများဆွေးနွေးခဲ့တဲ့သတင်းတစ်ခုဖြစ်ခဲ့ပြီး တချို့ကတော့ နောက်ထပ်အိမ်ထောင်သစ်တစ်ခုကို တည်ဆောက်ဖို့အားပေးနေကြပါတယ်။

ဒါပေမဲ့ ယောက်ျားလေးဖက်က တန်ဖိုးထားမှုတွေကို ပြသနေပေမဲ့လည်း Zhao Liying ကတော့ အေးဆေးတည်ငြိမ်စွာနဲ့ပဲ အချစ်သစ်တစ်ခုကိုတည်ဆောက်ဖို့စိတ်ကူးမရှိကြောင်းကို သွယ်ဝိုက်ပြီးပြောခဲ့ပါတယ်။ Zhao က “ကျွန်မအတွက် သစ္စာရှိတဲ့အရာတစ်ခုကိုပြောပါဆိုရင် သရုပ်ဆောင်ခြင်းကိုပဲ ဖော်ပြရပါလိမ့်မယ်” လို့ ပြောခဲ့ကာ သူမရဲ့သရုပ်ဆောင်ခြင်းကိုပဲ အာရုံစိုက်ထားကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Zhao Liying ဟာ သူမရဲ့အနုပညာအလုပ်တွေကို အကောင်းဆုံးလုပ်ကိုင်နေပြီး နေ့ရက်တိုင်းကိုတောက်ပစွာဖြတ်သန်းနေပါတယ်။ Fang Shaofeng နဲ့ ကွာရှင်းခြင်းကိစ္စတွေဟာ အလုံးစုံ ရှင်းရှင်းလင်းလင်းပြီးပြတ်ခြင်းမရှိသေးတာကြောင့် တခါတရံမှာတော့ အလုပ်များပြီးပင်ပန်းပုံပေါ်နေလေ့ရှိပါတယ်။

အဖက်ဖက်က များပြားလှတဲ့အလုပ်တွေကြားထဲကပဲ Zhao Liying ကတော့ သူမရဲ့သားလေးကို ဂရုစိုက်ဖို့လည်း မမေ့လျော့ခဲ့ပါဘူး။ Zhao Liying ကိုယ်တိုင်ကလည်း စိတ်ဓာတ်မာကြောပြီး ဆုံးဖြတ်ချက်ခိုင်မာတဲ့သူတစ်ယောက်ဖြစ်တာကြောင့် Zhao ဘာပဲလုပ်လုပ် သူမရဲ့ဆန္ဒကို အလေးထားရင်း အားပေးသွားရမှာပဲဖြစ်ပါတယ်။

Source: kenh14
Photos: ChinaDaily
Written: Julix

Advertisements
Share