၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း နာမည်အ​ကျော်ကြားဆုံး ဖြစ်​နေတဲ့ ​ယောကျ်ား​လေး K-Pop အဖွဲ့များ

Advertisements

ကိုရီးယားနိုင်ငံ စီးပွား​ရေးဆိုင်ရာ သုတေသနဌာနက ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း ကိုရီးယားမှာ နာမည်အ​ကျော်ကြားဆုံးဖြစ်​နေတဲ့ ​ယောကျာ်း​လေး K-Pop အဖွဲ့​တွေရဲ့ စာရင်းကို ထုတ်ပြန်​ကြေငြာလိုက်ပြီဖြစ်ပါတယ်။ အဆင့်​တွေကို ​ယောကျ်ား​လေးအဖွဲ့​​တွေရဲ့ ပရိသတ်​တွေရဲ့ မဲ​ပေးမှု၊ မီဒီယာတွင် ​ဖော်ပြခံရမှု စတဲ့အချက်​တွေ​ပေါ်မှာ မူတည်ပြီး သတ်မှတ်ထားတာဖြစ်ပါတယ်။ လိုအပ်တဲ့ အချက်အလက်​တွေကို​တော့ ဇွန်လ ၁၀ ရက်​နေ့က​နေ ဇူလိုင်လ ၁၀ ရက်​နေ့အထိ တစ်လတာ စစ်တမ်း​ကောက်ယူခဲ့တာဖြစ်ပါတယ်။

ဒီလအတွက် ထိပ်ဆုံးမှာရပ်တည်​နေတာက​တော့ BTS အဖွဲ့ဖြစ်ပြီး ဒီလို ပထမ​နေရာမှာ ရပ်တည်​နေတာဟ္ဆိုရင် ၃၈ လ​ရှိပြီဖြစ်ပါတယ်။ ဇူလိုင်လအတွက်​တော့ အမှတ်​ပေါင်း 14,995,148 ကို ရရှိထားပါတယ်။ BTS နဲ့ ပတ်သက်ပြီး ရှာ​ဖွေမှုအများဆုံး စကားလုံး​တွေက​တော့ “Billboard,” “Butter” နဲ့ “Hot 100” စတာ​တွေဖြစ်ပါတယ်။ ဒုတိယ​နေရာမှာ ရှိ​နေတာက​တော့SEVENTEEN အဖွဲ့ပါ။ အမှတ်​ပေါင်း 4,220,613 ကို ရရှိပြီး ယခင်လကထက်စာရင် 17.53 % တိုးတက်လာခဲ့ပါတယ်။ ယခုလအတွက် တတိယ​နေရာမှာ ​နေရာယူလာတာ​က​တော့ 2PM ဖြစ်ပြီး အမှတ်​ပေါင်း 3,557,369 ကို ရရှိထားပါတယ်။ ဒါဟာ ဇွန်လထက်စာရင် 243.44 % တိုးတက်လာတာဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်း နာမည်အ​ကျော်ကြားဆုံး ဖြစ်​နေတဲ့ ​ယောကျ်ား​လေး K-Pop အဖွဲ့ ၁၀ ဖွဲ့က​တော့ ​အောက်ပါအတိုင်းဖြစ်ပါတယ်။

1. BTS

2. SEVENTEEN

3. 2PM

4. EXO

5. NCT

6. SF9

7. Stray Kids

8. MONSTA X

9. SHINee

10. TXT

Source : Allkpop
Photo : Facebook
Written : ZL

Advertisements
Share