ညွှန်ကြားရေးမှူး Koo Chang-Hwan ထုတ်ပြန်လိုက်တဲ့ July လအတွက် Female Brand Reputation Rank

Advertisements

Kpop လောကသားများကြားမှာ ဂုဏ်သတင်းကြီးမားတဲ့ The Korean Business Research Institute ကထုတ်ပြန်တဲ့ ဂျူလိုင်လအတွက် Brand Reputation အဆင့်သတ်မှတ်ချက်များကတော့ အံ့သြဖွယ်ထွက်ပေါ်လာခဲ့ပါပြီ။ The Korean Business Research Institute မှ ညွှန်ကြားရေးမှူး Koo Chang-Hwan ဒီအဆင့်သတ်မှတ်ချက်တွေကိုဆုံးဖြတ်တဲ့နေရာမှာ လူထုရဲ့စိတ်ဝင်စားမှု၊ မီဒီယာမှာပါဝင်နှုန်း၊ လူထုအပေါ်အကျိုးသက်ရောက်မှုစတာတွေကိုကြည့်ပြီ Female Kpop Groups တွေရဲ့ Brand Reputation Rank တွေကိုဆုံးဖြတ်ထားတာဖြစ်ပါတယ်လို့ ပြောပြခဲ့ပါတယ်။

ဒီထဲမှာ အဖွဲ့သစ်ဖြစ်တဲ့ aespa အဖွဲ့ကတော့ ထူးထူးခြားခြားပဲ ၂ လဆက်တိုက် ထိပ်ဆုံးမှာရပ်တည်နိုင်ခဲ့တာကို ပရိတ်သတ်တွေအံ့သြဖွယ်တွေ့မြင့်ခဲ့ရပါတယ်။ ယခုလမှာလည်း aespa အဖွဲ့ဟာ လေ့လာဆန်းစစ်မှုရလဒ်များအရ (+81.93%) ဖြင့် မိန်းကလေး Kpop Groups များကြားမှာ ထိပ်ဆုံးက ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒုတိယနေရာကိုတော့ Brave Girls အဖွဲ့က သိမ်းပိုက်ထားပြီး မြန်မာပရိတ်သတ်တွေကြားမှာ နာမည်အကြီးဆုံးဖြစ်တဲ့ BLACKPINK အဖွဲ့နှင့် TWICE အဖွဲ့ကတော့ တတိယနေရာနဲ့ စတုတ္ထနေရာကို အသီးသီးရရှိခဲ့ပါတယ်။ နံပါတ် (၅) နေရာမှာတော့ Girls ‘Generation အဖွဲ့က တည်တည်ငြိမ်ငြိမ်နဲ့ရပ်တည်နိုင်ခဲ့တာဖြစ်ပြီး ဂျူလိုင်လရဲ့ ထိပ်ဆုံး Female Kpop Groups ၁၀ ဖွဲ့ကိုတော့ အောက်မှာဖော်ပြပေးထားပါတယ်နော်။

1. aespa

aespa (Karina, Winter, Giselle, Ningning) ၏ကုန်အမှတ်တံဆိပ်ပေါ် ဂုဏ်သတင်းကျော်ကြားမှု စုစုပေါင်းညွှန်းကိန်း ၃၅၅၃၅၅၁ ဖြစ်ပြီး ပါဝင်မှုအညွှန်းကိန်း ၉၇၅၀၅၂၊ မီဒီယာအညွှန်းကိန်း ၆၂၇,၀၆၄၊ ဆက်သွယ်ရေးညွှန်းကိန်း ၉၅၁,၆၆၀ နှင့် လူမှုစာမျက်နှာတွင် စိတ်ဝင်စားခြင်းခံရမှု အညွှန်းကိန်း ၉၉၉၇၇၄ ရှိပါတယ်။ ဇွန်လတွင်အမှတ်တံဆိပ်၏ဂုဏ်သိက္ခာအညွှန်းကိန်း ၄၇၀,၁၀၂ နှင့်နှိုင်းယှဉ်လျှင် ၆၅၅.၉၁% တိုးတက်ခဲ့ပါတယ်။

2. Brave Girls

Brave Girls (Eunji, Yoojung, Minyoung, Yuna) ၏ကုန်အမှတ်တံဆိပ်ပေါ် ဂုဏ်သတင်းကျော်ကြားမှု စုစုပေါင်းညွှန်းကိန်း ၃၂၉၉၂၃၇ ဖြစ်ပြီး ပါဝင်မှုအညွှန်းကိန်း ၃၆၈,၄၉၂၊ မီဒီယာအညွှန်းကိန်း ၅၀၃,၉၇၄၊ ဆက်သွယ်ရေးအညွှန်းကိန်း ၁,၂၁၅,၆၅၅ နှင့် လူမှုစာမျက်နှာတွင် စိတ်ဝင်စားခြင်းခံရမှု အညွှန်းကိန်း ၁၂၁၁၁၁၆ ရှိပါတယ်။ ဇွန်လတွင်ကုန်အမှတ်တံဆိပ်၏ကျော်ကြားမှုအညွှန်းကိန်း ၃,၇၁၁,၅၆၂ နှင့်နှိုင်းယှဉ်လျှင် ၁၁.၁၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

3. BLACKPINK

BLACKPINK (Jisoo, Jenny, Rosé, Lisa) ၏ကုန်အမှတ်တံဆိပ်ပေါ် ဂုဏ်သတင်းကျော်ကြားမှု စုစုပေါင်းညွှန်းကိန်း ၁,၉၉၈,၅၉၃ နှင့် ပါ ၀ င်မှုအညွှန်းကိန်း ၂၄၆,၉၀၈၊ မီဒီယာအညွှန်းကိန်း ၈၆၆,၂၇၈၊ ဆက်သွယ်ရေးအညွှန်းကိန်း ၄၆၀,၂၉၃ နှင့်လူမှုစာမျက်နှာတွင် စိတ်ဝင်စားခြင်းခံရမှု အညွှန်းကိန်း ၄၂၅,၁၁၄ တို့ဖြင့်ဆန်းစစ်ခဲ့ တွေ့ရှိခဲ့ပါတယ်။ ဇွန်လတွင်အမှတ်တံဆိပ်၏ဂုဏ်သိက္ခာအညွှန်းကိန်း ၃,၅၂၁,၉၉၃ နှင့်နှိုင်းယှဉ်လျှင် ၄၃.၂၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါတယ်။

4. TWICE

TWICE (Jihyo၊ Nayeon, Jeongyeon, Momo, Sana, Mina, Dahyun, Chaeyoung, Tzuyu) ၏ကုန်အမှတ်တံဆိပ်ပေါ် ဂုဏ်သတင်းကျော်ကြားမှု စုစုပေါင်းညွှန်းကိန် ၂,၉၅၀,၁၂၇၊ ပါဝင်မှုအညွှန်းကိန်း ၂၉၅,၇၃၂၊ အညွှန်းကိန်း ၇၆၆,၃၀၇ နှင့် လူမှုစာမျက်နှာတွင် စိတ်ဝင်စားခြင်းခံရမှု အညွှန်းကိန်း ၁,၁၆၈,၁၂၆ ရှိပါတယ်။ ဇွန်လတွင်ကုန်အမှတ်တံဆိပ်၏အညွှန်းကိန်း ၁,၈၈၂,၇၆၆ နှင့်နှိုင်းယှဉ်လျှင် ၅၆.၆၉% တိုးတက်ခဲ့ပါတယ်။

5. Girls ‘Generation

Girls ‘Generation (Taeyeon, Sunny, Tiffany, Hyoyeon, Yuri, Sooyoung, Yoona, Seohyun) ၏ကုန်အမှတ်တံဆိပ်ပေါ် ဂုဏ်သတင်းကျော်ကြားမှု စုစုပေါင်းညွှန်းကိန်း ၂,၉၁၄,၇၆၃ နှပါဝင်မှုအညွှန်းကိန် ၄၈၆,၅၄၀၊ ဆက်သွယ်ရေးညွှန်းကိန်း (၁,၁၀၆,၅၂၀)၊ လူမှုစာမျက်နှာတွင် စိတ်ဝင်စားခြင်းခံရမှု အညွှန်းကိန်း ၆၀၁,၇၄၁ ပါဝင်မှုရှိခဲ့ပါတယ်။ ဇွန်လတွင် ရရှိခဲ့သော ညွှန်းကိန်း (၁,၉၂၀,၃၃၈) နှင့်နှိုင်းယှဉ်လျှင် ၅၁.၇၈% တိုးတက်ခဲ့ပါတယ်။

  • 6. Red Velvet

  • 7. ITZY

  • 8. Oh My Girl

  • 9. APRIL

  • 10. MAMAMOO

Source: Naver
Photo: Naver

 

 

 

 

Advertisements
Share